NEWS

ဧရာဝတီတိုင်းက အထည်ချုပ်လုပ်ငန်းတွေမှာ ၁၉၅၁ခု နှစ်၊ ခွင့်ရက်နဲ့အလုပ်ပိတ်ရက် ဥပဒေပါအခွင့်အရေးများမရရှိတော့

CoverLogo
1.7K Views

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းပဒေအရ အလုပ်သမားတစ်ယောက်သည် တပတ်အလုပ်လုပ်ကိုင်ပြီးပါက အနည်းဆုံး တစ်ရက်ကို အခကြေးငွေ သို့မဟုတ် အခြေခံလစာဖြင့်ခွင့်ခံစားခွင့်၊ အလုပ်စတင် ဝင်ရောက်သည်မှ နှစ်လပြည့်တိုင်း ရှောင်တခင်ခွင့်ရက် ၁ ရက်နှုန်း ၊ အများပြည်သူအလုပ်ပိတ်ရက်များ၊  လုပ်သက် ၁ နှစ်ပြည့်ပြီးပါက လုပ်သက်ခွင့် ၁၀ ရက်ခံစားခွင့် ၊ လူမှု ဖူလုံရေးကြေးထည့်ဝင်ထားပါက အကျိုးခံစားခွင့် စတာတွေရရှိရမှာဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားတစ်ယောက်ကို အလုပ်ပိတ်ရက် တရက်မရဘဲ ၁၀ ရက်အဆက်မပြတ်ခိုင်းစေနိုင်မည့် ရက်စားပေးခြင်းကိုလည်း ပြုလုပ်ခွင့်မရှိဘူးလို့ ဥပဒေမှာဖော်ပြထားပါတယ်။ အလုပ်သင်ကာလ အစမ်းခန့်ကာလတို့မှာလည်း ရှောင်တခင်ခွင့် ဆေးလက်မှတ်ခွင့်နဲ့မီးဖွားခွင့်တွေခံစားခွင့်ရရှိရမှာဖြစ်တယ်လို့ သိရပါတယ်။

“၂ လမပြည့်ဘဲ ရှောင်တခင် ခွင့်ယူရင် ဝမ်တိမ်ထိုးရမယ်လို့ အလုပ်သမားတွေကို ကြိုပြောထားတာမရှိဘဲ အလုပ်သမားက ရက်ပျက်တယ်ဆိုရင် အလုပ်ပြန်ဆင်းတဲ့အခါ ဝမ်တိမ်ထိုးရတာတွေရှိတယ် အလုပ်သမားဒါကို ဝမ်တိမ်ထိုးရမယ်ဆိုတာသိထားရင် မပျက်ချင်မပျက်ဘူး အလုပ်သမားက ဥပဒေကိုမသိတဲ့အခါမှာ ဝမ်တိမ်ထိုးရမှာကိုမသိ လိုက်တာတွေမျိုးတွေရှိတယ်”လို့ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် မရရှိတာတွေအပေါ်  အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်သက် နှစ်လမပြည့်ဘဲ ရှောင်တခင်ခွင့်မရကြောင်းအလုပ်စတင် ဝင်ရောက်သည့် အချိန် တွင် အလုပ်ရှင်မှ အလုပ်သမားကို ရှင်းပြတာမျိုးမရှိသည့်အတွက် ဥပဒေမသိဘဲ ရှောင်တခင်ခွင့်ယူမိသည့်အလုပ်သမားကို အလုပ်ရှင်က ဝမ်တိမ်ထိုးခိုင်းတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ  ၁၉၅၁ခု နှစ်၊ ခွင့်ရက်နဲ့အလုပ်ပိတ်ရက် ဥပဒေပါ ရှောင်တခင်ခွင့်ရက်များကို  နှစ်လတစ်ရက် ခံစားခွင့်ပေးပြီး  နှစ်လမပြည့်ဘဲ ရှောင်တခင်ခွင့်ယူပါက ကြိုတင်အသိပေးတာမရှိဘဲ ဝမ်တိန်ထိုးရတာတွေရှိနေတယ်ပြီး လို့ အလုပ်သမားတွေက ပြောပါတယ်။

