NEWS

အုန်းသီးဈေးအဆမတန် မြင့်တက်လို့ မြန်မာမုန့်ရောင်းချသူတွေအခက်တွေ့

CoverLogo
861 Views
 
အုန်းသီး ထွက်ရှိတဲ့ ဒေသ အချို့မှာ တိုက်ပွဲ ဖြစ်ပွား နေတာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေတာ စတဲ့ အခြေအနေတွေကြောင့် ဈေးကွက်ထဲကို အုန်းသီး အဝင်နည်း ပြီး ဈေးမြင့်တက် လာတာကြောင့် မြန်မာမုန့် မျိုးစုံ ပြုလုပ်ရောင်းချသူတွေ အခက်တွေ့လာရတယ်လို့ သိရပါတယ်။
"အုန်းသီးက အရင်ကဆို တနင်္သာရီ တိုင်းဘက်ကလည်း အဝင်များတယ် အခု က အဲ့ဘက်ကလည်း တိုက်ပွဲ တွေ နဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေရှိနေတော့ ဧရာဝတီတိုင်း တစ်ခု ထဲက ထွက်တဲ့ အုန်းသီး ပဲ ဈေးကွက်ထဲ ဝင်တော့ ကုန်အဝင်နည်းတာနဲ့ ဈေးက အရင်ထက် အဆမတန်မြင့်သွားတယ်"လို့ ဧရာဝတီတိုင်းမှ အုန်းသီးအရောင်းဝယ်ပြုလုပ်သူ တစ်ဦးကပြောပါတယ်။
အုန်းသီးထွက်ရှိတဲ့ ဧရာဝတီ တိုင်း အတွင်း လက်ကားဈေးမှာ တင် တစ်လုံး ကို ၂၀၀၀ ကျပ် ဝန်းကျင်ရှိနေပြီး ရန်ကုန်ဈေးကွက် မှာ ၃၀၀၀ ကျပ် ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။
မြန်မာမုန့်အများစုမှာ အုန်းသီးက မပါမဖြစ် အစားအစာ တစ်မျိုးလည်းဖြစ်ပါတယ်။အခုလို အုန်းသီးဈေးတွေ ကြီး လာတဲ့ အတွက် မြန်မာမုန့်ရောင်းသူအချို့ မုန့် လုပ် ရောင်းချတာ တွေ ရပ်နားထားရတယ်လို့ဆိုပါတယ်။
"အုန်းသီးဈေး တွေကတက် တခြားသကြား၊ ထန်းလျက်ဈေးကလည်းတက်လာတယ် ပြန်ရောင်းတဲ့ အခါ ဈေးတအား များ ရင်လည်း မစားကြတော့ဘူး လုပ်ထားလို့ ရောင်းမကုန်ရင်လည်း အရင်းရှုံးမှာဆိုတော့ မုန့်ရောင်းတာ ခဏ ရပ်ထားရတယ် "လို့ ရန်ကုန်က မြန်မာမုန့်လုပ် ရောင်းသူ တစ်ဦးကပြောပါတယ်။
ဗုဒ္ဓဘာသာဝင် ဘုရားပွဲ၊ တရားပွဲ စသည်ဖြင့် ကန်တော့ပွဲ များ ပြင်ဆင်ရာမှာအုန်းသီးကိုအသီးတစ်မျိုးအနေဖြင့်သုံးကြသလို မိရိုးဖလာကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးပြုကြရတာဖြစ်ပါတယ်။ ယခုလို ဝါတွင်းကာလ မရောက် ခင်မှာ အချို့ ဒေသက ရိုးရာ နတ်ပူဇော်ကန်တော့ တာ တွေ ပြုလုပ်ရတဲ့ဓလေ့ရှိတဲ့ အတွက် အုန်းသီးဝယ်ယူရတာတွေ ရှိပြီး အခုလို အုန်းသီးဈေးတွေမြင့်လာတာကြောင့် အခက်ခဲ ဖြစ်စေတယ်လို့ ဆိုပါတယ်။
" ဦးရှင်ကြီး တင်ဖို့တောင် မလွယ်ဘူး အုန်းသီး တစ်လုံးကို ၃၀၀၀ ပေးရတယ် အညှာ နဲ့ အုန်းသီးဆို ၃၅၀၀ ပေးရတယ် ရိုးရာ အနေနဲ့ မလုပ်မဖြစ် မို့သာ လုပ်ရမှာ အုန်းသီးဈေး ငှက်ပျောသီးဈေးတွေ က မြင့်တော့ အချို့ လက်လုပ်လက်စားသမားတွေ ဆို မလုပ်နိုင်ကြတော့ဘူး"လို့ ရွှေပြည်သာမြို့နယ်ကဒေသခံတစ်ဦးကဆိုပါတယ်။
အုန်းသီးပင်က မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်း ပေါ်ဒေသများအပြင်၊ အောက်ပြည် အောက်ရွာများ၌ သာမက မြေလတ်နှင့် အညာဒေသမှာလည်း ပေါက်ရောက်ပေမဲ့ အုန်းပင်ရှားပါးလာတာကလည်း ဈေးမြင့်တက်လာစေတဲ့ အကြောင်းအရင်းတခုဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ နှစ်က အုန်းသီး အခွံချွတ် တစ်လုံး ကို ဧရာဝတီတိုင်း အတွင်း လက်ကားဈေးမှာ ၆၀၀ ကျပ် မှ ၇၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ ပြီး ငါးနှစ်ကာလ အတွင်း မှာ အုန်းသီးဈေးစံချိန် တင် မြင့်တတ်လာတယ်လို့ အုန်းသီး အရောင်းဝယ်ပြုလုပ်သူတွေ ထံ က သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026