NEWS

ရွှေဈေးနှင်အတူ ကြက်ဥဈေးပါ အပြောင်းအလဲ ဖြစ်

CoverLogo
517 Views
ရွှေဈေးနှင်အတူ ကြက်ဥဈေးပါ အပြောင်းအလဲ ဖြစ်
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
 
ဧပြီ ၂၇ ၊ ၂၀၂၅
ပြီးခဲ့တဲ့ ရက်အတွင်း ရွှေဈေး၊ ငွေလွှဲဈေး၊ စက်သုံးဆီဈေးနှုန်းနဲ့ လူတန်းစားမျိုးစုံ စားသုံးတဲ့ ကြက်ဥဈေးတွေအပြောင်းလဲ ဖြစ်လာပါတယ်။ ဧပြီ ၂၂ ရက်ကနေ ဧပြီ ၂၇ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 

စက်သုံးဆီဈေးနှုန်း

ဧပြီ ၂၇ရက်နေ့ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ဈေးနှု န်းတွေက ၉၂တစ်လီတာ ၂၈၀၅ကျပ် ၊ ၉၅ တစ်လီတာ ၂၈၆၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၁၀ ကျပ်ဖြစ်ပြီး အဲဒီမတိုင်မီ စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၇၄၀ကျပ်၊ ၉၅ တစ်လီတာ ၂၈၀၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၉၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၉၆၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေး ပြန်လည် မြင့်တက်လာတာတွေ့ရပါတယ်။
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကနေ ၃၂၀၀ကျပ်ကြား ရောင်းချတာကို တွေ့ရပါတယ်။
ရွှေဈေးနှုန်း
ရက်သတ္တပတ်အတွင်း ပြည်ပရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်တာကြောင့် ပြည်တွင်း ရွှေဈေးနှုန်းဟာ တကျပ်သား ၇၅သိန်းကျော်အထိမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ ဒီကနေ့အထိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းကတော့ ကျပ် ၅၆ သိန်း ဝန်းကျင်သာ ဖြစ်ပါတယ်။
ပြင်ပရွှေဈေးကွက်အတွင်း ဧပြီ ၂၀ရက်ကစလို့ အတက်ဈေးဖြစ်လာခဲ့ပြီး ဧပြီ ၂၂ရက်နေ့မှာ အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်၇၅သိန်းကျော်တဲ့အထိမြင့်တက်လာခဲ့ပြီး ဧပြီ ၂၃ရက်ကနေစလို့ ဒီကနေ့ ၂၇ရက်အထိ ၇၄သိန်းကျော်မှာပဲ ဆက်ရှိ နေပါတယ်။
 

ငွေဈေးနှုန်း

အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေဟာ အပြောင်းလဲ ကြီးကြီးမားမား မရှိခဲ့ပေမဲ့ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ ငွေလွှဲဈေးနှုန်းတွေကတော့ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ဒါက ကမ္ဘာရွှေဈေး အပြောင်းအလဲရဲ့ သက်ရောက်မှုကြောင့်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ချက်တွေ ရှိနေပေမယ့် ပြည်တွင်း ဒေါ်လာဈေးနှုန်းတွေက ငြိမ်သက်နေတာကို တွေ့ရပါတယ်။
 
ဧပြီ ၂၂ရက်ကနေစလို့ ဧပြီ၂၇ရက်အထိ တစ်ပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှုန်းဖြင့် ယခင်သတ်မှတ်ဈေးအတိုင်းသာ ဆက်လက်ဈေးငြိမ်နေတာပဲဖြစ်ပါတယ်။ ထိုင်းဘတ်ငွေကတော့ ဧပြီလ ၂၂ ရက် ရောင်းဈေး ၁၃၃ ဘတ်ကျော်၊ ဝယ်ဈေး ၁၃၀ ကျော် ရှိခဲ့ပေမဲ့ ဧပြီး ၂၇ ရက် မှာ ဝယ်ဈေး ၁၂၈ ကဘတ် ကျော်၊ ရောင်းဈေး ၁၃၂ ဘတ်ကျော် အထိ ရှိနေပါတယ်။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကို ၃၃၂၀ အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိမှာတော့ အကျဘက်ကို ဦးတည်ပြီး ၃၂၉၀ မှာ ငြိမ်သက်နေတာကိုတွေ့ရပါတယ်။
 

အခြေခံစားသောက်ကုန်ဈေးနှုန်းများ

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၇၂၀၀ ကျပ်အဖြစ် သတ်မှတ်ရောင်းချနေတာဖြစ်ပြီး ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ အထိ ဝယ်ယူသုံးစွဲနေရတယ်လို့ အိမ်ရှင်မတွေက ပြောဆိုပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၇၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။ အခြေခံ အလုပ်သမားတွေနဲ့အများစုဝယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့ တောင်ပျံရှယ်ဝယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ ရောနှော စားသုံးကြတယ်လို့ သိရပါတယ်။
 
ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေဟာလည်း လတ်တလော အတက်ဈေးနဲ့ အပြောင်းအလဲ မရှိဘဲ အခြေခံစားသောက်ကုန်တွေထဲက သိသိသာသာမြင့်တက်လာတာက ကြက်ဥ ဈေးနှုန်းတွေ ဖြစ်ပါတယ်။ လက်ရှိ ကြက်ဥတစ်လုံးကို အရွယ်အစားအလိုက် ၄၅၀၊ ၅၀၀ကျပ် အထိ မြင့်တက်လာပြီး ဘဲဥတစ်လုံးကို ကျပ် ၇၀၀ အထိရောက်ရှိနေပါတယ်။ အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀ ကနေ ၃၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၀၀၀၀ အထိ ဈေးနှုန်းတွေ ဖြစ်ပေါ်နေတာပါ။
 
အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၃၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၅၀၀၀၊ ဝက်သား ၁ ပိဿာ ၃၅၀၀၀ ကျပ်နဲ့ငါးတစ်ပိဿာလျှင် ၂၅၀၀၀ ကနေ ၃၅၀၀၀အထိ ရှိနေပြီး ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါးအနည်းဆုံးကျပ် ၁၀၀၀၀ ကျပ်ဖိုး ဝယ်ယူပေးရတယ်လို့ အိမ်ရှင်မတချို့က ပြောပါတယ်။
 
ဆေးပစ္စည်းဈေးနှုန်းတွေကတော ပါရာစီတမော တစ်ကတ် ၁၇၀၀ ကနေ တခြားအကိုက်အခဲ ပျောက်ဆေးတွေက ဆေးအမျိုးအစားလိုက် တစ်ကဒ် ၃၀၀၀ ကျော် အထိ ဈေးနှုန်းရှိနေပြီး အမူးပြေဆေး ၂၇၀၀၊ သွေးပေါင်ကျဆေးတစ်ကတ် ၃၂၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၇၀၀ အထိ ပေါက်ဈေးရှိနေတာကို တွေ့ထားပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026
Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026