NEWS

အောက်တိုဘာလ ပထမ တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှုများ

CoverLogo
88 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့ စက်တင်ဘာ ၃၀ရက်ကနေ အောက်တိုဘာ၆ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ  အောက်တိုဘာ ၃ရက်အထ်ိ စက်သုံးဆီဈေးနှုန်းဟာစက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂တစ်လီတာလျှင် ၃၁၃၅ ကျပ်၊ ၉၅ တစ္လီတာ ၃၂၉၀ကျပ်၊ ရိုးရိုးဒီဇယ္တစ္လီတာ ၂၅၈၅ ကျပ်၊ ပရီမီယံဒီဇယ္တစ္လီတာ ၃၂၃၀ ကျပ်ဖြစ်ကာ အောက်တိုဘာ ၄ရက်နေ့မှာစက်သုံးစျေးနှုန်းဟာ  ၉၂တစ်လီတာလျှင် ၂၉၅၅ကျပ် ၉၅ တစ္လီတာ ၃၁၅၀ကျပ်၊ ရိုးရိုးဒီဇယ္တစ္လီတာ ၂၅၇၀ ကျပ်၊ ပရီမီယံဒီဇယ္တစ္လီတာ ၃၁၉၀ ကျပ်ဖြစ်ပြီး အဆိုပါစျေးအတိုင်း အောက်တိုဘာ ၆ရက်အထိ ရှိနေခဲ့တာဖြစ်သလို အပတ်စဥ် သောကြာနေ့တိုင်းမှာ စက်သုံးဆီ​ပြောင်းလဲမှုရှိနေတာပဲဖြစ်ပါတယ်။

စက်သုံးဆီ ပြင်ပပေါက်ဈေးမှာတော့  92 တစ်လီတာ ၃၈၀၀ကျပ်မှ  ၄၀၀၀ကျပ် ဖြစ်တယ်လို့သိရပါတယ်။ 
တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  စက်တင်ဘာ၃၀ရက်နေ့ရဲ့ကမ်ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၆၇ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ ကျပ်သိန်း၅၄သိန်းတစ်သောင်းကျော် ဖြစ်ခဲ့ပီး  အောက်တိုဘာ ၁ရက်နေ့မှာ ၅၃သိန်း​ခြောက်သောင်းကျော်ဖြစ်ကာ အောက်တိုဘာ  ၂ရက်မှာတော့ ၅၃သိန်း ရှစ်သောင်းကျော်ဖြစ်ခဲ့ပြီး အဆိုပါစျေးတန်းအတိုင်း အောက်တိုဘာ ၆ရက်နေ့အထ်ိ  စျေးငြိမ်နေခဲ့တာဖြစ်ပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့စက်တင်ဘာ၃၀ရက်နေ့ရဲဲ့ ပြင်ပအခေါက်ရွှေစျေးနှုန်းတွေဟာ  ၆၄သိန်းငါးသောင်းကျပ်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှာ  ပြည်တွင်းအခေါက်ရွှေဈေး ၆၃သိန်းဖြစ်လာပြီး အဆိုပါစျေးနှုန်းအတိုင်း  အောက်တိုဘာ ၃ရက်နေ့အထိစျေးငြိမ်နေခဲ့ပြီး အောက်တိုဘာ ၄ရက်နေ့မှာတော့   ၆၃သိန်းငါးသောင်းဖြစ်ကာ အဆိုပါစျေးအတိုင်း ဆက်လက်တည်ငြိမ်နေတာဖြစ်ပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာ ၅ရက်အထိ  ပြင်ပပေါက်စျေးအရ တစ်ဒေါ်လာ ၄၇၀၀ကျပ်ဖြစ်ပြီး  အောက်တိုဘာ ၆ ၄ရက်မှာတော့ တစ်ဒေါ်လာကျပ် ၄၆၈၀ ဖြစ်လာကာ ဆက်လက်၍  အကျဘက်ကိုအားသာနေတယ်လို့ခန့်မှန်းတာတွေရှိနေပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။    ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာအတိအလင်းပြသထားပေမဲ့ ၄၀၀၀ကျော်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ္ပတ္တာ ယခုတစ်ပတ် စက်တင်ဘာ၃၀ရက် အောက်တိုဘာ ၆ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၇၂၀ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။ 

