NEWS

လိုင်စင်မရသည့် နိုင်ငံခြား ငွေ ဝယ်ရောင်းများအား အရေးယူမည်ဟု ဗဟိုဘဏ်ကြေညာ

CoverLogo
511 Views
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပေးထားတဲ့ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးတွေကို ဝယ်ယူ ၊ရောင်းချ၊ လဲလှယ် တာတွေ လုပ်ဆောင်သူတွေကို အရေးယူဆောင်ရွက်မှု အရှိန်မြှင့် လုပ်ဆောင်မယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
 
နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနဲ့ ဈေးကစားမှု မရှိစေရေးအတွက် သွင်းကုန်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို Online Trading Platform က တစ်ဆင့် ရောင်းချပေးတာ၊ နိုင်ငံခြားမှာ ဆေးကုသတာ၊ ပညာတော် သင်သွားတာ၊ ဘုရားဖူးသွားတာ၊ အလုပ်အကိုင်ကိစ္စရပ်တွေနဲ့ ထွက်ခွာသူတွေအတွက် အသေးသုံး နိုင်ငံခြားငွေတွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှကောင်တာတွေမှာ ရောင်းချတာကို ဆောင်ရွက် ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
 
အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ ကမောက်ကမ ဖြစ်ဖို့ရည်ရွယ်ပြီး အွန်လိုင်းပေါ်မှာ ဈေးကစားတာ၊ မမှန်သတင်း ဖြန့်ဝေတဲ့ လူပုဂ္ဂိုလ်တွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၊ ငွေရေးကြေးရေး အဖွဲအစည်းများဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲဆို ပြစ်ဒဏ် ချမှတ်တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
" နိုင်ငံခြားငွေလဲလှယ်နူန်း ဈေး တည်ငြိမ် ဖိုဆိုပြီး ငွေ ဝယ်ရောင်းသမားတွေကို အဖမ်းဆီးတာပဲ လုပ်တာ၊ ပြည်ပထွက်ဖို့ ဒေါ်လာဝယ်မယ် ဆို အတော်လေး ခက်ခဲတယ်။ ဘဏ်တွေ မှာ ဝယ်လိုရတယ်လို့သာ ဆိုတာ တကယ်တမ်း သွားဝယ်ရင် အထောက်အထား မျိုးစုံတောင်းတွေနဲ့ မရတာ များတယ်"လို ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ပြောပါတယ်။
 
နိုင်ငံခြားငွေဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်စေဖို့ လူမှုကွန်ရက်( Facebook Group ၊ Viber Group နှင့် Application (ဥပမာ၊ Myanmar Market Price) တွေကနေ ဆောင်ရွက်နေတာတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စောင့်ကြည့်နေပြီး ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ် တွေရဲ့ Pay Account၊ Banking Account တွေ၊ SIM Card တွေကို ပိတ််သိမ်းတာ၊ တည်ဆဲဥပဒေတွေနဲ့ အညီ တရားစွဲဆိုအရေးယူတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးတွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်တာတွေကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲအစည်းတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026