NEWS

ရွှေဈေး စံချိန်တင်မြင့်တက် အခြေခံစားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
160 Views
 
 
တပတ်ကြာ Myanmar Labour News ရဲ့ကုန်ဈေး ကဏ္ဍမှာတော့ ဒီဇင်ဘာ၂၀ ရက်ကနေ ယနေ့၂၆ရက်အတွင်းမှာ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ စနစ်ဟောင်းအနေနဲ့ ရွေ၁ကျပ်သားကို သိန်း ၉၃အထိပေါက်ဈေးဖြစ်ပေါ်သွားကာ အခြေခံကုန်ဈေးနှုန်း‌တွေကလည်း အခြေခံလစာရတဲ့ ပြည်သူတွေအတွက်တော့ ခက်ခဲနေဆဲဖြစ်ကာ ရာသီပေါ်လို့ ပေါများရမယ့် သီးနှံနဲ့ စားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျဖြစ်နေပါတယ်။
 
ဒါကြောင့်ဒီဇင်ဘာရက်၂၀ရက်က စလို့ ယနေ့ ဒီဇင်ဘာ၂၆ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
စက်သုံးဆီဈေးနှုန်း
 
ယနေ့ ဒီဇင်ဘာ၂၆ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၄၃၅ကျပ် ၊ ၉၅ တစ်လီတာ ၂၄၆၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၄၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၈၅ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ ဒီဇင်ဘာ၂၅ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၅၂၀ကျပ်၊ ၉၅ တစ်လီတာ ၂၅၇၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၂၃၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၆၉၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၁၁၀ကျပ်နှုန်း‌ ဈေးတက်လာကာ ၊ ဒီဇယ်ဈေးက တော့၁၀၅ကျပ်နှုန်းဈေးတွေပြန်ကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
 
ရွှေဈေးနှုန်း
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၆၀,၀၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာက၅၉,၉၀၀၀၀ကျပ်ဈေးထက်တော့ငွေကျပ်၁သောင်းနှုန်းဈေးပြန်တက်လာပါတယ်။
 
ရွှေအသင်းရဲ့ဈေး သတ်မှတ်ချက်ကဈေးတစ်ပတ်အတွင်းဈေးတက်သွားသလို ပြင်ပပေါက်ဈေးမှာလည်း၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ၉၃သိန်းပေါက်ဈေးမှာရှိလာလို့ ဒီဈေးဟာ အရင်တစ်ပတ်ဈေးထက် ပြင်ပဈေးပိုလာနေတယ်လို့သိရပါတယ်။
 
" ရွှေကဒီလောက်သိန်း၉၀ကျော်တဲ့အထိတောင်စံချိန်တင်တက်ရိပ်ပြနေတာ မကြာခင်ဒီနှစ်ကုန်တာနဲ့ ၁ကျပ်သားဈေး သိန်း၁၀၀ဖြစ်မယ်ဆိုပြီး အသံတွေထွက်နေတယ်၊ မဖြစ်နိုင်ဘူးလို့လည်းပြောမရဘူးပေါ့၊ ဝင်ငွေနည်းပြည်သူတွေအတွက်က ရွှေဈေးဘယ်လောက်ပဲတက်တက် သူတို့မဝယ်နိုင်တဲ့အနေအထားနဲ့ စားဝတ်နေရေးအတွက် ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ခံနေရတော့ ရွှေဈေးကိုစိတ်ဝင်စားတာမျိုးရှိမနေပါဘူး။ ရွှေဈေးကို စိတ်ဝင်စားမယ့်သူက တစ်နေ့ဝင်ငွေထားစရာမရှိအောင်ဝင်နေတဲ့သူမျိုးတွေဆိုရင်တော့မပြောတတ်ဖူးပေါ့၊အခုကတော့ပြည်သူတွေအနေနဲ့ကတော့ ရွှေဈေးအတက်ကြမ်း
တဲ့ အပေါ် ဘယ်လိုအမြင်မှရှိမနေတော့ဘူးလို့မှတ်ချက်ပြုနေကြပါပြီလို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။
 
