NEWS

ရွှေဒင်္ဂါးပြားတကျပ်သား၂၉ သိန်းခွဲနဲ့စတင်ရောင်းချ YGEA သတ်မှတ်ဈေးနဲ့ ၉ သိန်းကျော်ကွာဟနေ

CoverLogo
4.8K Views

နေပြည်တော်ကျောက်မျက်ရတနာပြတိုက်မှာ ရွှေဒင်္ဂါးပြားတွေကို တစ်ကျပ်သား၂၉ သိန်းခွဲနဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ  စတင်ရောင်းချပေးခဲ့ရာမှာ  YGEA သတ်မှတ်ဈေးနဲ့ ၉ သိန်းကျော်ကွာဟနေတယ်လို့ သိရပါတယ်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း(YGEA )က စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့အခေါက်ရွှေဈေးက တကျပ်သားကိုမှ သိန်း ၂၀ နဲ့ ၆ ထောင်သာဖြစ်ပြီး စစ်ကောင်စီက ထုတ်ရောင်းတဲ့ ဒင်္ဂါးပြားတကျပ်သားဈေးနူန်း ၂၉သိန်းငါးသောင်းဟာ  ပြင်ပရွှေပေါက်ဈေးနဲ့ တူနေပြီး  YGEA ရဲ့  သတ်မှတ်ဈေးနဲ့ ၉ သိန်းကျာ်ကွာဟနေတာဖြစ်ပါတယ်။  

ဒင်္ဂါးရွှေတကျပ်သား ၂၉ သိန်း ၅ သောင်းဈေးနူန်းဟာ ကမ်ဘာ့ရွှေဈေးပေါ်အခြေခံပြီး တွက်ချက်ထားတာဖြစ်ပြီး  ဝယ်ယူသူ တစ်ဦးလျှင် ရွှေဒင်္ဂါးပြား တစ်ပြားနှုန်းဖြင့် မှတ်ပုံတင်မူရင်းပြသ၍ လွတ်လပ်စွာဝယ်ယူနိုင်ဖို့နဲ့  ပြည်သူလူထုလက်ထဲ အမှန်တကယ်ရောက်ဖို့ အရောင်းကောင်တာများ ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်နေတယ်လို့ စကစ သတင်းပြန်ကြားရေးအဖွဲ့က ဆိုထားပါတယ်။

"သူက AC gold demand လျော့အောင်လုပ်တာ။ US dollar ထုတ်မသုံးဘူးထင်တယ်။ ဒင်္ဂါးကအရောင်ပြပါပဲ။ ဒင်္ဂါးက အရင်ကတည်းက၀ယ်ရခက်တဲ့ဟာပါ။ ကျွန်တော်လည်း ၂၀၁၉တုန်းက ကျောက်မျက်ကရောင်းလို့  ၀ယ်ထားတယ်။ မနည်းပြော၀ယ်ရတာပါ။ လူတိုင်းကိုမရောင်းပါဘူး။ တကယ့်RK သမားပုံစံဆိုရောင်းတယ်။ အဲ့တုန်းကအစောပိုင်းတန်းစီ၀ယ်ရတာ တန်းစီခကို ၃၀၀၀၀ ပေးရတယ်။ အရော့ထွက်နဲ့ဘူးဖိုးက ၂၅၀၀၀ ရွှေဈေးက ၁၁၈၃၀၀၀ ရှိတယ်။ အပြင်ရွှေဈေးထက်ပိုတာက အဲ့တုန်းကတည်းကပဲ။ ၂၀၁၉တုန်းကအခေါက်ရွှေဈေးက ၁၁၈၀၀၀၀ ရှိတယ်။  အဲ့ကတည်းကဈေးပိုတယ်။ ဒီအတိုင်းဆိုရွှေဈေးက အိအိလေးနဲ့ပြန်တက်လာနိုင်တယ်"လို့ ရွှေဈေးကွက်မှ  လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့  ရွှေတကျပ်သား၊ ငါးမူးသားနဲ့ တမတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို နေပြည်တော်မှာစတင်ရောင်းချပေးနေတာဖြစ်ပြီး စတင်ရောင်းချတဲ့ ဒင်္ဂါးပြားတွေဟာ ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့  ဒင်္ဂါးပြားတွေဖြစ်တယ်လို့သိရပါတယ်။

ရွှေတကျပ်သား၊ ငါးမူးသားနဲ့ တမတ်သားအလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့မှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွေမှာ ရောင်းချပေးမယ်လို့ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ကောင်စီ က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပြီး  အဆိုပါ ရွှေဒင်္ဂါး ရောင်းချခြင်း အစီအစဉ်အား  စက်တင်ဘာလ၆ရက်မှာ  ရန်ကုန်မြို့မှာ စတင်တင်ရောင်းချပေးသွားမည်ဟု ခန့်မှန်းထားကြောင်းသိရပါတယ်။

 

MyanmarLabourNews

 


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026