NEWS

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ

CoverLogo
227 Views
 
မြန်မာနိုင်ငံ အနှံ့က အကျဉ်းထောင်​တွေက​နေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အာဏာပိုင်​တွေက ပြည်ပထွက်ခွာခွင့်အပါအ၀င် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ကန့်သတ်မှု များ ပြုလုပ်လျက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က မတ်လ၂၆ရက်မှာ ထုတ်ပြန်ပါတယ်။
 
နိုင်ငံရေးအကျဉ်းသူတွေ ဖမ်းဆီးခံထားရတဲ့ ကာလ အတွင်းမှာ လည်း ၎င်းတို့ရဲ့ မှတ်ပုံတင်ကတ်တွေကို စစ်ကော်မရှင် ဘက်က သိမ်ဆည်းထားပြီး ပြန်လည်လွတ်မြောက် ပြီးနောက်မှာလည်း သိမ်းထားတဲ့ မှတ်ပုံတင်ကို ပြန်လည်ပေးတာမျိုး မရှိတဲ့ အပြင် အသစ်ပြန်လည်လျှောက်ထားတာမှာလည်း အခက်ခဲ တွေနဲ့ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် နိုင်ငံကူးလက်မှတ် (passport) ပြုလုပ်ခြင်း နဲ့ အသုံးပြုခြင်း ​တွေမှာ လည်း ပြည်ပထွက်ခွင့် ကန့်သတ်ခြင်း များကို ကြုံ​တွေ့​နေရတယ်လို့ WOPPက ထုတ်ပြန်ထားပါတယ်။
 
WOPP အဆိုအရ နိုင်ငံရေးအကျဉ်းသူတွေဟာ လွတ်မြောက်ပြီးနောက်လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တွေ ကန့်သတ်ခံထားရသလို လုံခြုံရေးအန္တရာယ်တွေကိုလည်း ဆက်လက်ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
 
ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတချို့ဟာ PSMS (Person Scrutinization and Monitoring System) စနစ်နဲ့ ဆက်လက်စောင့်ကြည့်ခံနေရပြီး ယခင်စွပ်စွဲချက်တွေနဲ့ ဆက်စပ်တဲ့ ပုဒ်မတွေကိုလည်း မဖျက်သိမ်းသေးတဲ့ အခြေအနေတွေ ရှိနေတာကြောင့် လူမှုဘဝ ပြန်လည်တည်ဆောက်ရေး၊ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
 
ဒါ့ကြောင့် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားလာရာတွင် ကိုယ်ရေးအချက်အလက်တွေ အသုံးပြုရာမှာ လုံခြုံရေးအန္တရာယ်တွေကို သတိထားရှောင်ရှားဖို့ WOPP က အသိပေးထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026