NEWS

အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
516 Views

Myanmar Labour News မှာ စက်တင်ဘာလ (၃၀) ရက်ကနေ အောက်တိုဘာလ (၆) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်တွင်းဦ ပြည်ပ အလုပ်အကိုင်နဲ့ ဒေသတွင်း သတင်းတွေကို အနှစ်ချုပ် ဖော်ပြပေးထားပါတယ်။
ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ပြည်တွင်းပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ဖြစ်ပါတယ်။

စက်တင်ဘာလ  (၃၀)
-------------------------------
-ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုတ်သုံလေအရှိန်ကြောင့် ရန်ကုန်အပါဝင် မြန်မာနိုင်ငံ ဒေသတစ်ချို့မှာ မိုးရွာသွန်းကာ လျှပ်စီးလက်၊ မိုးသီးကြွေတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

-လာအို ဗီရန်ဂျင်း (၃) ကန်နေမြေမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်  BEST Garment (LAOS) Co.,ltd မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို အထည်စံချိန်မပြည့်ရင် ပါးရိုက်မယ်၊ လစာမပေးဘူးလို့ ခြိမ်းခြောက်ခိုင်းစေခံနေရပါတယ်။

-ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ Bohua Fashion စက်ရုံက အလုပ်သမား (၄၀၀) ကျော် အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်။

-MYANMAR SINYOUNG FASHION မှာ အချိန်ပိုတွေ အလွန်အကျွံခေါ်ယူနေတာကို အလုပ်သမားဝန်ကြီးဌာနက ဟန်ပြစစ်ဆေးတာသာ လုပ်ဆောင်တာကြောင့် အလုပ်ရှင်ဘက်က ဥပဒေချိုးဖောက်တာတွေ ပိုမိုလုပ်ဆောင်လာပါတယ်။
 
-ETERNAL FASHION CO.,LTD မှာ ကျန်းမာရေးထိခိုက်တဲ့အထိ အချိန်ပိုခေါ်ယူတာတွေကြောင့် မတော်တဆသေဆုံးမှုတွေပါ ဖြစ်ပေါ်နေပါတယ်။

-လှိုင်သာယာမြို့နယ် အလုပ်သမားရုံးမှာ အလုပ်သမားသမားတွေရဲ့ တိုင်ကြားမှုတွေကို ဖြေရှင်းမပေးတာတွေ များလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အောက်တိုဘာလ (၁) ရက်
----------------------

-မီးဖိုချောင်သုံး (LPG) ဂတ်စ်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပြီး ဂတ်စ်တစ်ပိဿာကို ကျပ်(၉၀၀၀)၊ ဘူးသေး တစ်ဘူးကိုလည်း ကျပ် (၁၅၀၀) နှုန်းနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ အရင်ကတော့ ဂတ်စ်တစ်ပိဿာကို ကျပ်တစ်သောင်းအထက်ပေးဝယ်ရတာပါ။

-စက်တင်ဘာလ  (၃၀) ရက်မှာ ပြုလုပ်ခဲ့တဲ့  (၃၃) ကြိမ်မြောက် ရုံးချိန်းမှာ Pepsi အချိုရည်စက်ရုံ တာဝန်ရှိသူများ၏ စွဲဆိုချက်များကို နစ်နာသူအလုပ်သမားက ပြန်လည်ချေပခဲ့ပါတယ်။ လက်ရှိမှာ Pepsi အချိုရည်စက်ရုံမှာ တစ်ဖက်သတ်အလုပ်ထုတ်တဲ့ ဖြစ်စဉ်ကြောင့် နစ်နာသူအလုပ်သမားက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

-ကိုရီးယားနိုင်ငံသားပိုင် Myanmar Zhi Xin Garment Co.,ltd မှာ အလုပ်သမားဉပဒေကို ဖောက်ဖျက်မှုများ လုပ်ဆောင်နေပေမယ့် နစ်နာမှုတွေကို အလုပ်သမားက တိုင်ကြားမယ်ဆိုရင် စက်ရုံဘက်က တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

