NEWS

အကျဉ်းထောင်များတွင် အစားသောက် လျော့ချကျွေး ၊ အကျဉ်းသားများ မလှုပ်ရှားနိုင်သည့်ရောဂါ များခံစားနေရ

CoverLogo
490 Views
 
စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ဘတ်ဂျက်ငွေလျော့နည်းလာလို ဆိုပြီး အကျဉ်းသားတွေကို အစားသောက် လျော့ချကျွေးမွေးတဲ့တာကြောင့်ကိုယ်ခန္ဓာချိနဲ့ပြီး အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ ဝေဒနာခံစားနေရတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNMက မေလ ၁၉ရက် မှာ ထုတ်ပြန်ပါတယ်။
 
အကျဉ်းထောင်တွေက အကျဉ်းသားတစ်ဦးကို တစ်ပတ်တာ ရိက္ခာသတ်မှတ်ရာမှာ တစ်ပတ် နေ့၊ ညထမင်း ၁၄နှပ် ကျွေးမွေးခြင်းအတွက် ကြက်ဥ ၁လုံး၊ နှစ်လက်မအရွယ် ငါးအသား၃တုံးကို လေးနှပ်စာ အတွက်ပဲ ပေးပြီး ကျန်ရက်တွေမှာ ထမင်းနဲ့ ပဲဟင်းအရည်ကြည်ကိုပဲ အဓိကထားကျွေးမွေးတယ်လို ဆိုပါတယ်။
 
ဘတ်ဂျက်လျှော့ကျလာပြီး နောက် အကျဉ်းသားတွေ စားသောက်ရာမှာ အသား ပမာဏ လျော့နည်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသောက်ခွင့်မရတာတွေကြောင့် ကိုယ်ခန္ဓာ ချိနဲ့ပြီး ခန္ဓာကိုယ် အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ (ထောင်အခေါ် တုတ်ဆွဲမှု)ရောဂါ အဖြစ်များလာတယ်လို ဆိုပါတယ်။
 
ဒီလို ရောဂါ ဖြစ်ပွားမှုဟာ မြင်းခြံအကျဉ်းထောင်တခုတည်းက အကျဉ်းသား ၁၅ရာခိုင်နှုန်း ဟာ တုတ်ဆွဲ ဝေဒနာ ခံစားနေရတယ်လို PPNMက ပြောပါတယ်။
 
ဒါ့အပြင် အိုးဘိုအကျဉ်းထောင်၊ ပုသိမ်ကြီးလူငယ်ထိမ်းသိမ်းရေးကျောင်း၊ လွိင်ကော်အကျဉ်းထောင်၊ ပေါင်းတည်အကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊ပုသိမ်အကျဉ်းထောင်၊ တိုမှာလည်း အကျဉ်းသား တွေကို အစားအသောက် လျော့ချကျွေးတာ ၊ပုတ်သိုးတဲ့ အသား ငါးတွေကို ကျွေးတာ၊ အစားစာတွေ စားသောက်လို အဆင်မပြေတဲ့ အနေထား ချက်ပြုတ်ကျွေးတာမျိုးတွေ လုပ်ဆောင်နေတယ်လို PPNMက ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ အဟာရမပြည့်ဝတဲ့အစားအစာတွေ၊ အစားအသောက်လျော့ချ ကျွေးမွေး နေတာတွေကြောင့် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပါဆယ်များ အတွက် ကူညီပံ့ပိုးကြဖိုကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNMက မေတ္တာရပ်ခံ ထားပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026