NEWS

အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်

CoverLogo
393 Views
 
အသက်မပြည်တဲ့ အမျိုးသမီးငယ်ကို ငွေကြေးမက်လုံးပေးပြီး တရုတ်ဇနီးမယား အဖြစ် ရောင်းစားဖို့စီစဉ် ဆောင်ရွက်ခဲ့သူတွေကို အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀စီ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆီ သိရပါတယ်။
 
ရှမ်းပြည်နယ် ၊နောင်ချိုမြို့နယ်က အသက်၁၅နှစ် ဝန်းကျင်အရွယ် အမျိုးသမီးငယ်ကို တရားခံတွေက ငွေကြေးမက်လုံးပေး စည်းရုံး ပြီး တရုတ်နိုင်ငံက လူပွဲစားထံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် တရုတ်နိုင်ငံသားနဲ့ ပေးစားဖို့
အတွက် ရောင်းစားဖို့စီစဉ် လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
 
အမျိုးသမီးငယ်ကို ရောင်းစားဖို့ စီစဉ်လုပ်ဆောင်ခဲ့ကြတဲ့ မူဆယ်မြို့က မခမ်းအိန် ၊ စိုင်းမြင့်ဦး(ခ) အိုက်မြင့်ဦး၊ မမိုခေး (ခ) အိုက်လောဝ် နဲ့ ကြည်ဝင်း(ခ)ခေးလျန်း(ခ)ကိုစိုင်း တို့ကို မူဆယ်မြို့မရဲစခန်းက (ပ)၆၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၃၇/၃၈(က)/၄၄ နဲ့အမှုဖွင့် တရားစွဲတင်ခဲ့တယ်လို့ သိရပါတယ်။
 
ဇွန်လ ၅ ရက် မှာ မူဆယ် ခရိုင်တရားရုံးက တရားခံ မခမ်းအိန်၊ စိုင်းမြင့်ဦး(ခ)အိုက်မြင့်ဦးနှင့် မမိုခေး(ခ) အိုက်လောဝ်တို့ သုံးဦးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ အပြစ်ဒဏ် ချမှတ်ပြီး တရားခံကြည်ဝင်း (ခ)ခေးလျန်း(ခ) ကိုစိုင်းကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၇ နဲ့ ထောင်ဒဏ် ငါးနှစ်ကျဖို့ အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မမိုးကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ နဲ့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
 
ပြည်တွင်းက ငွေကြေး အခက်ခဲရှိနေ တဲ့ အမျိုးသမီးငယ်တွေ ကို ပွဲစားတွေ က ပြစ်မှတ်ထား ချဉ်းကပ်ပြီး ငွေကြေးမက်လုံးပေးကာ တရုတ်မယား အဖြစ် ရောင်းစားဖို့ လုပ်ဆောင်တာတွေ မကြာခဏ ဖြစ်ပွား နေတယ်လို့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026