NEWS

အစိုးရဝန်ထမ်းတွေ တဆက်တည်းရုံးပိတ်ရက်ယူပါက စနေနေ့ရုံးပြန်တက်ပေးရန် သတ်မှတ်

CoverLogo
3K Views

စစ်ကောင်စီက အစိုးရရုံးပိတ်ရက်နဲ့ အများပြည်သူအလုပ်ပိတ်ရက် တွေရဲ့ ကြားရက်ကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး  စနေနေ့မှာ အစားထိုးရုံးပြန်တက်ဖို့ ပိတ်ရက်တွေကိုထုတ်ပြန်ကြေငြာပါတယ်။ 

အစိုးရရုံးပိတ်ရက် ( စနေနေ့ နဲ့ တနင်္ဂနွေနေ့)နဲ့ အများပြည်သူအလုပ်ပိတ်ရက်ရဲ့ ကြားရက်ကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ကြားရက်အတွက်  စနေတစ်ရက်ပြန်အစားထိုးရုံးတက်ဖို့ အစားထိုးရုံးတက်ရက်အဖြစ်သတ်မှတ်လိုက်ကြောင်းကြေငြာလိုက်တာဖြစ်ပါတယ်။ 

ဒီအခြေအနေဟာ တပတ်လျှင် ၆ ရက်ဆက်တိုက် သို့မဟုတ် တပတ်တာလုံးပိတ်ရက်မရှိ အချိန်ပိုဆင်းနေရတဲ့ စက်ရုံအလုပ်သမား တွေအတွက်တော့ သက်ဆိုင်ခြင်း ရှိ ၊ မရှိ မသိရသေးပါဘူး။ 

လက်ရှိမှာ အများပြည်သူရုံးပိတ်ရက်အတွက်တော့ ကြိုတင်အစား ထိုးဆင်းပေးနေရတယ်လို့ စက်ရုံ၊  အလုပ်ရုံအလုပ်သမားတွေကပြောပါတယ်။ 

"သူတို့ကြေငြာထားတဲ့ပိတ်ရက်တွေအတိုင်း  မရပါဘူး။ တနင်္ဂနွေတောင် ၃၁ ရက်နေ့ပိတ်ရက်အတွက်  အစားထိုးဆင်းပေးနေကြရပါတယ်။  အဲ့ဒီထုတ်ပြန်ချက်က အစိုးရဝန်ထမ်းတွေအတွက်ပဲသက်ဆိုင်တယ်လို့မြင်တယ်။  စက်ရုံအလုပ်သမားတွေအလုပ်က စနေနေ့တွေမှာနေ့တစ်ပိုင်းဆင်းသေးတယ်။ ကျွန်မတို့ပိတ်ရက်က ခရစ္စမတ်ပိတ်ရက်နဲ့ ကရင်နှစ်သစ်ကူးရယ်ပဲ ပိတ်တယ်"လို့  အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။ 

"နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနား ယူအပန်းဖြေနိုင်စေရန်အတွက်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံး ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ကြားရက်များကိုတစ်ဆက်စပ်တည်းပိတ်ပေးပြီးပိတ်သော ရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန်သတ်မှတ်"ဆိုပြီးထုတ်ပြန်ထားတာပါ။ 

