NEWS

အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား

CoverLogo
213 Views
 
ပြည်တွင်းမှ အဆိုတော် ရှင်မင်းမြတ်ကို ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မင်္ဂလာဆောင်မှာ ဖျော်ဖြေရန် အကြောင်းပြ၍ လိမ်လည် ခေါ်ယူကာ ကျားဖြန့် ဂိုဏ်းမှ ပြန်ပေးဆွဲ ရိုက်နှက် နှိပ်စက်ပြီး ကျပ်သိန်းထောင်ချီ တောင်းယူမှု ဖြစ်ပွားခဲ့တယ်လို့ အဆိုတော် ရှင်းမင်းမြတ်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးဖော်ပြထားပါတယ်။
 
အဆိုတော်ရှင်းမင်းမြတ်ဟာ ၎င်းတို့ရဲ့ဖိတ်ကြားချက်အရ ဇန်နဝါရီ ၄ရက်မှာ ရန်ကုန်မှ မန္တလေးသို့ လေယာဉ်နဲ့သွားရောက်ခဲ့ပြီး ဟိုတယ်တစ်ခုမှာတည်းခိုခဲ့ကြောင်း ဇန်နဝါရီ ၅ရက် မနက်ပိုင်းမှာတော့ မန္တလေး မှ မူဆယ်သို့ သွားရန် ကားဖြင့် လာခေါ်တဲ့ အတွက် လိုက်ပါသွားတယ်လို့ ဆိုပါတယ်။
 
"မိတ်ဆွေ တစ်ဦးရဲ့ မိတ်ဆွေမှတစ်ဆင့် မိတ်ဆွေရဲ့ မိတ်ဆွေ ဆိုသူ တစ်ဦးက မင်္ဂလာဆောင်ကိစ္စ အတွက် ဖိတ်ကြားခဲ့ပါတယ်၊ထိုသူကို ယုံကြည်မှုနဲ့ လက်ခံခဲ့ပြီး ရန်ကုန်မှမန္တလေး လေယာဉ် လက်မှတ်ကို ကြိုတင်စီစဉ်ပေးခဲ့ပါတယ် ဇန်နဝါရီ၄ရက်မှာ ရန်ကုန်မှ မန္တလေး ကို ရောက်ခဲ့ပြီး ၅ရက်နေ့မနက်ပိုင်းမှာ မူဆယ်ကိုသွားဖို့ ဟိုတယ်မှ ကားဖြင့် လာရောက်ခေါ်ယူခဲ့ ကာ မူဆယ်ကို ရောက်ခဲ့တယ်"လို့ အဆိုတော်ရှင်မင်းမြတ်က ပြောကြားထားပါတယ်။
 
ညပိုင်း တွင် ပွဲကျင်းပမယ့်နေရာ သို့ သွားရောက် ကြည့်ရှုပြင်ဆင်လိုကြောင်း ပြောတဲ့အခါ ၎င်းတို့မှ လူ၄ဦးနဲ့ လာရောက် ခေါ်ယူပြီး ၎င်း တို့ ၄ဦးမှ လူမရှိတဲ့ နေရာကို (အပေါ့သွားရန်) ဆီးသွား ဖို့ ဆိုကာ အကြောင်းပြပြီး နောက်ကားကိုမောင်းနှင်လာပြီး ဆီးသွားမယ်ထင်ကာ ကားပေါ်ထိုင်စောင့်နေစဉ် အနက်ရောင် ခေါင်းစွပ် အိပ်နဲ့ မျက်လုံးကို ဖုံးအုပ်ပြီး လက်ထိပ်ခတ်ကာ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုသို့ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရကြောင်း ရှင်မင်းမြတ်က ဖော်ပြထားပါတယ်။
 
ယင်းနေရာတွင် ၎င်းတို့ကို လောက်ကိုင်အမှုဟောင်းတစ်ခုနှင့် အကြောင်းပြကာ ကျပ်သိန်း ၇၀၀၀ တောင်းခံ၍ ရိုက်နှက်နှိပ်စက်ခဲ့ပြီး၊ နောက်ပိုင်းတွင် သိန်း၆၀၀၀သို့လျော့ကာ ငွေအပြည့်စုစောင်းပေးဖို့ အတင်းကြပ်တောင်းဆို ပြီး ငွေမစုစောင်းနိုင်လို့ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
 
ထို့နောက် အဆိုတော် ရှင်မင်းမြတ်က ၎င်း၏မိသားစုနှင့်အခြားသော မိတ်ဆွေများရဲ့အကူညီနဲ့ ကျပ်ငွေ သိန်း ၃၀၀၀ ကျော် ပေးအပ်လိုက်တဲ့နောက်မှာ ပြန်ပေးဆွဲသူတွေက ငွေထပ်မံရနိုင်တော့မည်မဟုတ်ဟု ယူဆပြီး နောက် အဆိုတော်ရှင်မင်းမြတ်ကို လမ်းပေါ်တွင် ပစ်ချထားခဲ့ကာ မှတ်ပုံတင်နှင့် ငွေကျပ် ၁၀ သိန်းသာ ပြန်ပေးကြောင်း ပတ်စ်ပို့နှင့် အသုံးအဆောင်ပစ္စည်းများကို တော့ ပြန်ပေးသမားများက ယူဆောင်သွားခဲ့တယ်လို့ ရှင်မင်းမြတ်မှ ပြောကြားထားပါတယ်။
 
၎င်းကို မလွှတ်ပေးမီ က အဝတ်အစားများ ချွတ်ခိုင်းကာ ယခုပေးတဲ့ ငွေကျပ်သိန်း၃၀၀၀ဟာ ချေးယူထားတဲ့ပိုက်ဆံပြန်ပေးတာဖြစ်တယ်လို့ပြောဆိုခိုင်းပြီး ဗီဒီယိုရိုက်ကူးထားကြောင်း ယခုကိစ္စကို ရဲတိုင်ပါက လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေမည်ဟုလည်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
 
လက်တလောမှာတော့ အဆိုတော်ရှင်မင်းမြတ်ဟာ မန္တလေးမြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်မှုပြုလုပ်ထားပြီး အမှုအခင်းကိစ္စ အတွက် တိုင်ချက်ဖွင့်ထားကာ တရားဥပဒေ အရ ထိရောက်စွာ အရေးယူပေးဖို့ လည်း လူမှုကွန်ယက်မှ တောင်းဆို အသိပေးဖေါ်ပြထားပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026