NEWS

အခြေခံပညာကျောင်းတွေကိုမတက်ရောက်ဘဲသပိတ်မှောက်ကြောင်း ကျောင်းသားထုအစည်းအဝေးမှဆုံးဖြတ်ချက်ချ

CoverLogo
1.9K Views

"ဒီပညာရေးစနစ်က ခပ်ရိုင်းရိုင်းပြောရရင်ကျွန်စော်နံနေတာပဲဗျာ၊ ကျောင်းသားမိဘတွေအနေနဲ့လည်းကိုယ့်သားသမီးကို ပုံစံခွက်ထဲကထွက်လာတဲ့ရုပ်သေးရုပ်လိုအဖြစ်ခံမလားစဥ်းစားရမှာပေါ့"ကိုစိုင်းဆစံ(နိုင်ငံလုံးဆိုင်ရာအခြေခံကျောင်းသားထုအစည်းအဝေးဖြစ်မြောက်ရေးကော်မတီဝင်)

စစ်ကောင်စီရဲ့ပညာရေးစနစ်ကိုအယုံအကြည်မရှိတဲ့အတွက်စစ်ကောင်စီကဖွင့်လှစ်နေတဲ့အခြေခံပညာကျောင်းတွေကိုမတက်ရောက်ပဲသပိတ်မှောက်ကြောင်းဒီကနေ့ပြုလုပ်တဲ့နိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားထုအစည်းအဝေးကဆုံးဖြတ်ချက်ချလိုက်ပါတယ်။

အဲ့ဒီ့ဆုံးဖြတ်ချက်တွေထဲမှာစစ်ကောင်စီရဲ့စနစ်တွေကိုတိုက်ဖျက်ရာမှာပါဝင်တဲ့မည်သည့်အဖွဲ့အစည်းမဆိုဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင်ကြားကာလပညာရေးဆိုင်ရာအာမခံချက်ပေးဖို့လဲအမျိုးသားညီညွတ်ရေးအစိုးရကိုတိုက်တွန်းလိုက်တယ်လို့သိရပါတယ်။

"ရပ်ရွာအခြေပြုနဲ့လူတန်းစားအားလုံးပါဝင်နိုင်တဲ့ပညာရေးစနစ်တခုကိုဖော်ဆောင်ပေးဖို့လိုတယ်။ကြားကာလမှာပညာရေးဆိုင်ရာပြသနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် အားလုံးတန်းတူပညာရေးစနစ်တခုဖော်ဆောင်ပေးဖို့ NUG ရဲ့ပညာရေးဝန်ကြီးဌာနအနေနဲ့ဆောင်ရွက်ပေးဖို့လိုပါတယ်"လို့ကိုစိုင်းဆစံ(နိုင်ငံလုံးဆိုင်ရာအခြေံကျောင်းသားထုအစည်းအဝေးဖြစ်မြောက်ရေးကော်မတီဝင်)ကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီကအခြေခံပညာကျောင်းသားတွေကိုဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကိုအပြင်းအထန်ရှုံ့ချကြောင်းလဲဒီကနေ့အစည်းအဝေးမှာပြောပါတယ်။ 
 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026