-(၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို  မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂ (UN)မှာ ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရေးနဲ့ အထွေထွေညီလာခံကြီးမှာ ကိုယ်စားလှယ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် အခြေအနေများကို တိုက်ရိုက် ဆွေးနွေးထုတ်လွှင့်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုတိုက်ရိုက်ထုတ်လွှင့်မှုကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ရဲ့ လုပ်ငန်းကော်မတီ (NUCC 2024 UNGA Campaign Task Force)က ဦးဆောင်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အောက်တိုဘာလ (၂) ရက်
------------------------
-ရွှေပြည်သာမြို့နယ်တွင်းမှ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ဆိုင်ကယ်စီးဉီးထုပ် မဆောင်းပါက စစ်တပ်က ဖားဖုန်၊ ဒိုက်ထိုး စတာတွေ လုပ်ဆောင်ခိုင်းနေတယ်လို့ ကယ်ရီသမားတွေက ပြောပါတယ်။

-လှိုင်သာယာမြို့နယ်။ တွင်းအသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ He MeT Company Limited မှာ စစ်တပ်က အမျိုးသားအလုပ်သမားစာရင်း လာရောက်ကောက်ယူခဲ့ပါတယ်။ 

အောက်တိုဘာလ (၃) ရက်
------------------
-စစ်ကောင်စီက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေတဲ့အပေါ် ပြည်သူတွေအနေနဲ့ စိတ်ပူပန်တာတွေ ရှိနေပါတယ်။ စစ်မှုထမ်းဉပဒေကို အတည်ပြု ကျင့်သုံးပြီး သိပ်မကြာခင်မှာ လူဦးရေစာရင်း လည်း ကောက်ယူတာကြောင့် စိုးရိမ်သောကရောက်နေရတာပဲ ဖြစ်ပါတယ်။

-ဒေါ်လာဈေး ကျပ်(၅၀၀၀) အောက်ထိ ကျဆင်းလာပေမယ့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းလာမှု မရှိသေးတာကို ဈေးကွက်တွင်းက စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ (၄) ရက်
-------------------------------
-Myanmar Jiale Fashion စက်ရုံအလုပ်သမားတွေ ဖြတ်တောက်ခံရတဲ့ ငွေတွေကို စက်တင်ဘာလ (၆) ရက်နေ့ နောက်ဆုံးထားပြီး စက်ရုံဘက်မှာ ပြန်လည်ပေးချေဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ဒါပေမယ့် အောက်တိုဘာလထိ စက်ရုံဘက်က ပြန်လည်ပေးချေမှု မရှိသေးပါဘူး။

-ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ မြတောင်ဝန်ကြီးဦးမှိုလမ်း စက်မှုဇုန် (၃) မှာ ဖွင့်လှစ်ထားတဲ့ Golden Colour Fashion မှာ စက်ရုံအလုပ်သမားတွေကို လုပ်အားခတိုးပေးမယ်ဆိုပြီး လုပ်အားလိမ်လည် ခိုင်းစေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

-တရုတ်နိုင်ငံသားပိုင် Sunrise Myanmar Fashion အထည်ချုပ်စက်ရုံက လုပ်သက် (၃) လပြည့်ပြီးတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ ဉပဒေအညီ အလုပ်ခန့်ထားပေးဖို့ လိုလားနေပါတယ်။

အောက်တိုဘာလ (၅) ရက်
------------------------
-Myanmar York အထည်ချုပ်စက်ရုံ အလုပ်သာမးတွေကို လုပ်ခလစာနဲ့ ကိုက်ညီဖို့ ရက်မှန်ကြေးတိုးပေးဖို့ တောင်းဆိုမှုတွေ  ရှိခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်တွင်းမှာ ခွဲခြားဆက်ဆံတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

-အောက်တိုဘာလထဲမှာ ရန်ကုန်မြစ်အတွင်းမှာ ထူးကဲဒီရေတက်နိုင်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်သတိပေးထားပါတယ်။
Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
#myanmarlabournewsအေ


Related posts

Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026