NEWS

အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ NUG မှပြည်သူများအတွက် အထူးငွေတိုက်စာချုပ်များစတင်ရောင်းချ

CoverLogo
1.5K Views

"အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ဖို့​ငွေတိုက်စာချုပ်ဝယ်ကြစို့"ဆိုတဲ့ခေါင်းစဥ်နဲ့ဒီကနေ့မနက်ပိုင်းမှာပဲအမျိုးသားညီညွတ်ရေးအစိုးရကပြည်သူတွေကိုငွေတိုက်အထူးစာချုပ်တွေစတင်ရောင်းချနေပြီလို့သိရပါတယ်။

အဆိုပါငွေတိုက်စာချုပ်များကိုပြည်သူတွေအနေနဲ့ဒေါ်လာ ၁၀၀ မှစတင်ဝယ်ယူနိူင်မှာဖြစ်ပြီးဝယ်ယူနိုင်မယ့်အသေးစိတ်အစီအစဥ်တွေကိုတော့အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် Facebook စာမျက်နှာများမှ အသိပေးထုတ်ပြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ငွေတိုက်စာချုပ်ဝယ်ယူမည့်သူတွေအနေနဲ့တော်လှန်ရေးအောင်စိတ်ဖြင့် ရဲဝံ့ယုံကြည်စွာ ပြတ်သားသော သန္နိဋ္ဌာန်ချမှတ်ပြီး အောက်ပါ အင်တာနက်စာမျက်နှာ (link) ကနေတဆင့် လေ့လာကြည့်ရှုဝယ်ယူနိုင်ပြီး
https://www.unitedbonds-nug.org/ ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များအား အထူးလုံခြုံသော နည်းပညာဖြင့် အာမခံချက်ပေးထားပါသောကြောင့် စိုးရိမ်ကြောင့်ကြခြင်း အလျဉ်းမရှိဘဲ ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့လဲ NUG ကဖော်ပြပါတယ်။

ထို့အပြင်
ဘဏ်ငွေလွှဲစနစ်အား အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင် ပေးထားသည့်အတွက် စိတ်ချလုံခြုံစွာငွေလွှဲပြောင်းပေးပို့နိုင်အောင်စီစဥ်ဆောင်ရွက်ထားတဲ့အပြင် ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံဖြည့်သွင်းဆောင်ရွက်ခြင်းအားဖြင့် စိတ်ချလုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်တယ်လို့လဲ NUG ကဆိုပါတယ်။

ငွေတိုက်စာချုပ်အဝယ်ယူသူတွေအနေနဲ့ တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက်ဝယ်ယူနိုင်သည့်အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်တဲ့အပြင်စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် ကိုယ်စားဝယ်ယူသူမှ မိမိ၏ အစုအဖွဲ့ဝင် တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များကို အတိအကျဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ပြီး ငွေတိုက်စာချုပ်များကို အစုအဖွဲ့ဝင်တစ်ဦးချင်းစီအား သီးသန့်ထုတ်ပေးသွားမယ်လို့လဲသိရပါတယ်။

ထိုသို့ စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် အစုအဖွဲ့ဝင်တစ်ဦးချင်းစီမှ ဒေါ်လာ (၁၀၀)   အနည်းဆုံး ဝယ်ယူရန်လိုအပ်ပြီးဝယ်ယူရန် အသေးစိတ်လမ်းညွှန်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် Facebook စာမျက်နှာများမှ အသိပေးထုတ်ပြန်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

ထို့နောက်
ဖက်ဆစ်စစ်တပ်အား အမြစ်ဖြတ်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ဝယ်ယူသူ/ဝယ်ယူနိုင်ရေးကူညီသူ/ဝယ်ယူရန် အားပေးတိုက်တွန်းသူ အပေါင်းအား သမိုင်းမှတ်တမ်း၊ ကမ္ဗည်းမော်ကွန်း တင်တယ်လို့ NUGကဆိုပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026