နိုဝင်ဘာ ၁၈ ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်(ဟောင်း) ကိုဇေယျာသော် (ခ) ကိုဖြိုးဇေယျာသော် ကိစ္စနဲ့ပတ်သက်ပြီးဒီကနေ့မှာပဲ Urban Guerrillas - YUG ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။
အဲ့ဒီ့ကြေညာချက်ထဲမှာစစ်ကောင်စီဖက်က
အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မအပါအဝင်မူးယစ်ဆေးဝါးအမှု့နဲ့ပါစွပ်စွဲထားတယ်လို့ဆိုထားပါတယ်။
၂၀၂၁ခု နှစ်ဖေဖော်ဝါရီ၁ရက်နေ့ဖက်ဆစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီးတော်လှန်ရေးလုပ်ငန်းတွေမှယတက်တက်ကြွကြွပါဝင်ခဲ့တဲ့ကိုဖြိုးဇေယျာသော်အခုလိုဖမ်းဆီးခံခဲ့ရတာကို YUG အနေနဲ့ဝမ်းနည်းမိတဲ့အပြင် ဖက်ဆစ်တော်လှန်ရေးကိုဆက်လက်ဆောင်ရွက်သွားမယ်လို့သံဓိဌာန်ပြုထားကြောင်းလဲထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
Yangon Urban Guerrillas - YUGသည် ရန်ကုန်အခြေပြုတော်လှန်ရေးအင်အားစုများ စုပေါင်းဖွဲ့စည်းထားသည့် အစုအဖွဲ့တစ်ခုဖြစ်ပြီး Yangon Revolution Force - YRFသည် YUG ၏ မဟာမိတ်အစုအဖွဲ့များတွင် ပါဝင်လှုပ်ရှားနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။