NEWS

ရွှေပြည်သာ ဝါးတရာစက်မှုဇုန် ရှိ မွမွလေး အကြော်စက်ရုံ မီးလောင်မှု ဖြစ်ပွား

CoverLogo
257 Views

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် ရှိ မွမွလေးအကြော်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ မှ သိရပါတယ်။ 


"အကြော် ကြော်တဲ့နေရာ မှာ အပူလွန်ကဲပြီး လောင်တယ်လို့ သိရတယ် တာဝန်ရှိသူတွေတော့ စစ်ဆေးနေကျတယ် မီးက မိနစ် ၂၀လောက် လောင်တာဆိုတော့ အကြော်ခန်းက စက်ပစ္စည်းတွေတော့ လောင်သွားတယ် ဆုံးရှုံးမှုတန်ဖိုးတော့ မသိရသေးဘူး""လို့ ရွှေပြည်သာမြို့နယ်မှ ဒေသခံတစ်ဦးကပြောပါတယ်။ 


ယခုမီးလောင်မှု မှာ စက်ရုံ အတွင်း လုပ်သား တွေ ရှိပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့  သိရပါတယ်။ 


ဇူလိုင် ၃၀ရက် မနက် ၇နာရီ ၁၅မိနစ် ခန့်က ဝါးတရာစက်မှုဇုန် ငမိုးရိပ်လမ်းရှိ မွမွလေးအကြော်စက်ရုံ မီးလောင်ခဲ့ကာ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် ( ၃) စီး၊ မီးသတ်ရေသယ်ယာဥ် ( ၃) စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် ( ၂) စီး၊ ဒေသခံလူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ရာ ၇ နာရီ ၂၉ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ 


Related posts

Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025
Cover
ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး
Apr 07, 2025
Cover
ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ
Apr 07, 2025