NEWS

အချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

CoverLogo
219 Views
ဒီဇင်ဘာ၂၂
ရန်ကုန်မြို့ ၊ရွှေပြည်သာမြို့နယ်၊သာဓုကန် စက်မှုဇုန်မှာရှိတဲ့Myanmar Sportအထည်ချုပ် စက်ရုံက တရားဝင်ရုံးပိတ်ရက်တွေကို မပိတ်‌ေကြာင်းလိမ်လည် အမိန့်ထုတ်ကာအလုပ်ဆင်းခိုင်းတာတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
ပြည်ပလုပ်သားစေလွှတ်မှု ကန့်သတ်ပိတ်ပင်ခံရပြီးနောက်ပိုင်း အလိမ်ခံရတာတွေပိုများလာ တယ်လို့ နစ်နာသူလုပ်သားတွေနဲ့ပြည်ပအလုပ်အကိုင် ရှာဖွေပေးသူတွေထံကသိရပါတယ်။
 
မလေးရှား နိုင်ငံ မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ခဲ့ပြီး တဲ့ မြန်မာနိုင်ငံသား ၁၆၀ကျော် ကို မြန်မာနိုင်ငံ သို့ လေကြောင်း ဖြင့် ပြန်လည်ပို့ ဆောင်ခဲ့တယ်လို့ မလေးရှားလူဝင်မူကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။
 
ဒီဇင်ဘာ၂၃
 
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ မြို့နယ် အချို့မှာ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက ဘွဲ့ရရှိထားသူ စာရင်းတွေ လိုက်လံ ကောက်ယူနေတယ်လို့ ပြည်သူတွေနဲ့ Rangoon Scout Network -RSNထံမှ သိရပါတယ်။
 
ရန်ကုန်မြို့ ၊မင်္ဂလာဒုံ မြို့နယ်မှာရှိတဲ့ CYKK အထည်ချုပ်စက်ရုံက အချိန်ပို အတင်းအကျပ် ဆင်းခိုင်းပြီးတဲ့ အပြင့် တနင်္ဂနွေလို့ အများပြည်သူ အလုပ် ပိတ်ရက် တွေမှာ အတင်းအကျပ် လုပ်ကိုင်ခိုင်းပြီး လုပ်ခလစာပါ မပေးဘူးလို့ အလုပ်သမား တွေက Myanmar Labour News ကိုပြောပါတယ်။
 
ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားတွေကို စီမံချက် နဲ့ ဖမ်းဆီးရာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
 
ဒီဇင်ဘာ ၂၄
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်က Myanto Industrial Co.Ltd ပိုင်အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ကို အထည်ခိုးယူတယ်လို့ အတင်း အကျပ် ဝန်ခံခိုင်းပြီး အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ အလုပ်သမားတွေက Myanmar Labour Newsကိုပြောပါတယ်။
 
ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေဖြင့် အကြောင်းအမျိုးမျိုးနဲ့ မြန်မာသံရုံးကို အကူညီတောင်းခံ ရာမှာ မည်သည့်ဝန်ဆောင်မှု အခကြေးငွေ တစုံတရာမှ ပေးစရာမလိုဘူး လို့ စစ်ကော်မရှင် လက်အောက်ခံ မြန်မာသံရုံး(ဖနွမ်းပင်မြို့)က အသိပေးထားပါတယ်။
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊စက်မှုဇုန်၄ မှာရှိတဲ့ Jonhnson Company limited အထည်ချုပ်စက်ရုံကအချိန်ပိုအလွန်ခိုင်းစေတာရယ်၊ sun day အလုပ်ပိတ်ရက် ကိုအခုဒီဇင်ဘာလထဲ၃ပတ်ဆက်ပိတ်မပေးဘဲ မတရားမှု လုပ်နေကြောင်း Myanmar Labour Newsကို အလုပ်သမားတွေကပြောပါတယ်။
 
ရန်ကုန်မြို့က New plusအထည်ချုပ် စက်ရုံက အချိန်ပိုတွေဆင်းခိုင်းကာ ပိတ်ရက် ကို အစားထိုးနားရင်မပေဘဲအလုပ်ဆင်းခိုင်းနေကြောင်း Myanmar Labour Newsကို ပေးစာပေးပို့ထားပါတယ်။
 
ထိုင်းနိုင်ငံ ကချနဘူရီခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၇ဦး ကို ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။
 
ထိုင်းနိုင်ငံ လယောင်မြို့ မှာရှိတဲ့ လျှပ်စစ်ပစ္စည်း လျှပ်စစ်အကင်အိုးထုတ်လုပ်တဲ့ စက်ရုံ မှာ အလုပ် လုပ်နေတဲ့ မြန်မာလုပ်သား ၄၃ဦး ကို အလုပ်ရှင် မှ အကြောင်းမဲ့ အလုပ်ထုတ်ခံ လိုက်ရတယ်လို့ ၎င်းကိစ္စ ကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
 
ဒီဇင်ဘာ၂၅
 
ရန်ကုန်မြို့ ၊ရွှေပြည်သာ စက်မှုဇုန်က ဂေါ်ဇီလာ ခြင်ဆေးခွေနဲ့ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်းနေကြောင်းMyanmar Labour Newsကို အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
 
ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ လုပ်သားတွေ အနေ နဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ကို ရောက်ရှိပါက သက်မှတ်ထားတဲ့ နေရာ မှာ သွားရောက် သတင်း ပေးပို့ရမယ်လို့ စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
 
ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်း စက်မှုဇုန်က Shun Yu Myanmar Garment Co.,ltd ပိုင် အထည်ချုပ်စက်ရုံမှာ စက်ရုံလုပ်သား ၃၀၀ အတွက် ကြိုပိုယာဉ် တစ်စီးတည်းသာ စီစဉ်ပေးထားလို့ အလုပ်သမားတွေ အလုပ် အသွားပြန်အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို စက်ရုံလုပ်သားတွေက ပြောပါတယ်။
 
ထိုင်းနိုင်ငံ၊ ချွန်ဘူလီမြို့ရှိ အလုပ်ရုံတစ်ခု မှာ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၂၄ဦး ကို အလုပ်သစ်ရှာပေးပြီး အလုပ်ရှာနေစဉ်ကာလ အတွက်ပါ လုပ်အားခ ပေးမယ်လို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ၎င်းကိစ္စ ကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ကမ္ဘောဒီးယား နိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်အလုပ်ရုံ)တွေ ကို လိမ်လည်ရောင်းစား ခံရတဲ့ မြန်မာလုပ်သားတွေ ဒုက္ခ များစွာ ရောက်ရှိနေတယ်လို့ နစ်နာသူ အလုပ်သမား အချို့က ပြောပါတယ်။
 
ဒီဇင်ဘာ၂၆
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် မှာရှိတဲ့ Myanmar Huasheng Kefu Fashion Co.,ltd ပိုင်အထည်ချုပ်စက်ရုံက တစ်လ အချိန်ပို နာရီ ၁၂၀ ဝန်းကျင် လုပ်ကိုင်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) ထံ အလုပ်သမားတွေကပြောပြထားပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် ည မထွက်ရအမိန့် ကို ဒီဇင်ဘာလ ၂၇ ရက်မှ စ ပြီး ရုပ်သိမ်းတယ်လို့ စစ်ကော်မရှင်က ဒီဇင်ဘာ ၂၆ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
 
Myanmar Labour News ရဲ့ တပတ်ကြာအတွင်းကုန်ဈေးနှုန်းကဏ္ဍမှာတော့ရွှေဈေး ၉၃သိန်းအထိစံချိန်တင်မြင့်တက် ကာအခြေခံစားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျ ကြောင်းဖော်ပြခဲ့ပါတယ်။
 
ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Mai Yi Bei Garment စက်ရုံမှာ အချိန်ပို လုပ်ကိုင်ခိုင်းလို့ ကျန်းမာရေးထိခိုက်ကာ အလုပ် မဆင်းပါက အောစူပါက အများရှေ့မှာ ဆဲဆိုတဲ့အကြောင်း Myanmar Labour News ကိုအလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
 
ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင်၊စီလာချာမြို့ ရှိ သံစက်ရုံ တစ်ခုတွင် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား အမျိုးသမီး တစ်ဦးဟာ အလုပ်သို့ ညခိုင်းဆင်းရန် ဆိုင်ကယ် ဖြင့် သွားရောက်စဉ် ဆယ်ဘီးကားဖြင့် တိုက်မိကာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ၎င်းအမှုကို ကူညီပေးနေတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
ဒီဇင်ဘာ၂၇
 
ထိုင်းနိုင်ငံ ချွန်ဘူရီ ပြည်နယ်မှာ အလုပ် လုပ်ကိုင်ရန် အတွက် ပွဲစားခ ဘတ်၁၅၀၀၀ ပေးဆောင် ကာ တရားမဝင် နယ်စပ် ဖြတ်ကျော် လာတဲ့ မြန်မာလုပ်သား ၁၆ဦးကို ထိုင်းနယ်စပ်လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 
ထိုင်းနိုင်ငံ၊လယောင်မြို့က အီလက်ထရောနစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား အမျိုးသမီး တစ်ဦးဟာ အလုပ်က အပြန် ဆိုက်ကယ်တိုက်မိမှုဖြစ်ပွားကာ ဆေးရုံ တွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ ၄င်းအမှု ကို ကူညီပေးနေတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ မှ သိရပါတယ်။
 
ဒီဇင်ဘာ၂၈
 
ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်က RHEA WORKSHOP အရုပ်စက်ရုံမှာ ဝင်ငွေခွန်ဆိုပြီး အထောက်အထားမပေးဘဲအလုပ်သမားတွေရဲ့ လုပ်ခထဲကငွေကြေး ဖြတ်တောက်တာတွေရှိနေကြောင်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုလုပ်သမားများအဖွဲ့ချုပ်- IWFM ထံအလုပ်သမားတွေ က တင်ပြပြောထားပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။
 
ဓာတ်ပုံ- ၂၀၂၀ ခုနှစ်အတွင်း အလုပ်သမားများလုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုသော ဆန္ဒပြပွဲ

Related posts

Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026