ငွေလဲဈေးနှုန်း
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ယခင်တစ်ပတ်ကြာဈေးနဲ့နှိုင်းယှဉ်ပါက ဒေါ်လာဈေး တန့်နေကာ စင်ကာပူဒေါ်လာဈေးနဲ့ ယန်းဈေး၊ယွမ်ဈေးတွေကလည်းပုံမှန်အတိုင်း‌ေစျးတန့်‌ေနဆဲဖြစ်နေပါတယ်။
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ ဒီဇင်ဘာ၂၆ရက်မှာ ရောင်းဈေး ၃၉၈၀ကျပ်၊ ဝယ်ဈေး ၃၉၃၀ ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၇ကျပ်ကျော်၊ ဝယ်ဈေး ၁၂၄ကျပ် ကျော် ၊ ယွမ်ငွေကရောင်းဈေး၅၆၈ကျပ်၊ ဝယ်ဈေး ၅၅၄ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၄၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၇၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၀၃၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာက‌ဈေးလည်းယခင်တပတ်ကြာဈေးအတိုင်းဖြစ်ပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ ဒီတစ်ပတ်မှာ ပြောင်းလဲထုတ်ပြန်ထားခြင်းမရှိပါဘူး။
 
ဒါ့ကြောင်းစားအုန်းဆီ ပြင်ပဈေးကွက် မှာ ယခင်တစ်ပတ်ကထုတ်ပြန်ခဲ့တဲ့ ဆီတစ်ပိဿာ ၆၀၅၀ကျပ်ဈေးကိုအခြေခံကာ တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
 
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
ဆန်ဈေး
 
ဆန်ဈေးနှုန်းတွေကတော့ ယခုလဟာ စပါးပေါ်ချိန်ကိုရောက်ရှိ‌ နေဆဲ ဖြစ်တဲ့အတွက် ကုန်သည်တွေက ဆန်ဈေးအကျကိုမျှော်လင့်ကြပေမယ့် ဆန်ဈေးမကျသလို စပါးဈေးဟာလည်း တင်း၁၀၀ကို ငွေကျပ်၁၁သိန်းပေါက်ဈေးပဲရှိကာ ရွာတွေမှာ စပါးဝယ်ယူသူမရှိပဲဖြစ်နေတယ်လို့လယ်သမား‌ေတွရဲ့‌ ပြောဆိုချက်အရသိရပါတယ်။
 
ဒါကြောင့် ဆန်ဈေးကပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
 
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဟာ ဒီကာလအတွင်းမှာ ကုန်ချိန်အသစ်ပေါ်တဲ့အချိန်ဖြစ်လာလို့ ၂၅ပိဿာ တစ်အိတ်ကို ငွေကျပ် ၁၅၀၀၀ လောက်နဲ့ရောင်းချသူတွေရှိလာကာ ကြက်သွန်နီ လက်က္ကားဒိုင်ကြီးတွေမှာတော့ တစ်ပိဿာ ၅၅၀ နဲ့၃၅၀၀ကျပ်ကြားဈေးတွေရှိကာ ဈေးပြန်ကျလာရာ ရပ်ကွက်ဈေးထဲတော့ အရင်ထက်ဈေးပိုပိုသာသာကျမလာသေးပဲ တစ်ပိဿ ၃၀၀၀ ကျပ်နှုန်းကနေ ၄၀၀၀ကျပ်ကြားဈေးတွေရှိနေပါတယ်။
 
ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၇၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊ လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊ လက်ဖက်ခြောက်တစ်ပိဿာ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
 
ကြက်သားအရသာဟင်းခတ်မှုန့်၊ အချိုမှုန့် ၊ခရုဆီ၊ပဲငံပြာရည်၊ ငရုတ်ကောင်းစတဲ့ ကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
 
ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ ၇၀၀ကျပ်ပဲရှိရာကနေယခုအခါ ၁ ထုပ်ကိုငွေ ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ ၁၂၀၀ ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
 
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ပုံမှန်အတိုင်း ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၀၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
 
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးမှာလည်း၅၀၀ကျပ်အနည်းဆုံးဝယ်လို့ရနေကာ ၁၀သားကို ငွေကျပ်၁၂၀၀နဲ့ရောင်းပေးပြီး မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊
ရှမ်းနံနံစတာတွေကတော့ ၁၀၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရတာဖြစ်ပါတယ်။
 
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ‌၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်‌ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
 
ဆေးနဲ့ဆေးပစ္စည်း ဈေးတွေကတော့ တက်နေဆဲဖြစ်သလို သုံးစွဲသူတွေအနေနဲ့ မူလသုံးနေတဲ့ဆေးအမျိုးအစားနေရာမှာ အလားတူ၊အာနိသင်တူဆေးဝါးအမျိုးအစားတွေကိုပဲ အစားထိုးသုံးစွဲလာနေရကာ သွေးကျဆေး၊ ဆီးချိုဆေး နဲ့ အာရုံကြောဆေးအချို့ မူလတံဆိပ်အတိုင်းမရတော့ပဲ ဖြစ်နေတယ်လို့ သုံးစွဲသူအချို့ထံကသိရပြီးဆေးဈေးတွေကတော့ ဈေးသက်သာမှုရှိမနေဘူးလို့သိရပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026
Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026