VIDEO

အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။

CoverLogo
439 Views

အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။

 

စစ်အာဏာရှင် လက်အောက်က မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့အခြေအနေတွေကို နိုင်ငံတကာက အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းတွေ ကြား သွေးစည်းညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်လာအောင် စွမ်းစွမ်းတမံကြိုးစားတဲ့အတွက် အသိအမှတ်ပြုချီးမြှင့်ပေးတဲ့ the Arthur Svensson Prize ဆုကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်( Industrial Workers Federation Of Myanmar IWFM) ဥက္ကဌဒေါ်ခိုင်ဇာအောင်ကို ပေးအပ်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေ ပါဝင်တဲ့ နော်ဝေနိုင်ငံအခြေစိုက် အလုပ်သမားသမဂ္ဂက ပေးတဲ့ "Arthur Svensson's International Prize for Trade Union Rights" 2024 ဆုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

"အခုလို ဒီဆုကိုပေးခဲ့တာဟာ မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာရှင် ဖယ်ရှားရေးမှာပါဝင်နေတဲ့အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ ရဲ့ စွန့်လွှတ်မှုတွေ သတ္တိရှိရှိနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့တာတွေကို အသိအမှတ်ပြုတဲ့ဆုလည်းဖြစ်တယ်"လို့ ဆုရရှိခဲ့တဲ့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ ဒေါ်ခိုင်ဇာအောင်ဟာ အသက် ၁၆ နှစ်အရွယ်မှာ အထည်ချုပ်အလုပ်သမအဖြစ် လုပ်ငန်းခွင်စတင်ဝင်ရောက်ခဲ့ပြီး စစ်အာဏာရှင်လက်ထက် ကျရောက်ခဲ့ရတဲ့ ဆင်းရဲငတ်မွတ်ပြီး ပညာရေးစနစ် ကျန်းမာရေးစနစ်တွေ ဖျက်ဆီးခံခဲ့ရတဲ့ လေလွင့်ကလေးငယ်တွေရဲ့ အခြေအနေတွေ စားဝတ်နေရေးအတွက် စာသင်ကျောင်းသွားတဲ့လမ်းနဲ့ ဝေးကွာခဲ့ရတဲ့ ကလေးလုပ်သားတွေ နာရီပေါင်းများစွာ အပင်ပန်းအဆင်းရဲခံပြီး ဂုဏ်သိက္ခာမဲ့စွာ အလုပ်လုပ်ကိုင်ခဲ့ရတဲ့ အမျိုးသမီးလုပ်သားတွေရဲ့ အခြေအနေတွေကို တွေ့မြင်ခဲ့ရပြီး သူမကိုယ်တိုင်လည်း ငယ်ဘဝမှာ ပျော်ရွှင်မှုတွေပျောက်ဆုံးခဲ့ရပါတယ်။

ဒီလို စနစ်ဆိုးရဲ့ သားကောင်တွေဖြစ်ခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ အခြေအနေတွေကို မနှစ်သက်ခဲ့တဲ့ မခိုင်ဇာဟာ ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ ထိုင်းနိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။အဲ့ဒီမှာ ကွာခြားမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။

သူမက မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ၏ ဦးဆောင်သူ ဖြစ်လာပြီး မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ ဦးဆောင်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ စနစ်ဆိုးရဲ့ ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ အမျိုးသမီးအလုပ်သမကလေး တဖြစ်လဲ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်ခိုင်ဇာအောင်ဟာ မြန်မာပြည်သူလူထုတွေ အာဏာရှင်လက်အောက် က လွတ်မြောက်ဖို့ ကောင်းမွန်တဲ့လုပ်ငန်းခွင်တွေဖန်တီးနိုင်ဖို့ ရင်ဘတ်တူ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ သူမဦးဆောင်နေတဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်( Industrial Workers Federation Of Myanmar IWFM) အဖွဲ့ဝင်တွေနဲ့ အလုပ်သမားညီအကို မောင်နှမတွေကိုလည်း ဆက်လက်တိုက်ပွဲဝင်ကြဖို့ အခုလို တိုက်တွန်းပြောကြားထားပါတယ်။

 #MyanmarLabourNews #KhaingZarAung #ArthurSvenssonPrize


Related posts

Cover
ILO က စစ်တပ်ကို ဘာကြောင့် အရေးယူမှာလဲ
Feb 20, 2025
Cover
အထည်ချုပ် အလုပ်သမတစ်ဦးနှင့် အင်တာဗျူး (အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုအထိမ်းအမှတ်)
Nov 25, 2024
Cover
မြန်မာရွှေ့ပြောင်းလုပ်သား အရေး NUG အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်နီထံ မေးမြန်းချက်
Oct 11, 2024
Cover
ဘာကြောင့် တရုတ်နိုင်ငံဆီ ရွှေ့ပြောင်းလုပ်သား အဖြစ် သွားရောက် လုပ်ကိုင်ရသလဲ။
Sep 09, 2024
Cover
အိမ်တွင်းအလုပ်သမားတွေကို အလုပ်သမားတယောက်လို ဥပဒေအရ အသိအမှတ်ပြုခံရခြင်း မရှိသေးပါဘူး။
Jun 16, 2024
Cover
"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"
May 01, 2024
Cover
"ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ"
May 01, 2024
Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024