NEWS

အလုပ်အကိုင်အခွင့်လမ်း ၁၀၀၀၀ ခန့်ရရှိမယ့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခု ကို စစ်ကောင်စီခွင့်ပြု

CoverLogo
645 Views
 
အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းဝန်းကျင်ခန့် ဖန်တီးပေးနိုင်မယ့် ၊ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကို စစ်ကောင်စီရဲ့မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် က အခုလ အတွင်းမှာ ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက် က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ၄/၂၀၂၅ ကြိမ်မြောက် အစည်းအဝေး ကနေ တဆင့်ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
ခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်း ၃၅ ခုမှာ ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၉ ခု ၊ နဲ့ စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွေ မှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၆ ခု ကို ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
 
၎င်းလုပ်ငန်း တွေရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏ မှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၆၅ သန်းနဲ့ ငွေကျပ် ၆၇၂၈၃၅ ဒသမ ၂၆၅ သန်း(ကျပ်၆၇၂ ဘီလျံကျော်)ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၂၂၀ ကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် ယခုခွင့်ပြုပေးတဲ့ လုပ်ငန်းတွေ ထဲ မှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ၊စိုက်ပျိုးရေးလုပ်ငန်းများ၊ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း၊စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်း များနဲ့အထည်ချုပ် လုပ်ငန်းတွေလဲ ပါဝင်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှသိရပါတယ်။
 
၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံ၊ ဒေသတွေမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေဖြစ်တယ်လို့သိရပါတယ်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေ မှာ စွမ်းအင်ကဏ္ဍနဲ့စက်မှု ကဏ္ဍတို့ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026