NEWS

လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု

CoverLogo
140 Views
 
ပြည်တွင်း လုပ်သား ၃၃၀၀ကျော် အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ပြုလုပ်တဲ့ ( ၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေး မှာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကာ စက်မှုကဏ္ဍနဲ့ဝန်ဆောင်မှုကဏ္ဍ တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် လေးခု နဲ့ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ခြင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွေက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၆ ခုတို့ကိုခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။
 
ခွင့်ပြု့ခဲ့တဲ့ လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၉၁၁ သန်းနဲ့ငွေကျပ် ၂၁၂၀၄၃၆ ဒသမ ၆၅၂ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၈၂ ဦးကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
 
၎င်း လုပ်ငန်းတွေမှာ လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်‌ရောင်းချတဲ့လုပ်ငန်း တွေ ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း တွေ ၊ အိမ်ရာအဆောက်အအုံ ဆောက်လုပ်တဲ့ လုပ်ငန်း တွေ ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း တွေ ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း တွေ အပြင် စားသောက်ကုန်ထုတ်လုပ်ငန်းတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မယ့်အထည်ချုပ်လုပ်ငန်း တွေ ပါဝင်တယ်လို့သိရပါတယ်။
 
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းများအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အတွင်း ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးပြုလုပ်ထားတဲ့ နိုင်ငံတွေ မှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026
Cover
အငှားအိမ်ရာ တိုက်ခန်း များ အား ပြန်လည် ငှားရမ်း၊ရောင်းချသူများကိုနေထိုင်ခွင့်ပယ်ဖျက်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်
Feb 21, 2026
Cover
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ လစဉ်ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာများ ရင်ဆိုင်နေရ
Feb 20, 2026
Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026