NEWS

အမျိုးသားနေ့ လူထုလှုပ်ရှားမှု ရက်သတ္တပတ် ဒီကနေ့ မှာ စတင်လိုက်တဲ့ သတင်းအပါအဝင် တနေ့တာသတင်းအကျဉ်းချုပ် စုစည်းမှု

CoverLogo
1K Views

အမျိုးသားနေ့ လူထုလှုပ်ရှားမှု ရက်သတ္တပတ် ဒီကနေ့ မှာ စတင်လိုက်တဲ့ ရန်ကုန်မှာတော့ဒီကနေ့ကစပြီးအမျိုးသားနေ့လှုပ်ရှားမှု့အဖြစ် စစ်တပ်ပိုင်ခရီးသွားပို့ဆောင်ရေးယာဥ်တွေမစီးနင်းတဲ့ ဘူး သပိတ်ကအရှိန်အဟုန်ကောင်းနေတဲ့အပြင်စစ်ကောင်စီဖက်ကလဲမြို့ထဲ ဆူးလေ ပန်းဆိုတန်း လသာဖက်တွေမှာဒင်းကြမ်းစစ်ဆေးနေပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ ကျဆုံးခဲ့သူ ဦးရေဟာ ၁၂၉၅ ဦးရှိပြီဖြစ်တယ်လို့ AAPP က ဖော်ပြပါတယ်။

ပြည်သူ့တော်လှန်ရေးခုခံစစ်သတင်းများ

စစ်ကိုင်းတိုင်းရွှေဘို၊ အင်ကြင်းပင်ရွာအနီး စစ်ကောင်စီတပ်ဖွဲ့ကို မဟာမိတ် ၂ ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ပြီး ၂ နာရီခန့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေး ၂ ဖွဲ့ဖြစ်သည့် Fight for Freedom (F.F.F) နှင့် ခင်ဦးမဟာမိတ်ညီအစ်ကိုများ အဖွဲ့က နိုဝင်ဘာလ ၂၇ ရက် ယနေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရကြောင်း (F.F.F) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲတွင် ရွှေဘိုမြို့ဘက်မှာ လာရောက်ခဲ့သော ဒေသခံကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တစ်ခုမှလည်း လက်နက်ကြီး ပစ်ကူများ ပေးခဲ့ကြောင်း Fight for Freedom က ယနေ့ သတင်းထုတ်ပြန်ပါတယ်။

​မကွေးတိုင်း၊ ယောနယ်မှာ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က စစ်သား ၅၀ခန့်သေဆုံးပြီး ယောဒေသ ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတွေရဲ့ထုတ်ဖော်ရေးသားချက်တွေအရသိရပါတယ်။

နိုဝင်ဘာ ၁၉ရက်၊ ၂၃ရက်၊ ၂၅ ရက်တွေမှာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၉ရက် တိုက်ပွဲမှာ စစ်သား ၄၀ခန့်နဲ့ ၂၃ရက် တိုက်ပွဲမှာ စစ်သား ၁၀ခန့်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆောနဲ့ကျောက်ထု ယောဒေသကာကွယ်ရေးတပ်က ဆိုပါတယ်။

နိုဝင်ဘာ ၁၉ရက်က YDF (Saw&Kyaukhtu) ၊ CDF (Mindat)၊ CDF (Kanpetlet) ၊ PDF (Saw) အဖွဲ့ တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တောမနဲ့ ကျင်းလိန်ရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

အဲဒီနေ့မှာ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်က စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက်မှာ YDF (Saw&Kyaukhtu) ၊ CDF (Kanpetlet)အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အောက်လက်မွန်နဲ့ အထက် လက်မွန်ရွာကြားမှာ နေ့လယ် ၁နာရီခွဲခန့်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။

တိုက်ပွဲကြာချိန် ၂နာရီခန့် ကြာခဲ့ပြီး အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ဦးခန့်သေဆုံးခဲ့ပြီး YDF (Saw&Kyaukhtu) ဘက်က ရဲဘော်၂ ဦး ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ရက်မှာ ကံချောင်းရွာနား တပ်စွဲထားတဲ့ စစ်သား ၅၉ဦးဟာ ကျောက်ထု လေယာဥ်ကွင်းဘက်ကို ဆုတ်ခွာချိန် ကျောက်ပုံ အနီးမှာ YDF (Saw&Kyaukhtu) က စလစ်အိုးအကြီးတစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YDF ကဖော်ပြပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ကုန်စိမ်းစျေးနှင့် ပေါ်တော်မူဘုရားအနီး ကမ်းနားလမ်းပေါ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းနောက် စစ်ကောင်စီ လက်နက်ကိုင်များက လမ်းသွားလမ်းလာများကို ရမ်းကားပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ နှစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမြို့နယ်၊ ဦးကြည်မုန့်တီဆိုင်အနီးတွင်ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ ယင်းနောက် ရန်ကင်း ၁ ရပ်ကွက် စာတိုက်မှတ်တိုင်အနီး အမှိုက်ပုံတွင် နံနက် ၉ နာရီ ၃၀ မိနစ်တွင်လည်းကောင်း ဗုံးများပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။