"ပိတ်ရက်ကြေငြာတဲ့ဟာမှာ မြို့နယ်အလိုက်အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးအရာရှိတွေအနေနဲ့က ပိတ်ရက်တွေအတည်ဖြစ်ကြောင်း သူတို့ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ စက်ရုံတွေကိုဖြန့်တယ်။ အဲ့ဒီတော့မှ ကျွန်တော်တို့အလုပ်သမားတွေအတွက်က အတည်ဖြစ်တာ။ ခုကအလုပ်သမား၀န်ကြီးဌာနကလည်း လက်မှတ်ထိုးတာမရှိသေးတဲ့အတွက်  ဒါကအတည်ယူမှာလား မယူဘူးလားက မသိရ သေးဘူး။ ၃၁ ရက်ကပိတ်ရက်မဟုတ်ဘူး။ သူတို့ကစာတော့ထုတ်တယ် ကြေငြာတာပဲရှိတယ်။ ဒါကအစိုးရဝန်ထမ်းတွေအတွက်ကိုပဲသီးသန့်ထုတ်တာလား အလုပ်သမားအားလုံး စက်ရုံအလုပ်ရုံဝန်ထမ်းတွေအတွက်ရောပါလားဆိုတာ သေချာမသိဘူး။ ၃၁ရက်နေ့ပိတ်ရက်မဟုတ်တဲ့အတွက် ဇန္နဝါရီလထဲမှာ စနေနေ့ကိုပိတ်ရက်အတွက်အစားထိုးရုံးတက်ရက်သတ်မှတ်တယ်လို့ဆိုထားတော့ ဒါကအစိုးရဝန်ထမ်းတွေအတွက်ပဲဖြစ်မယ် မေးရအုံးမှာပါ"လို့  အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ 

အဆိုပါထုတ်ပြန်ကြေငြာချက်အရ  အလုပ်သမားတွေဟာ သက်ဆိုင်ရာ မြို့နယ်အလိုက်အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးအရာရှိတွေအနေနဲ့က ပိတ်ရက်တွေအတည်ဖြစ်ကြောင်း သူတို့ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ စက်ရုံတွေဆီပေးပို့အသိပေးကြေငြာတာမရှိသေးသလို တိတိကျကျမသိရသေးဘူးလို့လည်းသိရပါတယ်။  

အဲ့ဒီလိုတိတိကျကျမသိရသေးပေမဲ့လည်း  လတ်တလောမှာတော့ အဆိုပါပိတ်ရက်ရှည်အတွက် ဒီဇင်ဘာ ၂၁ရက်စနေနေ့တစ်ဝက်နဲ့ ဒီဇင်ဘာ ၂၂ရက်တနင်္ဂနွေနေ့တွေမှာ ကြိုတင်အစားထိုးဆင်းပေးနေရတယ်လို့လည်း သိရပါတယ်။  

စစ်ကောင်စီရဲ့ ပိတ်ရက်ရှည်ကြေငြာချက်အရ  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ၂၈ ရက်(စနေနေ့)၊ ၂၉ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ၁ရက်တို့ ကြားရှိ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် (ရုံးပိတ်ရက်၅ရက်)၊ ၂၀၂၅ ခုနှစ်၊ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ရက်(စနေနေ့) နှင့်၁၆ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ္လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့၏ရှေ့တစ်ရက် ဖြစ်သည့်မတ်၁၂ရက်(ရုံးပိတ်ရက် ၅ ရက်)၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ရက် (စနေနေ့)၊၂ ရက်(တနင်္ဂနွနေ့)နှင့်၄ရက်(တန်ဆောင်မုန်းလပြည့်နေ့)တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်(ရုံး ပိတ်ရက် ၄ ရက်)၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွနေ့)တို့ကြားရှိဒီဇင်ဘာ၂၆ရက်(ရုံးပိတ်ရက်၄ရက်)တို့အားတစ်ဆက်စပ်တည်း အစိုးရရုံး ပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ 

ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးလိုက်တဲ့  ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံးစနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန္နဝါရီ ၄ရက်(စနေနေ့)ဟာ  အစားထိုးရုံးတက်ရက်ဖြစ်သော်လည်း လွတ်လပ်ရေးနေ့ဖြစ်နေတာကြောင့် ဇန္နဝါရီ ၁၁ ရက်(စနေနေ့)၊ဒုတိယရုံးပိတ်ရက်ရှည်အတွက် မတ်၂၂ရက်(စနေနေ့)နှင့် မတ္လ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ်ရက်ရှည်အတွက် နိုဝင်ဘာ၈ရက်(စနေနေ့)၊စတုတၳရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ၃ရက်(စနေနေ့)တို့ကိုအစားထိုးရုံးတက်ရက်များအဖြစ်သတ်မှတ်တယ်လို့ ကြေငြာထားတာဖြစ်ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026