NEWS

လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို

CoverLogo
204 Views
 
စစ်ကော်မရှင်လက်အောက်ရှိ လုပ်သက်၁၀နှစ်နဲ့ အထက် စစ်တပ်တပ်ဖွဲ့ ဝင်တွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို စစ်ကော်မရှင်က လုပ်သက်အလိုက် အထူးထောက်ပံကြေးကို လစဉ်ပေးသွားမယ်လို့ မတ်လ၁ရက်နေ့က ကြေညာပါတယ်။
 
ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်နေကျတဲ့ စစ်ကော်မရှင် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေ အား ရာသီမရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး ပင်ပန်းကြမ်းတမ်းစွာဖြင့် သက်စွန့် တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့သည့် ကာလတစ်လျောက် ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်း တို့ အတွက် အမှုထမ်းသက်အပေါ်မူတည်၍ တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေးကို လစဉ် ပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။
 
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး လုပ်သက် သက် (၁၀)နှစ်နဲ့ ၁၀နှစ် အထက် ကို လစဉ်(၃၀၀၀၀) ကျပ်၊ လုပ်သက် ၁၅နှစ်နဲ့ ၁၅နှစ်အထက် တပ်ဖွဲ့ ဝင်တွေကို လစဉ်(၅၀၀၀၀) ကျပ်၊လုပ်သက် ၂၀နှစ်နဲ့ ၂၀နှစ်အထက် ရှိသူတွေကို လစဉ် ၁၀၀၀၀၀ ကျပ် လစဉ် အထူးထောက်ပံ့ကြေးအဖြစ် ပေးသွားမယ်လို့ ကြေညာထားပါတယ်။
 
"အသက်စွန့်ရတဲ့ သူတွေကို အခုထက် ပိုပေးသင့်တာပေါ့ ပြီးတော့ ၁၀နှစ်ပြည့် မှ ဒီထောက်ပံကြေး ကိုစရမှာ တကယ်ဖြစ်သင့်တာက ၁၀နှစ်အောက် သမားတွေလည်းရသင့်တယ် အခုကာလ မှာ ပိုက်ဆံ ၃သောင်း ၁သိန်းဆိုတာက ဘာမှ အသုံးမခံဘူး "လို့ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
 
အခုလို စစ်ကော်မရှင် လက်အောက်ခံ ကာကွယ်ရေးနှင့်လုံခြုံရေး တပ်ဖွဲ့ ဝင်တွေ ကို လုပ်သက် အလိုက် အထူးထောက်ပံကြေး ပေးခြင်းအပေါ် စစ်ကော်မရှင် လက်အောက်ခံ အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေ မှ ဝေဖန် သံတွေ ထွက်ပေါ်နေပါတယ်။
 
"စစ်တပ်နဲ့ရဲ ကိုပဲ ပေးတာ မျိုး မဖြစ်သင့်ဘူး အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေ လည်း လက်ရှိ ကုန်ဈေးနူန်း နဲ့ လစာ နဲ့ မလောင်င ကျဘူး ဌာနဆိုင်ရာ ဘက်က လုပ်သက်ရင့် ဝန်ထမ်းတွေကို လည်း ပေးသင့်တာပေါ့ "လို့ အစိုးရဝန်ထမ်း တစ်ဦးကပြောပါတယ်။
 
အခုလို ဝန်ထမ်း အချို့ ကို ထောက်ပံကြေး တိုးပေးတဲ့ နောက် မှာ ကုန်ဈေးနူန်း ကြီးမြင့်လာမှာ ကို ပြည်သူတွေ စိုးရိမ်နေကျတယ်လို့ သိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026