NEWS

လူသုံးကုန်ပစ္စည်းအချို့ဈေးမြင့်တက်မှုကြောင့် ပြုပြင်ရေးလုပ်ငန်းငယ်များ ပြန်လည်လုပ်ကိုင်လာ

CoverLogo
181 Views
 
လူသုံးကုန်ပစ္စည်းတွေ ဈေးမြင့်တက်မှုကြောင့် ထီးပျက်နဲ့ဓာတ်ဗူးပျက် ပြုပြင်တဲ့ လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်လာကြတယ်လို့ လုပ်ကိုင်သူ တချို့က ပြောပါတယ်။
 
" ဒီလုပ်ငန်းကို ဒီနှစ်မှ ပြန်လုပ်တာ။ ဓာတ်ဗူးက အသစ်ဈေးကြီးလာတော့ အဟောင်းကိုပဲ ပြန်ပြင်သုံးလို သူတွေများလာတယ်။ တရက်ကို ၂၀၀၀၀ လောက်တော့ မြတ်ပါတယ်။ ကျွန်တော်တို့အတွက် အဆင်ပြေတယ် ပြောရမှာ"လို့ ဓာတ်ဗူးအဟောင်း ပြုပြင်ရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
 
လက်ရှိ လူသုံးကုန်ပစ္စည်းဈေးကွက်အတွင်း ထီတစ်ချောင်း အနည်းဆုံး ကျပ် တစ်သောင်းနဲ့အထက်မှာ ရှိပြီး ဓာတ်ဗူးတလုံး ကျပ် သုံးသောင်း အနည်းဆုံး ပေါက်ဈေး ရှိနေတာပါ။ ဓာတ်ဗူးအဟောင်း ပြုပြင်ရာမှာ ဓာတ်ဗူးအသေး ၇၅၀၀၊အလတ်က တစ်သောင်းနဲ့ ဗူးကြီးကတော့ ကျပ် နှစ်သောင်းနီးပါး ကျသင့်တယ်လို့ လုပ်ကိုင်သူ တဦးက ပြောပါတယ်။ ဒီလို ကွာခြားမှုတွေကြောင့် ထီးနဲ့ ဓါတ်ဗူး တွေကို ပြုပြင်ပြီး ပြန်လည် သုံးစွဲတယ်လို့ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
 
" အခု ထီးဈေးတွေ အရမ်းတက်လာတယ်။ အရင်ကဆို ထီးတစ်ချောင်းကို ၃၅၀၀၊ ပြန်ပြင်သုံးရင် ၁၅၀၀ လောက်ပေး ရတယ်။ သိပ်မထူးပါဘူးဆိုပြီး ပြင်မသုံးဘဲ ဝယ်သုံးတာ နှစ်အတော်ကြာပြီ။ အခုက ထီး ဈေးသက်သာ ရင်တောင် အနည်းဆုံး ၇၅၀၀ ကျပ်လောက်ဆိုတော့၊ ပြန်ပြင်သုံးနေတယ်။ "လို့ အင်းစိန်မြို့နယ်က ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တစ်ဦးကပြောပါတယ်။
 
ထီးနဲ ဓာတ်ဗူးဟောင်းပြုပြင်ရေးလုပ်ငန်းတွေက တပိုင်တနိုင် လုပ်ကိုင်ခဲ့ကြပြီး ပြီးခဲ့တဲ့ဆယ်စုနှစ် အတွင်း နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လုပ်ငန်းလုပ်ကိုင်သူ မရှိသလောက် ဖြစ်ခဲ့တာပါ။
 
လုပ်ငန်းလုပ်ကိုင်သူတွေ အများစုက ဆိုင်ခန်းဖွင့်လှစ် လုပ်ကိုင်ကြတာ မဟုတ်ဘဲ စက်ဘီး၊ ဆိုက္ကားနဲ့ ဆိုင်ကယ်တွေကို အသုံးပြုပြီး ရပ်ကွက်လှည့် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
photo#cj

Related posts

Cover
နှစ်ဝက်အတွင်းလူကုန်ကူးမှု ၈၀ အရေးယူခဲ့ဟု စစ်ကောင်စီထုတ်ပြန်
Jun 30, 2025
Cover
ချင်းတွင်း၊ စစ်တောင်းနှင့်ပဲခူးမြစ် တို့ မှာ ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
Jun 30, 2025
Cover
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသဖြင့် မြို့နယ် ၅ ခု မှာ သတိပြုဖို့ လိုအပ်
Jun 28, 2025
Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025
Cover
တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာ ၅၀ ကျော် တွေ့ရှိ
Jun 18, 2025
Cover
လိုင်စင်မရသည့် နိုင်ငံခြား ငွေ ဝယ်ရောင်းများအား အရေးယူမည်ဟု ဗဟိုဘဏ်ကြေညာ
Jun 17, 2025
Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025