NEWS

သင်္ကြန်ပိတ်ရက်အတွက် တနင်္ဂနွေပိတ်ရက်တွေကိုအစားထိုးအလုပ်ဆင်းခိုင်းတာတွေအများအပြားရှိခဲ့

CoverLogo
826 Views

ရန်ကုန်မြို့က စက်ရုံအချို့မှာ သင်္ကြန်တွင်းရုံးပိတ်ရက်တွေအတွက် တနင်္ဂနွေပိတ်ရက်တွေကို  အစားထိုးအလုပ်စေခိုင်းတာတွေနဲ့ အတင်းကြပ်ခိုင်းစေခဲ့တာတွေ အများအပြားရှိခဲ့တယ်လို့  အလုပ်သမား ရေးရာအဖွဲ့တွေထံကသိရပါတယ်။

“သင်္ကြန်တွင်းမှာ  အလုပ်သမားတွေက ရက်အစားဆင်းခိုင်းတဲ့ပြဿနာတွေရှိတယ်။ ဒါပေမဲ့အလုပ်သမားတွေက အသိပေးအကြောင်းကြားရုံလောက်ပဲရှိတယ်။  ဒီကာလမှာမတိုင်ရဲကြဘူး။ အစားထိုးဆင်းခိုင်းတာက ဥပဒေနဲ့တော့မညီဘူး။ အစားထိုးဆင်းထိုင်းတာနှစ်မျိုးရှိတယ်။ တစ်မျိုးက ပိတ်မပေးဘဲနဲ့တစ်ခြားရက်တွေမှာ အစားထိုးဆင်းခိုင်းတာ။ တစ်ချို့ကသင်္ကြန်ကိုပိတ်ရက်ပိုပိတ်ပေးမယ်ဆိုပြီး ပိတ်ရက်မတိုင်ခင်မှာ နားရက်တွေမှာမနားရဘဲ အစားထိုးဆင်းခိုင်းတာတွေရှိတယ်။ အဲဒီလိုအစားထိုးဆင်းခိုင်းတာတွေရှိတယ်။သူတို့တွေဒီလိုတွေရှိနေတယ်ဆိုတာလောက်အသိပေးတာလောက်ပဲ ဟိုလိုဖြေရှင်းဖို့တော့မတိုင်ရဲကြဘူး”လို့  အလုပ်သမားအဖွဲ့အစည်းတစ်ခုမှာ အလုပ်သမားများကိုကူညီဆောင်ရွက်နေသူကဆိုပါတယ်။

အလုပ်သမားများကို  သင်္ကြန်ရက်ရှည်ပိတ်ရက်ရရှိဖို့အတွက် နားရက်တွေဖြစ်တဲ့တနင်္ဂနွေနေ့မှာရော မနားရဘဲအစားထိုးအချိန်ပိုဆင်းခိုင်းတာတွေကို   အလုပ်သမားဆန္ဒမပါဘဲ  အတင်းအကြပ်ခေါ်ယူတာတွေပြုလုပ်တာရှိသလို စက်ရုံအချို့ကတော့ ရက်ရှည်ပိတ်ရက်ကြောင့် အော်ဒါတွေအပြီးဖြတ်ရန်အတွက်  တနင်္ဂနွေပိတ်ရက်ကို အစားထိုးခေါ်ယူတာတွေနဲ့  သင်္ကြန်မှာရက်ရှည်ပိုမိုပိတ်ပေးမည်ဆိုကာ  အချိန်ပိုတွေနဲ့ပိတ်ရက်တွေမှာ  ပိုမိုအလုပ်ဆင်းပေးရတာတွေရှိခဲ့တာဖြစ်လို့  အလုပ်သမားတွေဟာ  တနင်္ဂနွေနေ့မှာပါအလုပ်ဆင်းလာရတာဖြစ်တဲ့အတွက်  သင်္ကြန်ပိတ်ရက်ဧပြီ၈ရက်အထိ  စုစုပေါင်းရက်ပေါင်း၂၀ကျော်အထိကို နားရက်မရှိဘဲဆက်တိုက်အလုပ်ဆင်းခဲ့ရတာတွေရှိတယ်လို့ သိရပါတယ်။  

အဲဒီလို အစားထိုးစေခိုင်းမှုတွေဟာ  ဥပဒေနဲ့မညီညွတ်ဘဲစေခိုင်းခံရတာဖြစ်ပြီး အလုပ်သမားတွေက မကျေနပ်ပေမယ့် အလုပ်ဖြုတ်ခံရမည်စိုးတာကြောင့်  မလုပ်ချင်သော်လည်း  အပင်ပန်းခံလုပ်ကိုင်နေရတာဖြစ်သလို ယခုလိုခေတ်ကာလအခြေအနေတွေအရ  တိုင်ကြားဖြေရှင်းတာမျိုးတွေ မပြုလုပ်လိုတာကြောင့် တိုင်ကြားမှုမပြုလုပ်ဘဲ   ယခုလိုအခြေအနေမျိုးတွေရှိနေတယ်ဆိုတဲ့အကြောင်း အသိပေးရုံလုံလောက်သာ အသိပေးတာတွေပြုလုပ်လာကြတာဖြစ်တယ်လို့  ဆိုပါတယ်။

အလုပ်သမားဥပဒေနဲ့ညွှန်ကြားချက်တွေအရ ယခုလိုသင်္ကြန်ရုံးပိတ်ရက်ဟာ ဧပြီလ ၈ရက်ကနေ ၁၇ ရက်အထိ ပိတ်ရက်၁၀ရက်ကြာမြင့်တဲ့ရက်မျိုးတွေမှာ  အလုပ်သမားကိုအချိန်ပိုခေါ်ယူပါက အလုပ်သမားဆန္ဒပါမှသာဆင်းခွင့်ရှိတာဖြစ်ပေမဲ့ သင်္ကြန်ပိတ်ရက်အတွက်အစားထိုးဆင်းခိုင်းတာတွေက နှစ်တိုင်းလိုလိုဖြစ်နေတာဖြစ်သလို ရက်ရှည်ရုံးပိတ်ရက်တွေအတွက်အစားထိုးအလုပ်စေခိုင်းတာတွေရှိခဲ့ပြီး အချိန်ပိုကြေးမပေးတဲ့အတွက် အငြင်းပွားမှုဖြစ်စဉ်တွေလည်းရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့  သင်္ကြန်ပိတ်ရက်မတိုင်ခင် စောလျှင်စွာပင်ယခုလိုဖြစ်စဉ်တွေဖြစ်လာတာလို့  သိရပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ  လုပ်သက်ခွင့်နဲ့အခြားသောခွင့်တွေကိုလည်း မရရှိသလိုဒါဟာ သင်္ကြန်တွင်းမှာပဲမဟုတ်ဘဲ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်ကနေစပြီးလက်ရှိ ၂၀၂၃ခုထိ  အလုပ်သမားအချို့ဟာ  ဆေးခွင့်လောက်ပဲရပြီး အခြားခွင့်တွေလုံး၀မရကြဘဲ  အလုပ်သမားအများစုကတော့  လုပ်သက်ခွင့်နဲ့အခြားခွင့်တွေကိုပါ ဆုံးရှုံးလာတာဖြစ်တယ်လို့သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026