NEWS

အလှူခံပုံးဖောက်တဲ့စစ်တပ်နဲ့ ခင်ပွန်းရှေ့မှာမုဒိန်းကျင့်တဲ့စစ်သားများ Myanmar Labour News တနေ့တာ သတင်းအကျဥ်းချုပ်

CoverLogo
5.5K Views
  • ယ​နေ့ နိုဝင်ဘာ ၁၄ ရက် မှာ မြန်မာနိုင်ငံ​ဒေသအချို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပြည်သူ့အသက် အိုးအိမ်နဲ့ ပစ္စည်းများဖျက်ဆီးခံရမှု့စစ်ရာဇဝတ်မှု့ကျူးလွန်နေမှု့များ။ 
     

ဒီကနေ့မှာ​တော့ စစ်ကိုင်းခင်ဦးကအောင်သာကျေးရွာထဲက နေအိမ်သုံးလုံးနဲ့စျေးဆိုင်တဆိုင်ကိုဝင်ပြီးစျေးဆိုင်ကအလှူခံ ပုံးဖောက်ပြီး ပိုက်ဆံတွေသမသွားတဲ့စစ်ကောင်စီတပ်သားတွေအကြောင်းနဲ့စမှာပါ။

ချင်းပြည်နယ်တီးတိန်မြို့အာလွယ်ကျေးရွာကကလေးသုံးဦးမိခင်တဦးဖြစ်သူကိုစစ်ကောင်စီတပ်သား ၃ ဦးကခင်ပွန်းဖြစ်သူနဲ့ကလေးတွေရှေ့မှာပဲ အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့တယ် လို့ဒေသသတင်းအရင်းအမြစ်တခုဖြစ်တဲ့ Zalen ကဖော်ပြပါတယ်။ 

အဲ့ဒီ့အခင်းဖြစ်တဲ့ရွာလေးက ကလေးကနေတီးတိန်သွားတဲ့ဖက်အခြမ်းမှာရှိပြီးတော့စစ်ကောင်စီတပ်တွေအောက်တိုဘာ ၃၀ ရက်ကနေနိုဝင်ဘာ ၁၃ ရက်နေ့အထိစခန်းချသွားခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်း၊ ရေဦး၊ ဘုတလင်ဖက်မှာPDFကမိုင်းဆွဲလို့အသေများသွားတဲ့စစ်ကောင်စီတပ်တွေဟာလက်နက်မဲ့ပြည်သူတွေရှိတဲ့ရွာတွေကိုပတ်ရမ်းပါတယ်။ 
 

တိုက်ပွဲဖြစ်ကတည်းက ညောင်လည်ရွာကိုမီးတင်ရှို့ပြီးခပ်လှမ်းလှမ်းကနေ လက်နက်ကြီးတွေနဲ့ပါထုနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

ကချင်ပြည်နယ်ဖားကန့်ခရိုင်ထဲက စကစတပ်စခန်း ၃ ခုကိုမနေ့ကညက KIA ကဝင်သိမ်းတာကိုမကျေနပ်တဲ့သဘောနဲ့ စကစ တပ်ရဲ့ခမရ(၃၃)ကဒီကနေ့မှာပဲအသိမ်းခံရတဲ့ကျောက်စီမ်းတွင်းဒေသကစခန်းတွေရှိရာကိုလက်နက်ကြီးနဲ့မှန်းထုပါတယ်။ဒါကိုအားမရသေးပဲရဟတ်ယာဥ်နှစ်စီးနဲ့ပါဗုံးလာကြဲသွားတယ်လို့ဒေသခံတွေကဆိုပါတယ်။ 

 

  • စစ်တပ်သတင်းပေးရှင်းလင်းခံရမှု့

မိုးကုတ်ကစစ်ကောင်စီသတင်းပေးအမာခံမိသားစု ၄ ဦးစလုံးဒီကနေ့နေ့လည်မှာပဲထမင်းစားနေတုန်းဓားနဲ့တက်ခုတ်ခံရပါတယ်။လေးဦးစလုံးပွဲချင်းပြီးသေပါတယ်။ဒေသအခြေစိုက်ပတ္တမြား​​မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလုပ်တာလို့ဆိုပါတယ်။

တဆက်ထဲမှာပဲမိုးကုတ်အနောက်ပိုင်းအောင်နီလာ ၁ ရပ်ကွက်ထဲကစစ်တပ်သတင်းပေးလို့သတ်မှတ်ထားတဲ့နေလင်းအောင်အိမ်ဗုံးခွဲခံရပါတယ်။လူကတော့မသေပါဘူး။အိမ်ပဲအပျက်အစီးရှိခဲ့တာပါ။

မန္တလေးဝမ်းတွင်းနယ်ထဲကစကစတင်းပေးကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်တဲ့ချက်ဖောင်းဆိုသူလဲလဖ္ဘက်ရည်သောက်နေတုန်းဖောင်းဒိုင်းအကြွေးခံရပါတယ်။သူကတော့ပွဲချင်းပြီးတယ်လို့သိရပါတယ်။ 

 

  • အမြို့မြို့အနယ်နယ်ဗုံးပေါက်ကွဲမှု့သတင်း

နေ့စဥ်နဲ့အမျှဆိုသလိုရန်ကုန်မှာဖောင်းဒိုင်းမရှိရင်၊ ဝုန်းဒိုင်းရှိပါတယ်။

မနေ့ကညပိုင်းမှာ မြောက်ဒဂုံရဲစခန်းတွင် ဗုံး ၃ ကြိမ်ပေါက်ပြီး စစ်သား ၂ဦးသေဆုံးသွားတဲ့နောက်ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်တွေမြောက်ဒဂုံဖက်မှာ ရမ်းသမ်းဖမ်းဆီးနေတာတွေရှိနေပါတယ်။

 

အဆိုပါတိုက်ခိုက်မှုကို SHED နှင့် R.G.A ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။ 

ဒီကနေ့ညနေပိုင်းမှာတော့ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းပေါ် Myanmar Plaza အရှေ့ဖက်ကန်ဘောင်ဖက်အခြမ်းမှာ၂ကြိမ်တိတိပေါက်ကွဲမှု့ဖြစ်ပါတယ်။ပေါက်ကွဲမှု့ဖြစ်ပြီးထုံးစံအတိုင်းစစ်ကောင်စီတပ်တွေလမ်းပိတ်ပြီးစစ်ပါတယ်။ 

ဗဟန်းမြို့နယ်ထဲမှာတော့ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပေါက်ကွဲသံသုံးချက်လောက်ကြားလိုက်ရတယ်လို့ဒီကနေ့ညနေပိုင်းမှာပဲဒေသခံတွေကပြောပါတယ်။

ဒါကတော့ဒီကနေ့နိုဝင်ဘာ ၁၄ ရက်နေ့တနေ့တာသတင်းအကျဥ်းချုပ်စုစည်းမှုပါ။


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026