NEWS

"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"

CoverLogo
66 Views

"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"

အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့တာဝန်ရှိသူ

 

မေဒေးနေ့သတင်းစကား

မြန်မာနိုင်ငံမှာရှိနေတဲ့ အခြေခံလူတန်စားတွေဟာ အာဏာသိမ်းမှုနောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကို ခံစားနေရတယ်။ လုပ်ငန်းခွင်ထဲမှာရှိတဲ့ ဖိနှိပ် မှုတွေက ပေးတာယူ ကျွေးတာစား မကျေနပ်ရင်ထွက် ခိုင်းတာကို ကျေနပ်ရင်လုပ်ဆိုတဲ့ အဲ့ဒီလိုပုံစံမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ 

အလုပ်သမားအခွင့်အရေးဆိုတာက သုညရာခိုင်နှုန်းဖြစ်သွားပြီ။ အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်။ လူ့အခွင့်အရေးသည် လူသားအားလုံးနဲ့ သက်ဆိုင်တယ် လူ့ဂုဏ်သိက္ခာပြည့်ဝတဲ့ တရားမျှတမှုရှိတဲ့ အလုပ်သမားအခွင့်အရေးအပြည့်အဝရှိတဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတိုင်းအလုပ်လုပ်ကိုင်ခွင့်ရရှိ နိုင်ရမယ်။ နောက်ပြီး အလုပ်သမားတွေရဲ့ လုပ်အားခနဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အခြေအနေတရပ်ကို ရရှိဖို့ အတွက်ကို အင်မတန်အရေးကြီးတယ်။

အခုဆိုရင် လုပ်အားခတွေက ခေတ်ကာလနဲ့လည်း မလျော်ညီတော့ဘူး လုပ်ခလစာတွေနည်းပါးပြီး အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ လုပ်ငန်းခွင်ထဲမှာ စားဝတ်နေရေးအတွက် ရှင်သန်လုပ်ကိုင်နေကြရတယ်။

အလုပ်သမားတွေအနေနဲ့ ပိုပြီးတော့ အခြေအနေဆိုးလာတာပေါ့နော် ။ 

၁၃၄ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကနေပြီးတော့မှ အလုပ်သမားတွေကို ပြောချင်တာကတော့ အာဏာသိမ်းထားတဲ့ အာဏာရှင်စစ်တပ်ကို ကျွန်မတို့ အမြစ်ပြတ် ချေမှုန်းမဲ့ ကိစ္စကိုပဲ ပိုပြီးတော့ အာရုံစူးစိုက်ဖို့လိုတယ်။ အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ် အလုပ်သမားအခွင့်အရေးသည် လူ့အခွင့်အရေးဖြစ်သည် လူ့အခွင့်အရေးဆိုတာကလည်း လူသားအားလုံးနဲ့သက်ဆိုင်တဲ့ အတွက် မိမိနဲ့လည်းသက်ဆိုင်တယ်ဆိုတဲ့ အတွက် အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာလျင် အခွင့်အရေးပြည့်ပြည့်ဝဝနဲ့ နေထိုင်ခွင့်ရတဲ့ နိုင်ငံတခုလည်းရမယ်။ 

အဲ့လိုမှသာ ကျွန်မတို့ မျှော်လင့်ထားတဲ့ ဖူလုံတဲ့လုပ်ခလစာ အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိတဲ့ လုပ်ငန်းခွင်တွေ မှာအလုပ်သမားတွေလုပ်ကိုင်ခွင့်ရရှိမှာဖြစ်တယ်။ 

ဒါကြောင့်မို့အလုပ်သမားတွေဟာ အာဏာရှင်ကို တော်လှန်တဲ့ ကိစ္စမှာ ပိုပြီး အားစိုက် ဖို့လိုတယ် ပြည်ပမှာရောက်ရှိနေတဲ့ အလုပ်သမားတွေဆိုရင်လည်း အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးလုပ်ဆောင်မှုတွေမှာ အင်တိုက်အားတိုက်နဲ့ တတ်နိုင်တဲ့ ဘက်ကနေ လုပ်ဆောင်ပေးဖို့လိုပါတယ်။ 

ထို့အတူပဲ လုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့ မတရားမှုတွေ အားလုံးကို သတင်းမီဒီယာတွေကနေတဆင့်လူတိုင်းသိရှိနိုင်ဖို့ အတွက် ထုတ်ဖော်ပြောဆိုဖို့လိုတယ်။ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တာတွေကိုလဲ စဉ်ဆက်မပြတ်လေ့လောနေဖို့လိုတယ်  သင်ယူလေ့လာနေရင်းနဲ့ တပြိုင်နက်တည်း ကျွန်မတို့သည် မတရားမှုကို တွန်းလှန်ရမယ်ဆိုတဲ့ စိတ် နဲ့ တိုက်ပွဲဝင်ပေးဖို့ လိုပါတယ်။ 

ပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်အောင် အတူတကွ တိုက်ပွဲဝင်ကြမယ်လို့လည်း ယုံကြည်တယ် ။ အာဏာရှင် တိုက်ထုတ်ရေးအတွက် အတူတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။

 


Related posts

Cover
"ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ"
May 01, 2024
Cover
အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။
Apr 30, 2024
Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်
Jan 18, 2024
Cover
အလုပ်သမားနှင့် အလုပ်ရှင်တွေကြားက စာချုပ်များ ဥပဒေနဲ့ညီညွတ်ရဲ့လား
Oct 26, 2023
Cover
လုပ်ငန်းခွင်ရပ်နားပြီး တောင်းဆိုမှုပြုလုပ်နေတဲ့ SEN YU အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။
Oct 19, 2023
Cover
ILO စုံစမ်းစစ်ဆေးရေးအစီရင်ခံစာနဲ့ စစ်အုပ်စုဖြေရှင်းရမဲ့ပုစ္ဆာ
Oct 13, 2023
Cover
အထည်ချုပ်လုပ်ငန်းခွင်မှာ ဘာကြောင့် ဆဲဆိုတာလဲ။(အင်တာဗျူး)
Jun 28, 2023