NEWS

အလုပ်သမားများ ရုံးတက် ရုံးဆင်းချိန်နှင့် YBS မှတ်တိုင်များတွင် ခရီးသည်များစုပြုံမှုမရှိစေရန် YRTC စစ်တမ်းကောက်

CoverLogo
382 Views
 
ရန်ကုန်တိုင်းဒေသကြီး အတွင်း YBS ယာဥ် စီးနင်းသည့် ခရီးသွား ပြည်သူတွေ အလုပ်သမားတွေ ရုံးတက်ရုံးဆင်းချိန်တွေနဲ့ YBS မှတ်တိုင်တွေ မှာ ခရီးသည်များ စုပြုံမှု မရှိစေဖို့ စစ်တမ်းကောက်ယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က အောက်တိုဘာ၂၂ရက်မှာ အသိပေးကြေညာပါတယ်။
 
YBS ယာဥ် စီးနင်းနေတဲ့ ခရီးသွား လုပ်သား ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခြေနေ တွေ ကို အွန်လိုင်းကနေ ဖြည့်စွက်ဖြေကြားနိုင်မယ့် စစ်တမ်းတစ်ခု ကောက်ယူမယ်လို့ဆိုပါတယ်။
 
Rush Hour ဖြစ်တဲ့ ရုံးတက်ရုံးဆင်းချိန် မှတ်တိုင်တွေမှာ ခရီးသည်များစောင့်ဆိုင်းမှု၊ YBS ယာဉ်လိုင်းများရဲ့ ယာဉ်စာရင်း၊ ခရီးသည်များစီးနင်းရမှုအခြေအနေတွေ အပေါ်မူတည်ပြီး မှတ်တိုင်များတွင် ခရီးသည်စုပြုံမှုမရှိစေ ဖို့ စနစ်တကျစီမံကွပ်ကဲနိုင်ရန် ရည်ရွယ်ပြီး အခုလို စစ်တမ်းကောက်ယူတာလို့ သိရပါတယ်။
 
ဒါကြောင့် မှတ်တိုင်တွေမှာ ခရီးသည်များစုပြုံမှုမရှိစေရေး အတွက် ခရီးသွား လုပ်သားပြည်သူတွေ အနေနဲ့ မိမိတို့တွေ့ကြုံနေရတဲ့ အခြေနေတွေ ကို YRTC page မှာ ဖေါ်ပြထားတဲ့ google form ကတစ်ဆင့် ဖြည့်စွက်ဖြေကြားပေးဖို့ ပန်ကြားထားပါတယ်။
 
ဖြည့်စွက် ရမယ့် အွန်လိုင်းဖောင်ထဲ မှာ မိမိတို့စီးနင်းမှုများတဲ့ယာဉ်လိုင်းများ၊ မှတ်တိုင်များနဲ့ ရုံးတက်ရုံးဆင်းချိန် များ မှတ်တိုင်မှာ ကားစောင့်ဆိုင်းရချိန်များ၊ ကားအရှားဆုံးယာဉ်လိုင်းနံပတ်များ၊ ယာဉ်စီးနင်းနေချိန် ကြုံတွေ့ရတဲ့အခက်ခဲ စတာတွေ ကိုဖြည့်စွက်ရမှာဖြစ်ပါတယ်။
 
လက်ရှိမှာ YBS စီးနင်းတဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ ရုံးတက်ရုံးဆင်းချိန်တွေမှာ မှတ်တိုင်များတွင် ခရီးသည်စုပြုံ တိုးဝှေ့စွာ စီးနင်းနေရခြင်း၊ အချို့ယာဉ်လိုင်းများတွင်ယာဉ်အစီးရေနည်းပါးခြင်းကြောင်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ညအချိန်များတွင် YBS ယာဉ်ပြေးဆွဲမှုနည်းတဲ့အတွက် သွားလာရေးအခက်ခဲဖြစ်ခြင်းတွေနဲ့ကြုံတွေနေရတယ်လို့ ခရီးသွားပြည်သူတွေထံမှ သိရပါတယ်။
 
လက်ရှိမှာ တော့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း- ၁၃၂ ခုမှ ယာဉ်စီးရေ ၃၄၀၀ ကျော် ကို ခရီးသည် ၁ သန်း ခွဲခန့် စီးနင်းလျှက်ရှိတယ်လို့ သိရပါတယ်။
 

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026