NEWS

အွန်လိုင်း လောင်းကစားလုပ်ငန်း ပြုလုပ်သူများကို သိရှိပါက လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်တယ်လို့ စစ်ကော်မရှင် ထုတ်ပြန်

CoverLogo
310 Views
 
ပြည်သူတွေ အနေနဲ့ Online လောင်းကစားလုပ်ငန်း ပြုလုပ်သူများ ကို သိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေထံ လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်တယ်လို့ စစ်ကော်မရှင်က အောက်တိုဘာ၂၃ရက် မှာအသိပေး ထုတ်ပြန် ထားပါတယ်။
 
ယခုအောက်တိုဘာ ၁၄ ရက်ကနေ အောက်တိုဘာ၂၀ ရက်အထိ ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့အမျိုးသား၁၇ဦး ၊အမျိုးသမီး၁၀ဦး စုစုပေါင်း ၂၇ဦး ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့နဲ့အတူ လက်ကိုင်ဖုန်း ၄၉ လုံးလက်တော့ပ်၂လုံး၊Tablet ၂လုံး၊မော်တော်ယာဉ်၈စီး တို့ကို သိမ်းဆည်းရမိကာ ထိရောက်စွာအရေးယူဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးခံရသူ ၂၇ ယောက်ဟာ အွန်လိုင်း ဘောလုံးလောင်းကစားနဲ့ အခြားအွန်လိုင်းလောင်းကစားတွေမှာ Agent တွေအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး လုပ်ကိုင်ပုံအဆင့်ဆင့်ကိုလည်း ဖော်ထုတ်သိရှိထားကာ အမှုဖွင့်အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းမီဒီယာတွေကတစ်ဆင့် တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုဆိုင်ရာ Website တွေ၊ Social Media တွေကို စုံစမ်းဖော်ထုတ်ပြီး ဖျက်သိမ်းတာနဲ့ တရားစွဲဆိုတာတွေ ဆောင်ရွက်နေတယ်လို့စစ်ကော်မရှင်ရဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် အောက်တိုဘာ၂၃ရက်မှာ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ၂၇ဦး ကို ဖမ်းဆီးခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် ပြည်သူတွေ အနေနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းပြုလုပ်သူတွေကို သိရှိပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့တွေကို လျှို့ဝှက်စွာ သတင်းပေးပို့ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026