NEWS

အမျိုးသားအောင်ပွဲနေ့ ၁၀၁ နှစ်ပြည့်သပိတ်တွေ နိုင်ငံတဝန်းမှာ ပြုလုပ်နေကြတဲ့ သတင်းအပါအဝင်ဒီကနေ့နိုဝင် ဘာ ၂၈ ရက်နေ့တနေ့တာသတင်းများအနှစ်ချုပ်။

CoverLogo
1.2K Views

ဒီကနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဗဟိုကော်မတီဝင် မုံရွာအောင်ရှင် ဒီကနေ့ မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ ပါတယ်။

နိုဝင်ဘာ ၂၇ မှာ ထန်တလန်မှာ မီးလောင်မှုထပ်မံ ဖြစ်ပွားပြီး   ၉ ကြိမ်မြောက်ရှိပြီ ဖြစ်သလို ခရစ်ယာန် ဘုရားကျောင်းတွေ အပါအ၀င် နေအိမ် ၁၀၀ နီးပါး မီးထဲပါသွားတယ်လို့ သိရပါတယ်။

ပြည်တွင်းခုခံတော်လှန်စစ်သတင်းများ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကြံခင်းကျေးရွာအနီး စစ်ရေးလှုပ်ရှားလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၃၇ စစ်ကြောင်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် K.I.A တို့ကြား ယနေ့ မွန်းလွဲပိုင်းတိုင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့အတွင်းမှာ ဒီနေ့ နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF ကန်ပက်လက်တို့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၆ယောက်ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်၊ မာထောကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာယီတပ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က နိုဝင်ဘာလ ၂၇ ရက် ယမန်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး ယနေ့အထိ နှစ်ဖက်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းထံမှ သိရှိရကြောင်းပြည်တွင်းသတင်းဌာနတခုကအတည်ပြုပါတယ်။


ပြည်သူများဖမ်းဆီးသတ်ဖြတ်ခံရမှု့

နိုဝင်ဘာ ၂၇ ညက ရန်ကုန်ကပုဇွန်တောင် ၅၁ လမ်းထိပ်ရဲစခန်းနားမှာဖြတ်သွားတဲ့ ကားတစီးကိုရဲတွေကဝိုင်းပစ်လို့အမျိုးသားတဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးဖြင့် စစ်သားအများအပြား အင်အားဖြည့်ထားပြီး ညောင်လှကျေးရွာကိုလည်း စစ်ရဟတ်ယာဉ်ဖြင့် ပစ်တာကြောင့်အနည်းဆုံး ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသခံများက သတင်းဌာနတွေကိုအတည်ပြုပါတယ်။

ဒီပဲယင်းဒေသ စစ်ဘေးရှောင် ကူညီရေးအဖွဲ့များ၏ အဆိုအရ  ရွာပေါင်း(၁၀)ရွာခန့်မှ စစ်ရှောင် ပြည်သူ  ၂၀၀၀ ခန့် ဟာ အနေခက် အစားခက် အခြေအနေသို့ ရောက်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်များကလည်း ပြည်သူများထံသို သတိပေးချက်များ ထုတ်ပြန်ထားပြီး လေကြောင်းတိုက်ခိုက် မှု့များ ကြုံတွေ့နေချိန် ပြည်သူများအချင်းချင်း အဆောက်အဦး အမိုးအကာအောက်သို့ ဝင်ရောက်ခိုလှုံခွင့်ပြုကြရန်၊ ကျေးရွာများကိုစွန့်ခွာထွက်ပြေးနေရသူများ လယ်ကွင်းများထဲတွင် အစုလိုက် နေထိုင်ခြင်းများကိုရှောင်ရှားကြပါရန်၊ ဒေသအလိုက် ကာကွယ်ရေးအဖွဲ့များမှ စီမံဆောင်ရွက်ပေးသော နေရာများ၊ ကျေးရွာများအတွင်းနေထိုင်ကြပါရန် သတိပေးထားပါတယ်။


ပြည်ပရေးရာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင်စစ်ခေါင်းဆောင်တွေကို ၂၀၁၇ ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်းရိုဟင်ဂျာတွေကိုလူမျိုးတုန်းသတ်ဖြတ်မှု့နဲ့တရားစွဲဆိုတာကို တရားရုံးက အမှု့စစ်ဆေးကြားနာဖို့လက်ခံလိုက်ပါတယ်။တရာစွဲတာကမြန်မာရိုဟင်ဂျာများအသင်းကစွဲတာပါ။အာဂျင်တီးနား၊ ဗျူနိုအေရီစ်းမြို့ကတရားရုံးမှာလို့သိရပါတယ်။

ပြည်တွင်းသပိတ်တိုက်ပွဲများ

အမျိုးသားအောင်ပွဲနေ့၁၀၁နှစ်ပြည့်အထိမ်းအမှတ်သပိတ်တိုက်ပွဲတွေက ရန်ကုန်၊ မန္တလေး၊ မုံရွာအစရှိတဲ့မြို့ကြီးတွေ အပါအဝင် နေရာ အတော်များများမှာစစ်ကောင်စီတပ်တွေကိုမကြောက်ရွံ့ဘဲ ရဲရဲဝံ့ဝံ့ချီတက်ဆန္ဒပြသပိတ်မှောက်နေကြပါတယ်။


ဒါကတော့ဒီကနေ့အတွက်  သတင်းအနှစ်ချုပ်ပါ။


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026