- ပြည်တွင်းခုခံတော်လှန်မှု့နှင့်အထွေထွေသတင်းများ
ဒီကနေ့မနက်မြန်မာစံတော်ချိန် ၉ နာရီမှာစတင်ရောင်းချတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ငွေတိုက်စာချုပ်တွေကိုဝယ်ယူသူများပြားခဲ့တဲ့အတွက်ရောင်းချပြီး ၂ နာရီအတွင်းမှာပဲအမေရိကန်ဒေါ်လာ ၂ သန်းကျော်ရရှိခဲ့ပြီးနေ့တဝက်အတွင်းဒေါ်လာလေးသန်းကျော်ရရှိခဲ့ပြီလို့ NUG နဲ့နီးစပ်သူတွေကတရားဝင်ထုတ်ဖော်ပြောဆိုပါတယ်။
ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ(၅)နာရီခန့်တွင် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)မှ ဥက္ကဋ္ဌဟောင်းဖြစ်သူ မသဲစုနိုင်ကို အကြမ်းဖက်စစ်အုပ်စုမှသေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီးဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ဗကသများအဖွဲ့ချုပ်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ထို့ပြင် မသဲစုနိုင်၏ ဖခင် ဖြစ်သူကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနေအိမ်ရှိဖုန်းအားလုံးကိုလဲ သိမ်းယူသွားခဲ့တယ်လို့လည်းသိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းမှ ဂန့်ဂေါမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီကား ၅ စီးပါယာဥ်တန်းကို ခေါက်ခူရွာအနီးတွင် ယမန် နေ့ (နိုဝင်ဘာ ၂၁ ရက်)က မိုင်း ၁၂ လုံး ဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-YDFက သတင်းထုတ်ပြန်လိုက်ပါတယ်။အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား ၂ စီး မိုင်းထိမှန်ခဲ့ပြီး ဗိုလ်အဆင့်ရှိသူ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ပြီး၂၀ ဦး ကျော် ပြင်း ထန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
နိုင်ဝင်ဘာလ (၂၁) ရက်နေ့ ညနေ ၆နာရီခန့်က ကေအဲန်ယူ-သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီ ခလရ (၂၀၇)တပ်စခန်း(သိမ်ဇရပ်)ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ တပ်ရင်း(၃) လက်အောက်ခံတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဖက်က (၃)ဦး ဒဏ်ရာရပြီး မော်တော်ယာဥ်ရုံး ပျက်စီးခဲ့ပါတယ်။နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ မိုးဘောရွာဟောင်း နှင့် မိုးဘောနတ်စင်ကြား၌ KNLA တပ်ရင်း (၃)နှင့် စစ်ကောင်စီ တပ်မ(၂၂) လက်အောက်ခံတပ်များအကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ယမန်နေ့မော်လမြိုင်မြို့နယ်သံဖြူဇရက်က ကျိုက်နဲဘုရားမှာပင်လယ်ရေရိုက်ခတ်မှု့ကြောင့်ပင်လယ်ထဲမျောပါသေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုဒီကနေ့မှာပဲထပ်မံဆယ်ယူရရှိတယ် လို့လူမှု့ကူညီရေးအသတင်းတွေကထုတ်ပြန်ပါတယ်။ယခုအချိန်အထိသေဆုံးသူ၂၀နီးပါးရှိနေပြီး ပျောက်ဆုံးနေသူတွေမိဘဆွေမျိုးတွေနဲ့အဆက်အသွယ်မရသူတွေလဲရှိနေသေးတယ်လို့သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက် မနေ့က ကျောက်ထု - ပခုက္ကူလမ်းပိုင်းမှာ ဆီသယ်ယာဉ်တစ်စီးကို ကျောက်ထု PDF က စစ်ဆေးခဲ့ချိန်မှာ စစ်ကောင်စီရဲ့ ပုံမှန်ဆီသယ်ပေးနေတဲ့ ကားဖြစ်နေလို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောက်ထု PDF က ထုတ်ပြန်ထားပါတယ်။ကျောက်ထုမြို့နယ်ထဲမှာလေတပ်နဲ့အမြှောက်တပ်ပါရှိနေတယ်လို့သိရပါတယ်။
- ပြည်သူများသတ်ဖြတ်ဖမ်းဆီးခံရမှု့ဖြစ်စဥ်များ
ဒီကနေ့မနက်ပိုင်းမှာပဲ ဒေသခံတွေအမှီသဟဲပြုဆေးကုနေတဲ့ကယားပြည်နယ်လွိုင်ကော်က ခရစ္စ်တူးဘုရက်ဘုရားကျောင်းက ဂရုဏာဆေးခန်းကိုစစ်တပ်ကဝင်စီးပြီးဆေးကုပေးနေတဲ့ဆရာဝန်တွေနဲ့လူနာတွေပါမကကျောင်းထိုင်ဘုန်းတော်ကြီးတပါးကိုပါဖမ်းဆီးသွားခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမြို့ခံတွေက ဖမ်းဆီးခံရသူတွေအတွက်စိတ်ပူနေကြပြီးအမြန်ဆုံးပြန်လွှတ်ပေးဖို့ဆန္ဒရှိနေကြတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သဲကုန်းကြီးကျေးရွာမှ ကိုမောင်မောင်ထွေး၊ ကယား ပြည်နယ်၊ ဖရူဆိုမှ မောင်ဂျော့မောင်ငယ်၊ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ ဦးသန်းမြတ်စိုးအပါအဝင် ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ဒေသခံတွေကသတင်းဌာနတွေကိကထုတ်ဖော်ပြောဆိုချက်တွေအရသိရပါတယ်။
