NEWS

အိမ်သုံးဂတ်စ် တပိဿာ ၂၀၀၀ ကျပ်ခန့်ကျဆင်းလာပြီး အရောင်းအဝယ်အေးနေ

CoverLogo
531 Views

ပြီးခဲ့တဲ့သြဂုတ်ထဲမှာတော့ဂတ်ဘူးသေးတစ်ဘူးကိုကျပ် ၂၀၀၀ နဲ့ဂတ်စ်တစ်ပိဿာကိုကျပ် ၁၃၀၀၀ အထိ စံချိန်တင် ပေါက်ဈေးရှိခဲ့ပါတယ်။ လက်ရှိမှာဂတ်စ်ဘူးသေးတစ်ဘူးကိုကျပ်(၁၇၀၀)နဲ့တစ်ပိဿာကိုကျပ်(၁၁၀၀၀)ထိ‌ ဈေးနှုန်းပြန်လည်ကျဆင်းလာတာပဲဖြစ်ပါတယ်။

အိမ်သုံးဂတ်စ်(LPG)ဈေးနှုန်းတွေပြန်လည်ကျဆင်းလာပေမယ့် ဈေးကွက်တွင်းမှာအရောင်းအဝယ်အေးနေတယ်လို့ဂတ်စ်အရောင်းဆိုင်ဖွင့်လှစ်ထားသူတွေကပြောပါတယ်။

"အရောင်းအဝယ်ကပါးတယ်။အိမ်တွေက အဝင်၊ အထွက်မမျှ‌တဲ့အခါကျတော့အရင်လိုဘာကိုမှပေါပေါသီသီမသုံးတော့ဘူး။အရင်ကဆိုအမတို့ဆိုင်မှာစက်ရုံအလုပ်သမားတွေအဝယ်များတယ်။စက်ရုံကပြန်မှဟင်းတစ်အိုးလောက်အမြန်ချက်ကြတာဆိုတော့သုံးကြတယ်။အခုတော့အဝယ်မရှိသလောက်ဖြစ်သွားတယ်"လို့အဆောင်လိုင်းခန်းတွေနားမှာဂတ်စ်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။

ဂတ်စ်ဈေးနှုန်းဟာစက်တင်ဘာ လအစမှာပြန်လည်ကျဆင်းလာတာဖြစ်ပြီးလက်ရှိမှာတော့ ဂတ်စ်အရည်လုံလောက်အောင်ဝယ်ယူနိုင်တဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။ ဒီလိုဈေးနှုန်းတွေပြန်လည်ကျဆင်းလာတယ်ဆိုပေမယ့်ကုမ္ပဏီစျးဟာကျပ်နှစ်သိန်းခွဲအထက်ပေါက်ဈေးရှိနေတာကြောင့်ဈေးနှုန်းအမြင့်ပိုင်းမှာပဲဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။

"အရောင်းအဝယ်ကတော့ထိန်းနေရတာပါပဲ။ဒီကြားထဲဆိုင်တချို့လည်းပိတ်သွားတယ်။ငှားခအလုပ်သမားခတွေ၊အခွန်အခတွေနဲ့ဒီကာလမှာရေရှည်ရပ်တည်ဖို့ကျအခက်အခဲရှိတယ်လေ။ဈေးလေးတွေလည်းဒီထက်ထပ်ကျလာရင်တော့ပိုအဆင်ပြေမယ်ထင်တယ်"လို့ဂတ်စ်မီးဖိုနဲ့ဆက်စပ်ပစ္စည်းရောင်းချသူတစ်ဦးကပြောပါတယ်။

အိမ်သုံးဂတ်စ်ဈေးကွက်ဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာမကြာခဏဈေးတက်တာ၊ အရည်ပြတ်လပ်တာတွေရှိနေပါတယ်။ဒီလိုအခြေအနေတွေကြောင့်လည်းအရောင်းဆိုင်တစ်ချို့ဟာဆက်လက်ရပ်တည်ဖို့ခက်ခဲလာတာပဲဖြစ်ပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026