NEWS

အောက်တိုဘာ တတိယ တစ်ပတ်အတွင်း စက်သုံးဆီ၊ ရွှေ၊ ငွေ ဈေးနှုန်းများ စုစည်းမှု

CoverLogo
772 Views

ယခုတစ်ပတ်တာ အောက်တိုဘာ ၁၄ ရက်ကနေ ၂၀ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိုဘာ ၁၄ ရက်နေ့ကနေ  အောက်တိုဘာ ၂၀ ရက်အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ  ၉၂ တစ်လီတာလျှင်  ၃၁၀၀ ကျပ် ၉၅ တစ်လီတာ ၃၃၀၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၄၀ ကျပ်ဖြစ်ပြီး အဆိုပါစျေးအတိုင်း အောက်တိုဘာ ၁၇ ရက်အထိ ရှိနေခဲ့တာဖြစ်သလို အောက်တိုဘာ ၁၈ ရက်မှာတော့ အပတ်စဥ် သောကြာနေ့တိုင်း ပြင်ဆင်သတ်မှတ်နှုန်းထားဟာလည်း ယခင်နှုန်းထားအတိုင်းပြန်လည်သတ်မှတ်ထားတာဖြစ်ပါတယ်။

စက်သုံးဆီစျေးနှုန်းဟာ အပတ်စဥ် သောကြာနေ့တိုင်းမှာ ဈေးနှုန်း ပြောင်းလဲမှုရှိနေတာပဲဖြစ်ပါတယ်။ စက်သုံးဆီ ပြင်ပပေါက်ဈေးမှာတော့  ၉၂ တစ်လီတာ ၃၈၀၀ ကျပ်မှ  ၄၀၀၀ကျပ် ဖြစ်တယ်လို့သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ အောက်တိုဘာ ၁၄ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၄၈ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက် ရွှေပေါက်ဈေးဟာ ကျပ် ၅၄ သိန်း၂သောင်းကျော် ရှိပြီး  အဆိုပါစျေးနှုန်းအတိုင်း   အောက်တိုဘာ ၂၀ရက်အထိ စျေးနှုန်းမပြောင်းလဲပဲ သတ်မှတ်ထားတာတွေ့ရပါတယ်။  

ပြင်ပရွှေဈေးကွက်မှာတော့ အောက်တိုဘာ ၁၄ ရက်နေ့ရဲ့  ပြင်ပအခေါက်ရွှေစျေးနှုန်းတွေဟာ  ၆၂ သိန်းငါးသောင်း
ကျပ်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာ  ပြည်တွင်းအခေါက်ရွှေဈေး ၆၁ သိန်းငါးသောင်းဖြစ်ကာ အောက်တိုဘာ ၁၈ ရက်နေ့မှာ ၆၂ သိန်းငါးသောင်းဖြစ်ကာ  အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ရက်မှာတော့ ၆၃ သိန်းငါးသောင်း ဖြစ်ခဲ့ပါတယ်။

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ အောက်တိုဘာ ၁၄ ရက်နေ့ ပြင်ပပေါက်စျေးအရ တစ်ဒေါ်လာ ၄၅၅၀ ကျပ်ဖြစ်ပြီး တစ်ပတ်တာလုံး   အဆိုပါစျေးတန်းနဲ့သာ အောက်တိုဘာ၂၀ ရက်အထိ တစ်ဒေါ်လာ ကျပ် ၄၄၅၀ မှ ၄၅၅၀ ဝန်းကျင်နဲ့သာ စျေးတည်ငြိမ်နေတာဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်မှ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ၂၀ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၃၅၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။ 

ရည်ညွှန်းစျေးအနည်းငယ်ကျဆင်းလာပြီး သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဥ်ထားပေမဲ့လည်း 
စားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၁၀၀၀  ကျပ်ကနေ  ၁၂၀၀၀ အထိ အမြင့်စျေးမှာသာရှိနေတာပဲဖြစ်ပါတယ်။  စစ်ကောင်စီကလည်း  စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မဲ့  ရပ်ကျေးကနေတစ်ဆင့် စာအုပ်နဲ့ထုတ်ပေးသလို စားဆီကုန်သည်များကလည်း ဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့်ရောင်းချပေးနေတာတွေပြုလုပ်နေတာဖြစ်ပါတယ်။

ယခုတပတ်တာ ကုန်ဈေးနှုန်းတွေကိုတော့ ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၅-၁၂)
Oct 13, 2025
Cover
ဒေါ်လာဈေးအနည်းငယ်ပြန်တက်၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းအတက်ဈေးနဲ့ပဲရှိနေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Oct 10, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (စက်တင်ဘာ ၃၀-အောက်တိုဘာ ၄)
Oct 05, 2025
Cover
ဒေါ်လာဈေး ငွေကျပ် ၃၀၀၀ နားအထိ စံချိန်တင်ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းတွေကမကျသေး
Oct 03, 2025
Cover
ရွှေနဲ့ဒေါ်လာဈေးတွေ အနည်းငယ်ကျဆင်းလာကာ စက်သုံးဆီဈေးပြန်တက်လာ
Sep 26, 2025
Cover
ထိုက်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်ဖို့ကြိုးစားနေ တယ်လို့ စစ်ကော်မရှင်က ပြောနေပေမယ့် ရွှေဈေးထပ်တက်၊ စားကုန်ဈေးကြီး၊ ဒေါ်လာဈေးငြိမ်
Sep 21, 2025
Cover
ရွှေဈေးဆက်တက်ကာ ကုန်ပစ္စည်းများလည်းရှားပါးနေဆဲ
Sep 12, 2025
Cover
ရွှေဈေး ပြန်တက်၊ ဒေါ်လာဈေးကျ၊ စက်သုံဆီဈေးမတည်ငြိမ်
Sep 05, 2025