NEWS

အသက်အရွယ်က လုပ်ငန်းခွင်ကိုထိခိုက်နိုင်လား။

CoverLogo
1.5K Views

အထည်ချုပ်လုပ်ငန်းတွေရဲ့ အလုပ်ခေါ်ယူမှာ အသက်ရွယ်သတ်မှတ်ခေါ်ယူတာတွေများလာပါတယ်။ အလုပ်အကိုင်ခေါ်ယူတဲ့အခါမျိုးမှာ အထူးသဖြင့် အမျိုးသမီးလုပ်သားတွေရဲ့ အသက်ကို ၃၀ အောက်သာ ခေါ်ယူတာများပါတယ်။ ဒီလို ခွဲခြားမှုတွေကြောင့် အမျိုးသမီးလုပ်သားတွေရဲ့ လုပ်ငန်းခွင်တည်မြဲမှုနဲ့ ဘဝ ရပ်တည်ရေးကို ထိခိုက်စေနိုင်သလား။ ပြီးတော့  အသက်အရွယ်က လုပ်ငန်းခွင်ကို ထိခိုက်မှုရှိနေလား ။ ဒါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေကို  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TusF- Myanmar ) က တာဝန်ရှိသူတစ်ဦး ကို မေးမြန်းထားပါတယ်။

“အကျိုးဆက်တွေကတော့ အဓိက အထည်ချုပ် လုပ်ငန်းတွေမှာ ကျွမ်းကျင် လုပ်သားဆိုတာ
မရရှိနိုင်တော့ဘူးပေါ့ ၊ အလုပ်သမားတွေ ဘက်ကကြည့်ရင်တော့ အလုပ်အကိုင်ရှားပါးလာမယ်။
နောက်ပြီး မြန်မာနိုင်ငံထဲက အလုပ်သမား တွေ ကြိုးစားချင်စိတ်တွေမရှိတော့ဘူး ငါ့အသက် (၃၀)
ဘာမှလုပ် မရတော့ဘူးဆိုတဲ့ အတွေးတွေ ဝင်လာနိုင်ပါတယ်။”
MICS-TusF- Myanmar တာဝန်ရှိသူတစ်ဦး

မေး- အထည်ချုပ် လုပ်ငန်းတွေထဲ အမှာ အသက်ကန့်သတ်ခေါ်ယူမှုတွေ ရှိနေတာ ဘာလို့လဲ ?
ဖြေ- အထည်ချုပ် လုပ်ငန်းတွေမှာ အသက်ကန့်သတ်ခေါ်ယူတာဟာ ဘာလို့လဲဆိုတော့
ထင်သလောက်လုပ်အား ထွက်မလာမှာ စိုးရိမ်တာကြောင့်လို့ မြင်တယ်။

မေး- များလာတယ်ဆိုရင် ဘယ်အရွယ်လောက်ကို ကန့်သတ်တာများလဲ?
ဖြေ- အသက်အရွယ်ကတော့ အလုပ်ခေါ်တဲ့စာမှာ (၃၀) နှစ်အောက်ဆိုပြီး တော်တော်များများမှာ
တွေ့ရပါတယ်။

မေး-လုပ်ငန်းခွင် အခြေအနေအရ အသက်ကန့်သတ်ဖို့ လိုအပ်တယ်လို့ ယူဆပါသလား?
ဖြေ- လုပ်ငန်းခွင် အခြေအနေအရ အသက်ကန့်သတ်ဖို့ လိုအပ်တယ်လို့ တစ်ဦးတစ်ယောက်အနေနဲ့
မယူဆဘူး။ ဘာလို့ဆို အလုပ်အကိုင်ကျွမ်းကျင်မှုရယ် ဒီအလုပ်သမားရဲ့ လုပ်နိုင်စွမ်းအားကိုပဲ
ကြည့်သင့်တယ်လို့ မြင်ပါတယ်။

မေး- ဘာကြောင့် အခုလို ကန့်သတ်တယ်လို့ ထင်ပါသလဲ?
ဖြေ ဘာကြောင့် အခုလို ကန့်သတ်ရသလဲဆိုတာတော့ သေချာမပြောတက်ဘူး။

မေး- ဒီလို ကန့်သတ်တာတွေကြောင့် အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ?
ဖြေ- ဒီလို ကန့်သတ်တာတွေကြောင့် အကျိုးဆက်တွေကတော့ အဓိက အထည်ချုပ် လုပ်ငန်းတွေမှာ
ကျွမ်းကျင် လုပ်သားဆိုတာ မရရှိနိုင်တော့ဘူးပေါ့ ၊ အလုပ်သမားတွေ ဘက်ကကြည့်ရင်တော့
အလုပ်အကိုင်ရှားပါးလာမယ်။ နောက်ပြီး မြန်မာနိုင်ငံထဲက အလုပ်သမားတွေ
ကြိုးစားချင်စိတ်တွေမရှိတော့ဘူး ငါ့အသက် (၃၀) ဘာမှလုပ် မရတော့ဘူးဆိုတဲ့ အတွေးတွေ
ဝင်လာနိုင်ပါတယ်။

မေး-အသက်ကန့်သတ်တာက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်တည်မြဲရေးနဲ့ ရှင်သန်ရပ်တည်ရေးကို
ထိခိုက်နိုင် ပါသလား?
မေး- အသက်ကန့်သတ်တာက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်တည်မြဲရေးနဲ့ ရှင်သန်ရပ်တည်ရေးကို
ထိခိုက်နိုင် ပါတယ် ။ အခုဆိုရင်ပဲ လုပ်ငန်းကျွမ်းကျင်ပါလျက်နဲ့ အသက်အရွယ်ကြောင့် အလုပ်ရှာမရတဲ့
အထည်ချုပ် အလုပ်သမတွေ ဒုနဲ့ဒေးပါပဲ။

မေး- အသက်အရွယ်ကြောင့် စိုးရိမ်ကြောင့်ကြမှုရှိနေတဲ့ အမျိုးသမီးတွေအတွက် ဘာပြောချင်လဲ ?
ဖြေ- အသက်အရွယ်ကြောင့် စိုးရိမ်ကြောင့်ကြမှုရှိနေတဲ့ အမျိုးသမီးတွေအတွက် အားမငယ်ပါနဲ့လို့
ပြောချင် ပါတယ်။ သင့်တော်မဲ့ အလုပ်နဲ့ အလုပ်ရှင်ကို တွေ့လာတဲ့အခါ ကိုယ်ရဲ့ကျွမ်းကျင်မှုတွေကို
အသိအမှတ်ပြု လာမှာပါ။ နောက်ပြီး  အသက်အရွယ်ဆိုတာ အဓိက မဟုတ်ဘဲ၊ လုပ်နိုင်စွမ်းရည်နဲ့
ကျွမ်းကျင်မှု့ကသာ အဓိက ဆိုတာ အလုပ်ရှင်တွေ သိရှိနားလည် လက်ခံလာအောင် ကိုယ့်ရဲ့
စွမ်းအားတွေကို ပြသကြရမယ်လို့ ပြောချင် ပါတယ်။

ဖြေပေးတာကျေးဇူးတင်ပါတယ်။

#MyanmarLabourNews


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)
May 01, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
ILO လမ်းကြောင်းကနေ စစ်အုပ်စုကို အရေးယူမယ့်အရေး မေးမြန်းချက်
Mar 23, 2025
Cover
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိုင်အယ်အို အစည်းအဝေးမှာ ဘယ်အချက်တွေ ဆုံးဖြတ်ခဲ့သလဲ။
Mar 21, 2025