NEWS

အမျိုးသမီး ၉ ဦးကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ငွေကြေးအကျိုးမြတ် ခေါင်းပုံဖြတ်သူများကို လူကုန်တားဥပဒေဖြင့် အရေးယူ

CoverLogo
119 Views
 
အမျိုးသမီးကိုးဦး ကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေကို ခေါင်းပုံဖြတ် ရယူသူတွေကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေဖြင့် အရေးယူခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်(ဈ)ရပ်ကွက်နေ ကိုထွန်းဝေ၊မစိုးစိုးထွေး၊မခင်ချိုဝင်း နဲ့ ပြင်ဦးလွင် မြို့ ရပ်ကွက်၆နေ မဖူးဖူးဝေ တို့လေးဦးဟာ Hello စင်တင် စားသောက် ဆိုင်ရှိ မော်ဒယ် အဖွဲ့ မှအမျိုးသမီးကိုးဦး ကို မော်ဒယ်ရှိုးလျှောက်ခိုင်းပြီး ဧည့်သည့်အမျိုးသားနဲ့ ပြင်ပလိုက်ခိုင်းပြီးပြည့်တန်ဆာအဖြစ် ခိုင်းစေတယ်လို့ သိရပါတယ်။
အခုလို ခိုင်းစေပြီး ရရှိလာတဲ့ ငွေ တွေကို ခေါင်းပုံဖြတ် အကျိုးအမြတ် ရယူဆောင်ရွက် ကြောင်း စိစစ်ပေါ်ပေါက်တဲ့ အတွက် အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ တရားလို ပြု တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း (ပ)၁၀၃/၂၀၂၅လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့် တရားစွဲတင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီဇင်ဘာ၁၂ရက်က မဟာအောင်မြေ‎ခရိုင် တရားရုံး မှ တရားခံ မစိုးစိုးထွေး၊မခင်ချိုဝင်း၊ကိုထွန်းဝေနဲ့ မဖူးဖူးဝေ တို့ လေးဦးကို လူကုန်ကူးမှုဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နဲ့ထောင်ဒဏ် နှစ်၂၀ စီ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026
Cover
မြို့နယ် လ၀က ရုံးများ တွင် ရုံးပိတ်ရက်မရှိ မှတ်ပုံတင် ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ကြေညာ
Jan 08, 2026
Cover
၁၁နှစ်အတွင်း အလုပ်အကိုင် ၇၁မျိုးအတွက် ကျွမ်းကျင်လုပ်သား ၄၀၀၀၀ ကျော် ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ဟု ဆို
Jan 08, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
ရန်ကုန်တွင် ဘွဲ့ရသူ စာရင်းကောက်ယူနေ၍ ပြည်သူတွေစိုးရိမ်နေ
Dec 23, 2025
Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025