၂၀၂၆ ခုနှစ်ဇန်နဝါရီလအတွင်းမှာ ပြည်တွင်းရွှေဈေးဟာ မကြုံစဖူး သိန်း၁၂၀နားနီးပါးအထိ အမြင့်ဆုံးတက်ခဲ့ရာ ရွှေဈေးတက်မှုနဲ့အတူ ဖြစ်ပွားလာတဲ့ ကုန်ဈေးနှုန်းအချို့မြင့်တက်မှုတွေလည်း ကြုံတွေ့လာရပါတယ်။
" ရွှေဈေးသိန်း ၁၁၈သိန်းအထိ အများဆုံးမြင့်တက်တဲ့အချိန်မှာ ပြည်တွင်းရွှေဈေးကွက် အတွင်းက ရွှေဆိုင်တွေ အရောင်းအဝယ် ရပ်တန့် နေကာ ဝယ်သူရော၊ရောင်းသူပါ ဈေးကွက်အခြေအနေကိုစောင့်ကြည့်နေတဲ့ အနေအထားပါ"လို့ ရွှေကုန်သည်တယောက်ကပြောပါတယ်။
လက်ရှိ ရွှေဈေးကတော့ ဇန်နဝါရီ၂၉ရက်က ၁ကျပ်သား ကို ၁၁၈သိန်းပေါက်ဈေးရှိရာကနေ ဇန်နဝါရီ ၃၀ရက်မှာတော့ ငွေကျပ်၆သိန်းေကျာ်ခန့်ထပ်မံကျဆင်းလာကာ ၁ကျပ်သား ကို ၁၁၁သိန်း ပေါက်ဈေးနဲ့အရောင်အဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ရွှေဈေးကြောင့် ကုန်ဈေးနှုန်းအချို့လည်း ရိုက်ခက်မှုရှိခဲ့ရာ ရွှေဈေးသိန်းရာကျော်မှာ ဆန်ဈေးအမြင့်ဆုံးတစ်ပြည်၉၅၀၀ကျပ်ကနေ အနိမ့်ဆုံး၃၅၀၀ကျပ်အထိဖြစ်လာနေတာပါ။ဒီဈေးဟာ ယခင်ကထက်တော့ အနည်းငယ်ဈေးတက်လာတာဖြစ်ပြီးအခြားကုန်စည်အချို့လည်း ဈေးတက်တာတွေရှိနေတယ်လို့လည်းသိရပါတယ်။
ဒါကြောင့်ဇန်နဝါရီ၂၄ရက်ကေန ၃၀ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေအမျိုးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။
စက်သုံးဆီဈေးနှုန်း
ဇန်နဝါရီ၃၀ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၃၀၅ကျပ် ၊ ၉၅ တစ်လီတာ ၂၃၆၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၂၈၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၆၁ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ ဇန်နဝါရီ၂၉ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၃၂၅ကျပ်၊ ၉၅ တစ်လီတာ ၂၃၆၁ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၂၈၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၅၉၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၂၀ကျပ်နှုန်း ဈေးကျကာဒီဇယ်ဈေးက တော့၅ကျပ်နှုန်းဈေးတက်ပါတယ်။
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည် ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
ရွှေဈေးနှုန်း
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက ဒီကနေ့မှာ ကျပ် ၆၁,၀၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင်တစ်ပတ်ကသတ်မှတ်ဈေး ကျပ်၆၀,၀၀၀၀၀ ကျပ် ထက်တော့ ငွေကျပ်၁သောင်းနှုန်း ပိုလာတာလည်းဖြစ်ပါတယ်။
ရွှေ ပြင်ပပေါက်ဈေးအေနနဲ့ကေတာ့ ၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ယခုတစ်ပတ်အတွင်း သိန်း၁၁၁သိန်းကျပ်ဈေးအထိဖြစ်လာကာ စံချိန်တင်ဈေးမြင့်လာပါတယ်။
ငွေဈေးနှုန်း
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ယခင်တစ်ပတ်ကြာဈေးနဲ့နှိုင်းယှဉ်ပါက ဒေါ်လာဈေး တန်းက အနည်းငယ်ပြန်ကျလာနေပါတယ်။
အမေရိကန်ဒေါ်လာ၁ ဒေါ်လာဈေးက ဇန်နဝါရီ၃၀ရက်မှာ ရောင်းဈေး ၃၉၄၅ကျပ်၊ ဝယ်ဈေး ၄၀၂၅ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၇ကျပ်ကျော်၊ ဝယ်ဈေး ၁၂၅ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၆၈ကျပ်၊ ဝယ်ဈေး ၅၇၃ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၄၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၁၁၅ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၁၇၅ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ ဒေါ်လာဟာယခင်တပတ်ကြာဈေးထက် တော့အနည်းငယ်ပြန်တက်လာတာပဲဖြစ်ပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ စားအုန်းဆီ၁ပိဿာကို ၆၁၅၀ကျပ်ဈေးသတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ကြာက ဈေးသတ်မှတ်ချက်အတိုင်းမပြောင်းလဲပဲရှိနေပါတယ်။
