NEWS

အလုပ်သမားများ ရုံးတက် ရုံးဆင်းချိန်နှင့် YBS မှတ်တိုင်များတွင် ခရီးသည်များစုပြုံမှုမရှိစေရန် YRTC စစ်တမ်းကောက်

CoverLogo
122 Views
 
ရန်ကုန်တိုင်းဒေသကြီး အတွင်း YBS ယာဥ် စီးနင်းသည့် ခရီးသွား ပြည်သူတွေ အလုပ်သမားတွေ ရုံးတက်ရုံးဆင်းချိန်တွေနဲ့ YBS မှတ်တိုင်တွေ မှာ ခရီးသည်များ စုပြုံမှု မရှိစေဖို့ စစ်တမ်းကောက်ယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က အောက်တိုဘာ၂၂ရက်မှာ အသိပေးကြေညာပါတယ်။
 
YBS ယာဥ် စီးနင်းနေတဲ့ ခရီးသွား လုပ်သား ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခြေနေ တွေ ကို အွန်လိုင်းကနေ ဖြည့်စွက်ဖြေကြားနိုင်မယ့် စစ်တမ်းတစ်ခု ကောက်ယူမယ်လို့ဆိုပါတယ်။
 
Rush Hour ဖြစ်တဲ့ ရုံးတက်ရုံးဆင်းချိန် မှတ်တိုင်တွေမှာ ခရီးသည်များစောင့်ဆိုင်းမှု၊ YBS ယာဉ်လိုင်းများရဲ့ ယာဉ်စာရင်း၊ ခရီးသည်များစီးနင်းရမှုအခြေအနေတွေ အပေါ်မူတည်ပြီး မှတ်တိုင်များတွင် ခရီးသည်စုပြုံမှုမရှိစေ ဖို့ စနစ်တကျစီမံကွပ်ကဲနိုင်ရန် ရည်ရွယ်ပြီး အခုလို စစ်တမ်းကောက်ယူတာလို့ သိရပါတယ်။
 
ဒါကြောင့် မှတ်တိုင်တွေမှာ ခရီးသည်များစုပြုံမှုမရှိစေရေး အတွက် ခရီးသွား လုပ်သားပြည်သူတွေ အနေနဲ့ မိမိတို့တွေ့ကြုံနေရတဲ့ အခြေနေတွေ ကို YRTC page မှာ ဖေါ်ပြထားတဲ့ google form ကတစ်ဆင့် ဖြည့်စွက်ဖြေကြားပေးဖို့ ပန်ကြားထားပါတယ်။
 
ဖြည့်စွက် ရမယ့် အွန်လိုင်းဖောင်ထဲ မှာ မိမိတို့စီးနင်းမှုများတဲ့ယာဉ်လိုင်းများ၊ မှတ်တိုင်များနဲ့ ရုံးတက်ရုံးဆင်းချိန် များ မှတ်တိုင်မှာ ကားစောင့်ဆိုင်းရချိန်များ၊ ကားအရှားဆုံးယာဉ်လိုင်းနံပတ်များ၊ ယာဉ်စီးနင်းနေချိန် ကြုံတွေ့ရတဲ့အခက်ခဲ စတာတွေ ကိုဖြည့်စွက်ရမှာဖြစ်ပါတယ်။
 
လက်ရှိမှာ YBS စီးနင်းတဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ ရုံးတက်ရုံးဆင်းချိန်တွေမှာ မှတ်တိုင်များတွင် ခရီးသည်စုပြုံ တိုးဝှေ့စွာ စီးနင်းနေရခြင်း၊ အချို့ယာဉ်လိုင်းများတွင်ယာဉ်အစီးရေနည်းပါးခြင်းကြောင်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ညအချိန်များတွင် YBS ယာဉ်ပြေးဆွဲမှုနည်းတဲ့အတွက် သွားလာရေးအခက်ခဲဖြစ်ခြင်းတွေနဲ့ကြုံတွေနေရတယ်လို့ ခရီးသွားပြည်သူတွေထံမှ သိရပါတယ်။
 
လက်ရှိမှာ တော့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း- ၁၃၂ ခုမှ ယာဉ်စီးရေ ၃၄၀၀ ကျော် ကို ခရီးသည် ၁ သန်း ခွဲခန့် စီးနင်းလျှက်ရှိတယ်လို့ သိရပါတယ်။
 

Related posts

Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025
Cover
ဆန်တန်ချိန်၂၅ တန်နှင့်အထက်သိုလှောင်ရုံများအား မှတ်ပုံတင်ခိုင်း၊ လစဉ် ကုန်ရ ကုန်ထုတ် စာရင်းများပါပေးပို့ရမည်ဟုဆို
Oct 30, 2025
Cover
ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ
Oct 29, 2025
Cover
တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ
Oct 29, 2025
Cover
မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ် လျော့ကျလာဟု စစ်ခေါင်းဆောင်ပြော
Oct 29, 2025
Cover
ဒိုက်ဦးအကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်ကာ တိုက်ပိတ်အကျဉ်းချခြင်းပြုလုပ်နေ
Oct 28, 2025
Cover
ရန်ကုန် Job Fair မှာ အလုပ်သမားမှတ်ပုံတင် ၂၈၀ ကျော် ထုတ်ပေး
Oct 28, 2025