"ဆေးလက်မှတ်ခွင့်တွေကိုလဲ သက်ဆိုင်ရာ ဆမ ရပြီးသားဆရာဝန်တစ်ယောက်ရဲ့လက်မှတ်ပါနေတာတောင်မှခွင့်မပေးဘဲ လစာငွေတွေဖြတ်တောက်တယ် အလုပ်တွေထုတ်လာတွေတွေရှိနေပါတယ်။လုပ်သက်ခွင့်တွေကိုလည်း အလုပ်သမား တွေနဲ့မညှိ့နှိုင်းဘဲနဲ့ အလုပ်သမားတွေရဲ့သဘောဆန္ဒမပါပဲ ခွင့်ပေးချင်တဲ့သူတွေကိုပေးတယ်၊ လစာငွေပဲပေးချင်တဲ့သူတွေကိုပေးတာတွေရှိနေပါတယ်"လို့ ပုသိမ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံမှာလုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်သားတစ်ဦးကပြောပါတယ်။

"အလုပ်သမား ဥပဒေနားမလည်တဲ့အပေါ် အခွင့်ကောင်းယူတာ နိုင်ငံရေးအခြေအနေကြောင့် ဥပဒေစိုးမိုးမှု မရှိဘူး ဒါကြောင့် အလုပ်သမားတွေက ခံစားပိုင်ခွင့်အမျိုးမျိုး ချိုးဖောက်ခံနေရတာ"လို့ အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးက ခွင့်ခံစားခွင့်တွေနဲ့ပတ်သက်လို့ သုံးသပ်ပြောဆိုပါတယ်။  

အာဏာသိမ်း ကာလ တနှစ်ကျော် နှစ်နှစ် နီးပါး ကြာမြင့်လာသလို ကြားကာလအတွင်းမှာ ဧရာဝတီတိုင်းက စက်မှု့ဇုန်အတွင်းမှာ   စက်ရုံနှင့် အလုပ်သမားများကြား  ညှိနှိုင်းဖြေရှင်းရေးယန္တရား တွင် ဖြေရှင်းဆောင်ရွက်ပေးနေသော ဌာနဆိုင်ရာများလည်း အဆိုပါ အလုပ်သမားအခွင့်အရေးတွေအတွက် ညှိနှိုင်းပေးနိုင်ခြင်းမရှိတော့ဘူးလို့ဆိုပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား အခွင့်အရေးချိုးဖောက်မှုတွေ မတရားမှုတွေ ကျူးလွန်တဲ့အခါ ဉပဒေမှာပါရှိတဲ့ အတိုင်း အရေးယူရမယ့် ကိစ္စရပ်မျိုးတွေမှာ ဖွင့်လှစ်ထားတဲ့ ဌာနဆိုင်ရာတွေက ခေါင်းရှောင်တာတွေပြုလုပ်တာကြောင့် အလုပ်သမားတွေအနေနဲ့ ယင်းဌာနတွေအပေါ်မှာလည်း အယုံအကြည်ကင်းမဲ့လာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပုသိမ်မြို့ ကင်မလင်းကျွန်းစက်မှုဇုံတွင်စက်ရုံ (၈)ရုံ   ၊  ပုသိမ်မြို့ တဲကြီးကုန်းတွင် စက်ရုံ(၁)ရုံ ၊ ပုသိမ် စက်မှုမြို့တော်တွင် စက်ရုံ (၂)ရုံ စုစုပေါင်း( ၁၁)ရုံရှိပြီး ၄င်းစက်ရုံများရှိအလုပ်သမားများသည် ၁၉၅၁ခု နှစ်၊ ခွင့်ရက်နဲ့အလုပ်ပိတ်ရက် ဥပဒေပါ အခွင့်အရေးများကို ဆုံရှုံးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

MyanmarLabourNews

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026