ပြင်ပဈေးကွက်မှာတော့ ဆီအသင်းသတ်မှတ်ဈေးတစ်ပိဿာကို ၆၁၅၀ကျပ်နှုန်းနဲ့ပဲ အခြေခံကာတစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေး
ဆန်ဈေးနှုန်းတွေကတော့ ပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည်
၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
" ကုန်ဈေးနှုန်းက အကျမရှိဘူး အခုဆိုအရင်က တစ်ထောင်တန်ပစ္စည်းကအနည်းဆုံး၁၅၀၀ကျပ်လောက်ဈေးတက်လာတယ်၊ ရောင်းတဲ့သူတွေကို မေးရင် ရွှေဈေးတောင်သိန်း၁၀၀ကျော်ပြီ သူတို့ရောင်းတဲ့ပစ္စည်းလည်းဈေးတက်လာတာပေါ့ဆိုပြီးပြောတာတွေရှိလာတယ်။ရွှေဈေးတက်တာဟာလည်း ကုန်ဈေးနှုန်းကြီးဖို့ဂယက်တစ်ခုလိုဖြစ်နေပါတယ်"လို့ ရန်ကုန်နေပြည်သူတယောက်ကပြောပါတယ်။
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဟာ ဒီကာလအတွင်းမှာ ကုန်ချိန်အသစ်ပေါ်တဲ့အချိန်ဖြစ်လာလို့ ဈေးကျလာပေမယ့် ယခင်တစ်ပတ်ကြာဈေးအရ ကြက်သွန်နီ အလုံးသေးတစ်ပိဿာ ငွေကျပ်၁၀၀၀ ဈေးကနေ ၄၀၀ကျပ်ဈေးပိုလာကာ တစ်ပိဿကို ကြက်သွန်အလုံးသေး၁၄၀၀ကျပ်ဈေးဖြစ်လာသလို အခြားကြက်သွန်နီအရွယ်အစားတွေအနေနဲ့လည်း တစ်ပိဿာ၁၅၀၀ကျပ် မှ ၂၅၀၀ကျပ်အထိဈေးအများဆုံးဈေးကွက်ဖြစ်နေကြောင်းသိရပါတယ်။
ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၇၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
ကြက်သားအရသာဟင်းခတ်မှုန့်၊ အချိုမှုန့် ၊ခရုဆီ၊ပဲငံပြာရည်၊ ငရုတ်ကောင်းစတဲ့ ကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါဆထုပ်ကိုငွေ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၂၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၄၀၀၀ကနေ၁၇၀၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်ထက်၅၀ကျပ်လောက်ခုန်တက်လာရာအရင် ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ်ဈေးမှကြက်ဥတစ်လုံး၅၀၀ကျပ်ကနေ၆၀၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၅၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးက တော့အနည်းဆုံး၁၀၀၀ကျပ်နဲ့ဝယ်လို့ရနေကာ မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၁၀၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပြီး ဆောင်းသီးနှံထဲဈေးပေါလာတာကတော့ယခင် ပြောင်းဖူး၁ဖူးကိုငွေကျပ်၁၀၀၀မှ၁၅၀၀ဈေးကနေ ယခု ၁ဖူးကို ငွေကျပ်၅၀၀ကနေ၁၀၀၀ ဈေးဖြစ်လာလို့ ငွေ၅၀၀ကျပ်လောက်အရင်ထက်ဈေးအနည်းငယ်လျော့လာသလို ဂေါ်ဖီပန်း၊မုန့်ညှင်း၊မုန်လာဈေးများလည်းအရင်ထက် ဈေးနည်းနည်းစီကျဆင်းလာပါတယ်။
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
ဆေးနဲ့ဆေးပစ္စည်း ဈေးတွေကတော့ တက်နေဆဲဖြစ်သလို သုံးစွဲသူတွေအနေနဲ့ မူလသုံးနေတဲ့ဆေးအမျိုးအစားနေရာမှာ အလားတူ၊အာနိသင်တူဆေးဝါးအမျိုးအစားတွေကိုပဲ အစားထိုးသုံးစွဲရတာတွေများလာကြောင်းသိရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။