ပြည်သူများဖမ်းဆီးသတ်ဖြတ်ခံရမှုသတင်းများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည် လမ်းဆုံတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈နာရီ ၅မိနစ်အချိန် အသက် ၂၃နှစ်အရွယ် ကိုဇော်ဝင်းထွန်း ဆိုင်ကယ် စီးလာစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများနှင့် သေဆုံးသူ၏ မိတ်ဆွေများက သတင်းဌာနတွေကိုအတည်ပြုပြောကြားထားပါတယ်။

အဆိုပါ သေဆုံးသူ ကိုဇော်ဝင်းထွန်းသည် ရန်ကုန် သန်လျင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဆန့်တည်မြို့နယ် အင်းတောရိုးရွာတွင်ကို အလည်လာရောက်သူဖြစ်ပြီး ရန်ကုန်သို့ ပြန်ရန် ကားဂိတ်သို့ သွားရောက်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လယ်ယာလုပ်ကိုင်သည့် ဦးကျော်စိုးမိုးကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် PDFနှင့် ပတ်သတ်သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း ဦးကျော်စိုးမိုး မိသားစုနှင့် နီးစပ်သူတစ်ဦးက သတင်းဌာန တစ်ခုကို ဖြေကြားထားပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နှင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တို့တွင် ပြည်သူများကို စစ်ကောင်စီတပ်များက အကြမ်းဖက် ဖမ်းဆီးပြီး ကျေးရွာများကိုလည်း မီးရှို့မည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း သိရှိရပါတယ်။

မကွေးတိုင်း နတ်မောက်မြို့နယ် တွင်းကြီးကျေးရွာတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်က အပြစ်မဲ့ ပြည်သူ ၄ ဦးကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင်က မတရား ဖမ်းဆီးသွားကြောင်း ကျေးရွာတွင်း နေထိုင်သူများက ပြောပါတယ်။

ကယားပြည်နယ်၊ ဒီ​မော့ဆိုတွင် နိုဝင်ဘာလ ၂၅ ရက်​နေ့ ဖြစ်ပွားခဲ့​သော တိုက်ပွဲ၌  အသက်ပေးကျဆုံးသွားသော KNDF ရဲဘော်တို့၏  စျာပန နာ​ရေး ခရီးကို နိုဝင်ဘာလ ၂၆ ရက်​နေ့တွင် ပြုလုပ်ခဲ့ကြပါတယ်၊


မီးလောင်မှု့သတင်းများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး ယနေ့နံနက် ၇ နာရီဝန်းကျင်မှ စ၍ မီးစတင်လောင်ကျွမ်းနေကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းမှုအသေးစိတ်နှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေအား လတ်တလော မသိရှိရသေးဘူးလို့ဆိုပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာလဲတောင် ဒဂုံစက်မှု့ဇုန်ထဲကစက္ကူစက်ရုံတခုမီးလောင်ကျွမ်းမှု့ဖြစ်ပွားခဲ့ပါ သေးတယ်။

တော်လှန်ရေး သပိတ်များ

အမျိုးသမီးများအား အကြမ်းမဖက်ရေးလှုပ်ရှားမှု ရက်သတ္တပတ်ဖြစ်တာနဲ့အညီ ပြည်တွင်းသပိတ်တွေက ပျောက်ကြားစနစ်နဲ့အကြမ်းမဖက်လှုပ်ရှားကြွေးကြော်ကြပါတယ်။

ရန်ကုန် မန္တလေးအပြင် အထက်မြန်မာပြည်က ရွာလုံးကျွတ်သပိတ်တိုက်ပွဲတွေကတနေ့တခြားပြင်းထန်လာပြီလို့ဆိုရမှာပါ။

ဒါကတော့ဒီကနေ့Myanmar Labour News ရဲ့သတင်းအနှစ်ချုပ်ပါ။သတင်းပါအချက်အလက်အချို့ကိုပြည်တွင်းသတင်းဌာနများမှကိုးကားဖော်ပြထားပါတယ်။


Related posts

Cover
ငလျင်သင့်ဒေသ များရှိ လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေ အရေးပေါ်လိုအပ်နေ
Apr 20, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025