NEWS

ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်

CoverLogo
342 Views
 
ရွှေအရောင်းဆိုင်တွေမှာ လက်ဝတ်ရတနာ ရွှေထည်ပစ္စည်း တွေ ပြုလုပ်ရာမှာ အလျော့တွက် လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့်အထိ ကောက်ယူမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ပါတယ်။
 
မတ်လ ၁၁ ရက်နေ့ ရက်စွဲပါ ညွှန်ကြားအရ ရွှေဆိုင်များသည် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာပစ္စည်းများ၏ အလျော့တွက် နှုန်းထားများ စိစစ်အတည်ပြုခြင်းကိစ္စနှင့် ပတ်သက်၍ရွှေဆိုင်များ လိုက်နာရမယ့် သတ်မှတ်ချက်တွေ ကို YGEA မှ မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
 
ကြေညာချက်အရ ရွှေဆွဲသီး၊ ရွှေနားကပ်၊ ရွှေကလစ်၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေဟန်ချိန်း/ဖုချိန်းစတဲ့ အမျိုးအစားများခွဲခြားပြီး လက်ဝတ်ရတနာ အမျိုးအစားလိုက် အလျော့တွက်လက်ခများကို သတ်မှတ်ထားပါတယ်။
 
သတ်မှတ်ချက် တွေအရ ရွှေဆွဲသီး ၂ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၁ ပဲ ၁ ရွေးနှင့် ၄ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၂ ပဲစသဖြင့် လက်ဝတ်ရတနာ အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ်။
ဒါကြောင့် လက်ဝတ်ရတနာ ပြုလုပ်ရာ တွင် ပစ္စည်းတန်ဖိုးရဲ့ တစ်ဝက်စာကျော် အလျော့တွက်လက်ခ ပေးရမယ့် အနေထား ကို သတ်မှတ်ထားတာတွေ့ရပါတယ်။
 
အခုလို ရွှေထည် လတ်ဝတ်ရတနာ တွေ အတွက် အလျော့တွက်လက်ခ ထက်ဝက်ခန့်ပေးရမယ်​့သတ်မှတ် မှု အပေါ် ရွှေထည် ဝယ်ယူ စုစောင်းသူတွေကြား မကျေနပ်မှု တွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
 
"အခုသတ်မှတ်ချက်နဲ့ ဆို ရွှေက ပိုက်ဆံရှိရင်တောင် မဝယ်သင့်တော့ထဲပါသွားပြီ အခု သတ်မှတ်ထားတဲ့ ပုံစံ က ရွှေဈေးက အပြင်ပေါက်ဈေး သိန်း၁၀၀ကျော်နဲ့ အရော့တွက်ကို နည်းနည်းပဲယူလို့ရပေမယ့် အစိုးရ သတ်မှတ်ဈေးက ၆၀ကျော်လောက်နဲ့ဆိုတော့ အရောတွက် ကို တအားတင်ပလိုက်တဲ့ သဘော ဖြစ်တယ် ရွှေဆိုင်တွေဘက်ကမနာတော့ဘူး ဝယ်သူတွေ ဘက်ကတော့ ဝယ်တာနဲ့ ရှုံးမယ့်အနေထားဖြစ်သွားပြီ ""လို့ ပြည်သူတစ်ဦးကပြောပါတယ်။
 
မတ်လ ၁၆ရက် မနက်ပိုင်း ရွှေဈေးနူန်းတွေ အရ အခေါက်ရွှေဈေး ပြင်ပပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ၁၀,၈၂၀,၀၀၀ကျပ်ဖြစ်ပြီးစစ်ကော်မရှင် လက်အောက်ခံ YGEA ထုတ်ပြန်ထားတဲ့ဈေးမှာ အခေါက်ရွှေ တစ်ကျပ်သား လျှင် ၇,၁၀၀,၀၀၀ ကျပ် ဖြစ်ကြောင်း သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026