ရည်ညွှန်း​စျေးအနည်းငယ်ကျဆင်းလာပြီး သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဥ်ထားပေမဲ့လည်း 
စားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၃၀၀၀  က်ပ္ကေန ၁၄၀၀၀အထ်ိ အမြင့်စျေးမှာသာရှိနေတာပဲဖြစ်ပါတယ်။  စစ်ကောင်စီကလည်း  စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မဲဲ့ ရပ်ကျေးကနေတစ်ဆင့် စာအုပ်တွေပြုလုပ်ပေးနေပေမဲ့ လူတိုင်းမရရှိတဲ့သတင်းတွေရှိနေပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲဆန်ကြမ်းတစ်ပြည် ၄၀၀၀ အထက်ဖြစ်ပြီး  ဆန်ချောတစ်ပြည် ၈၀၀၀ ဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  ဒါ့အပြင် ဆန်ကုန်သည်များအသင်းရဲ့ သတ်မှတ်ဆန်စျေးနှုန်းတွေအတိုင်း ရောင်းချပေးနိုင်တာလည်းမရှိသလို ရေဘေးသင့်အ​ခြေအနေအတွေကြောင့် ဆန်စျေးမြင့်တက်မှုအချို့ပါရှိနေတာလို့လည်း သိရပါတယ်။ 

ဟင်းသီးဟင်းရွက်အခြေခံစျေးနှုန်းတွေကတော့ ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၅၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၇၀၀၀ ကျပ်နဲ့အထက်   အာလူးတစ်ပိဿာ ၆၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ငြုပ်သီးစိမ်းနဲ့ နံနံပင်အနည်းဆုံး ၅၀၀ကျပ်ဖိုးဝယ်ယူရပြီး  ခဝဲသီးတစ်လုံး ၇၀၀ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။ 

ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပီး
မည်သည့်ငါးမဆိုအနည်းဆုံး ၃၅၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊  ဗူးရွက်တစ်စီး ၁၀၀၀၊ စူးပုတ်ရွက်တစ်စီး ၁၀၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀ကျပ်၊  ဘဲဥတစ္လုံး ၅၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  
ကြက်သားဈေးဟာလည်း အနည်းဆုံး ၆၅၀၀ ဖိုးဝယ်ယူနေရပြီး ဗမာကြက် တပိဿာ ၃၀၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် ကျပ်၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားမို့ ဝယ်ယူနိုင်ဖို့ခက်ခဲ​ေနတာဖြစ်ပါတယ်။

အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင်ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၀၀၀၀ ကျပ်ဖြစ်တာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၆၇၀၀အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၅၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး၁၅၀၀ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။
 
အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အရညအွသှေးနိမ့ပွဈစညွးတှကေွိုသာ ရွေးချယ်သုံးဆွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
လတ်တလောတစ်ပတ်တာကာလအတွင်းမှာတော့ ပြင်ပနိုင်ငံခြားငွေလဲစျေးနှုန်းတွေကျဆင်းလာပေမဲ့လည်း ကုန်စျေးနှူန်းတွေကကျဆင်းလာတာမရှိသလို အချို့သောကုန်စျေးနှုန်းတွေက ဆက်လက်မြင့်တက်လာနေတာကို စျေးကွက်အတွင်းမှ သိရပါတယ်။ 

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ကျပ်ဟာလည်း   ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီက အနိမ့်ဆုံးလုပ်ခလစာပြင်ဆင်သတ်မှတ်ခြင်းမရှိဘဲ ထောက်ပံ့ကြေးအဖြစ် ကျပ်၂၀၀၀ သာတိုးထားလို့  လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေအရ အလုပ်သမားတစ်ယောက်ရဲ့ လုပ္ခလစာဟာ တစ်နေ့၆၈၀၀ကျပ်နဲ့ လုံလောက်မရှိသေးလို့ ဒီလိုထောက်ပဲံ့ကြေးအဖြစ်တိုးပေးတာဟာ အလုပ်သမားတွေအတွက်တော့   အဖြေမဟုတ်ဘူးလို့ပြောဆိူနေကြပါတယ်။  

အောက်တိုဘာလ ပထမအပတ်ရဲ့ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
#myanmarlabournews


Related posts

Cover
အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 13, 2024
Cover
အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 13, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Oct 06, 2024
Cover
စက်တင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 29, 2024
Cover
စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 29, 2024
Cover
စက်တင်ဘာ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 22, 2024
Cover
စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 22, 2024
Cover
စက်တင်ဘာ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 15, 2024