ခင်ဦးမြို့နယ် သဲကုန်းကြီးကျေးရွာကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီးနောက် ယနေ့ နိုဝင်ဘလ ၂၂ ရက် မွန်းလွဲ ၁၁ နာရီတွင် ပြန်လည်ထွက်ခွာသွားချိန် ကျေးရွာသားများ ရွာထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားသည့် ကိုမောင်မောင်ထွေး ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများကသတင်းဌာနကိုအတည်ပြုပြောဆိုခဲ့တယ်လို့သိရပါတယ်။

ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် ဧပြီလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် မောင်ဂျော့မောင်ငယ်သည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သေဆုံးသွားကြောင်း၊ နာနတ်တောရွာနေ အသက် ၁၇ နှစ်အရွယ် ကိုဂျော့မောင်ငယ် သေဆုံးသွားပြီဟု လွိုင်ကော်စခန်းက မိသားစုကိုအကြောင်းကြားလာပြီး မည်သို့သေဆုံးသွားသည်ကို မသိရှိရကြောင်း မိသားစုဝင်တွေကအတည်ပြုထားပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်( ဒါးပိန်တောင်) မြို့မရန်အောင်ခန်းမတွင်တပ်စွဲထားသော တပ်မ (၁၁)က ယနေ့ နံနက် ၁ နာရီ ၅၈ မိနစ်တွင် သခွတ်ပင်ပိုင်း(ဂိတ်အရှေ့)တွင် ဒါးပိန်အရှေ့ပိုင်းမှ ဦးသန်းမြတ်စိုးကို ပစ်သတ်လိုက်ကြောင်း သိရှိရပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ ည ၉နာရီ ၄၀ မိနစ်အချိန်ခန့် ရုံးကြီးရပ်ကွက်၊ တပင်ရွှေထီး လမ်းမတွင် အမျိုးသား ၃ ဦးသည် ငါးဒိုင်မှ ငါးဝယ်ပြီး သုံးဘီးဖြင့်အပြန် ဆီပြတ်သဖြင့် နောက်ထပ်သုံးဘီးငှား၍ ငါးသယ်ရန်လုပ်ဆောင်နေစဥ် စစ်ကောင် စီတပ်များက ပစ်ခတ်သဖြင့် အမျိုးသား ၆ဦးအနက်မှ လူငယ် ၁ဦးမှာ သေနတ်ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့နယ်အရှေ့ဘက်ကမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က အပြစ်မဲ့ပြည်သူ ၁၅ ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး နေအိမ် ၁၀ လုံးကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ထီးချိုင့် ဒေသသတင်းရင်းမြစ်တွေကထုတ်ဖော်ပြောကြားထားပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန်ရွာတွင် နိုဝင်ဘာ၂၀ ရက်နေ့ ဆိုင်ကယ်နှစ်ယောက်တွဲ စီးလာသော လူငယ်နှစ်ဦးကို ရွာလယ် ဘောလုံးကွင်းအနီးတွင် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာကိုတင်မောင်အေး သေဆုံးသွားကြောင်း ၊ ကိုတင်မောင်အေးနှင့်သူငယ်ချင်းဖြစ်သူတို့သည် ဆိုင်ကယ်ဖြင့် ချောင်းဦးမြို့မှ ကျီကုန်းရွာသို့ ပြန်လာစဉ် စစ်တပ်က ပစ်ခတ်ခြင်းဖြစ်ပြီး ဆိုင်ကယ်နောက်လိုက်ပါသူ ကျီကုန်းရွာသား အသက်(၃၀)ကျော်အရွယ် ကိုတင်မောင်အေး သေနတ်မှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတင်းရင်းမြစ်တွေကထုတ်ဖော်ပြောကြားထားပါတယ်။
- ပြည်ပသတင်း
စစ်ခေါင်းဆောင် တရုတ်-အာဆီယံအစည်းအဝေးမတတ်ရတဲ့သတင်းကလွဲရင် အာဆီယံကလုပ်တဲ့သဘာဝပါတ်ဝန်းကျင်ဆိုင်ရာဒေသတွင်းအစည်းအဝေးမှာ NUG ရဲ့ဝန်ကြီးဒေါက်တာတူးခေါင်ကိုဖိတ်ခေါ်ထားတာကတော့ထူးခြားတယ်လို့ ဆိုရမှာပါ။
တဆက်အထဲမှာပဲစစ်ခေါင်းဆောင်ကိုအိန္ဒိယမှာလုပ်တဲ့ထိပ်သီးအစည်းအဝေးပွဲတခုကို မိုဒီတို့အဖွဲ့ကဖိတ်ထားပါတယ်သတင်းအကျယ်ကတော့နောက်ရက်တွေမှာဆက်လက်ဖော်ပြပါ့မယ်။
ဒါကတော့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ Myanmar Labour News Team ကစုစည်းထားတဲ့ သတင်းအကျဉ်းချုပ်ပါ။