NEWS

လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း

CoverLogo
390 Views
 
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်း လိုင်းအချို့မှ လေကြောင်းခရီးစဉ်အချို့ကို ဖျက်သိမ်းခြင်း၊လက်မှတ်ဖိုးငွေ များ ပြန်အမ်းခြင်းတွေ မတ်လ၂၀ရက်မှာ စတင်ပြုလုပ်လာတယ်လို့ ပြည်တွင်း၊ပြည်ပလေယာဉ် လက်မှတ် ရောင်းဝယ်လုပ်သူတွေထံမှ သိရပါတယ်။
 
ပြည်တွင်းပြည်ပခရီးစဉ်များ ပြေးဆွဲနေတဲ့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း(MAI)၏ ပြည်တွင်း လေယာဉ်ခရီးစဉ်များကိုလည်း မတ် ၂၁ ရက်မှ စတင်ကာ ဖျက်သိမ်းထားသလို MNA (Myanmar National Airline) မှလည်း ပြည်တွင်းခရီးစဉ်တွေ အတွက် လက်မှတ်အရောင်းယာယီရပ်ထားကြောင်းနဲ့ Mingalar Airline မှလည်း ပြည်တွင်းခရီးစဉ်တွေ Cancel လုပ်ထားတယ်လို့ သိရပါတယ်။
 
"လေယာဉ်လက်မှတ်ဖြတ်ထားသူတွေကို Cancel လုပ်ပြီး Refund free တွေ ပြန်ပေးတယ် သိရသလောက်တော့ ၂၁ရက်ကနေ ၂၃ရက်အထိ ငွေပြန်ပေးနေပြီ လကုန်အထိ ရပ်မယ်လို့လဲ ကြားတယ် သေချာတော့ မသိရသေးဘူး"လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။
 
ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအချို့ကလည်း ၎င်းတို့ထံမှ လက်မှတ်ဝယ်ယူထားသော ဧည့်သည်တွေအနေနဲ့ ယခုရက်ပိုင်းလေယာဉ်ခရီးစဉ် များ ဖျက်သိမ်းမှုများရှိနေတဲ့ အတွက် မိမိဝယ်ယူထားသော ခရီးစဉ်များကို မထွက်ခွာမှီ ပြန်လည် စစ်ဆေးပေးဖို့ အသိပေးထားပါတယ်။
 
"၂၂ရက်ကို တာချီလိပ် သွားဖို့ လေယာဉ်လက်မှတ် ဝယ်ထားတာ Cancelခံလိုက်ရတယ် လက်မှတ် အရောင်း ဘက်ကတော့ လက်မှတ်ဖိုး ပြန်ယူမလား ရက်ချိန်းမလားတော့မေးတယ် ဒါပေမယ့် ဘယ်နေ့ပြန်ထွက်မယ်ဆိုတာ သူတို့လည်းအတိအကျမပြောနိုင်ဘူး""လို့ ခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။
 
ပြီးခဲ့တဲ့ရက်ကလည်း လေယာဉ်ဆီအခြေအနေများကြောင့် လေကြောင်းခရီးစဉ် အသုံးပြုသည့် ခရီးသည်များ ပစ္စည်းသယ်ယူရာတွင် ကီလိုထပ်တိုးဝယ်ယူခွင့်ကိုမတ်လ၂၀ရက် ဒီကနေ့စပြီး လိုသလောက်ဝယ်ခွင့်မရတော့ဘဲ ကန်သတ်လိုက်ကြောင်း လေကြောင်းလိုင်းများက ထုတ်ပြန်ထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026