NEWS

အိမ်သုံးဂက်စ်ဈေး တစ်ပတ်အတွင်းဈေးမြင့်တက်လာပြီး ပစ္စည်းပြတ်လပ်မှုတွေရှိလာဟုဆို

CoverLogo
603 Views

အိမ်သုံးဂက်စ် ဈေးကွက်အတွင်း ယခင်တစ်ပတ်ကြာက ထက် ဈေးနှုန်းတွေပိုမြင့်လာပြီးအချို့နေရာများတွင်ပစ္စည်းပြတ်လပ်မှုကြောင့် အရောင်းအဝယ် ရပ်နားထားရတဲ့ဆိုင်များရှိလာနေကြောင်း အိမ်သုံးဂက်စ်အရောင်းဈေးကွက်ကနေသိရပါတယ်။


" အိမ်မှာသုံးနေတဲ့ဂက်စ်ဘူး သွားဖြည့်တာ ပြီးခဲ့တဲ့တစ်ပတ်ကြာကပဲ တစ်ခါဖြည့်၁၃၀၀ကျပ်ဈေးဖြစ်ခဲ့တာ အခုဒီတစ်ပတ်ဖြည့်တော့ တစ်ခါဖြည့်၁၅၀၀ကျပ်ဖြစ်သွားတယ်။ တစ်ခြားဆိုင်တွေဆို ၁၈၀၀ကျပ်နဲ့၂၀၀၀ကျပ်အထိဖြစ်နေပြီလို့ပြောသေးတယ်။ ဂက်စ်တွေအဝင်နည်းလာလို့ ဝယ်မရဖြစ်နေလို့ ဆိုပြီးပြောတာပဲ"လို့ အိမ်သုံးဂက်စ်သုံးစွဲနေသူအိမ်ရှင်မတစ်ဦးကပြောပါတယ်။


ရန်ကုန်မြို့အတွင်း တစ်ချို့သော အိမ်သုံးဂက်စ်အရောင်းဆိုင်များလည်း ပစ္စည်းပြတ်နေလို့ပိတ်ထားနေရတာတွေရှိလာရာ လက်ရှိမှာ ဂက်စ်တင်သွင်းတဲ့ကုမ္ပဏီတွေကိုယ်တိုင်က ပစ္စည်းအဝင်မရတာကြောင့်လက်လီအရောင်းဆိုင်တွေကိုခွဲတမ်းနဲ့ပြန်လည်ရောင်းချနေရတယ်လို့ဆိုပါတယ်။


မြန်မာနိုင်ငံအနေနဲ့ အိမ်သုံးဂက်စ်ကို ပြည်ပကနေ ရေလမ်း ၊ ကုန်းလမ်းများဖြင့်တင်သွင်းလျှက်ရှိနေရာမှာ နိုင်ငံချင်းထိစပ်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့တရုတ်တို့ကနေ တင်သွင်းတာဖြစ်ပြီး လက်ရှိ ကာလမှာ ထိုင်းနိုင်ငံ ဘက်က ဂက်စ်အဝင်ပြတ်တောက်နေပြီး တရုတ်နိုင်ငံဘက်က အနည်းငယ်တင်သွင်းရာမှာ လမ်းခရီးအခက်ခဲတွေကြောင့် တင်သွင်းရ ရှိမှုနည်းပါးနေတယ်လို့သိရပါတယ်။


" ဂက်စ်တွေပြတ်တာက ထိုင်းကအဝင်မရှိတော့ဘူး။ မိုးတွင်းလည်းဖြစ်တော့ လမ်းခရီးအခြေအနေအခက်ခဲတွေကြောင့်လည်းပါသလို ဒေါ်လာဈေးအခြေအနေတွေရဲ့ဂယက်လည်းပါတာပေါ့ အခု ဂက်စ်တင်သွင်းတဲ့ကုမ္ပဏီတွေကခွဲတမ်းနဲ့ပေးနေတာက အရင်က ဂတ်စ်အိုးအကြီး၅လုံးလောက်ရတဲ့လက်လီဆိုင်တွေဆိုအခု ခွဲတမ်းအရ၂လုံးလောက်ပဲရတော့တဲ့အခြေအနေဖြစ်နေတာပါ"လို့ မြောက်ဒဂုံမြို့နယ်က လက်လီဂက်စ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။


လက်ရှိအိမ်သုံးဂက်စ် ဈေးကွက်အတွင်း ဂက်စ်လိုသလောက်မရရှိနိုင်တာအပြင် ဈေးနှုန်းမှာလည်း တိုးမြှင့်သွားတာကြောင့် အသုံးပြုကြသူတွေအနေနဲ့ ယခင်ထက် ငွေကြေးကုန်ကျမှုများလာကာ လျှပ်စစ်မီးအစားထိုးတဲ့အနေနဲ့ သုံးစွဲရပေမယ့် ဂက်စ်သုံးစွဲမှု မှာ ကုန်ကျစရိတ်သက်သာမှုရှိတယ်လို့မဆိုနိုင်တော့ကြောင်း အသုံးပြုသူအသိုင်းအဝိုင်းမှ သိရှိရပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026