NEWS

ရွှေဆိုင်များနေ့စဉ်ဖွင့်လှစ်ရောင်းချရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန် ရွှေအသင်း အသိပေး

CoverLogo
222 Views

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းမှ ရွှေဆိုင်များနေ့စဉ်ဖွင့်လှစ်ကာ အရောင်းအဝယ်ပြုလုပ်ရန် ရောင်းချရာတွင်လည်း သတ်မှတ်ဈေးနှုန်းအတိုင်းသာရောင်းချရန် ဇွန် ၅ ရက်မှာ အသိပေးလိုက်ပါတယ်။

အသင်းအနေနဲ့လည်း ရောင်းချရမယ့် ရွှေဈေးနှုန်းကို တနေ့ ၃ ကြိမ် ထုတ်ပြန်ပေးလျှက်ရှိပြီး လာရောက်စစ်ဆေးသည့်အခါတွင်င ညွှန်ကြားချက်များလိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တွေကို အသိပေးထားတာပါ။

ဒီကနေ့ နေ့လည် ၁၂ နာရီ အချိန် ထုတ်ပြန်ထားတဲ့ ပေါက်ဈေးအနေနဲ့ ၁၆ ပဲရည် အခေါက်ရွှေ တကျပ်သားလျင် ၄,၈၁၅,၀၀၀ ( ၄၈ သိန်း ၁ သောင်း ၅ ထောင်) ကျပ် အဖြစ်သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်က  ရွှေဈေးနှုန်းအနေနဲ့တော့ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ပြင်ပပေါက်စျေး ကျပ် ၅၈ သိန်း ဝန်းကျင် အထိစျေးပေါက်ခဲ့ပြီး စံချိန်တင် ရွှေဈေးမြင့်တက်အောင် လုပ်ဆောင်တယ်လို့ဆိုကာ ရွှေ ဆိုင်ပိုင်ရှင်တွေ နဲ့ ကုန်သည် ၂၁ ဦးကိုဖမ်းဆီးခဲ့ပြီး  နာမည်ကြီးရွှေဆိုင်ပိုင်ရှင်နဲ့ ကုန်သည်တွေအပါ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

 


Related posts

Cover
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူအများဆုံးနိုင်ငံဖြစ်လာ
Nov 22, 2024
Cover
စားအုန်းဆီပြင်ပပေါက်ဈေးတစ်ပိဿာ ကျပ် (၁၅၀၀၀) အထိရောင်းချနေ
Nov 20, 2024
Cover
ကုန်ဈေးနှုန်းကြောင့် ထောင်ဝင်စာ​ပေးပို့သူ​တွေအခက်​တွေ့
Nov 18, 2024
Cover
စမတ်ကတ် အတုပြုလုပ်ကာ ပတ်စပို့လျှောက်ထားပေးသူ ၂၀ ကျော်ဖမ်းဆီးခံရ
Nov 17, 2024
Cover
တန်​ဆောင်မုန်း လပြည့်ည ရန်ကုန်မှာ ပံ့သကူ​​ကောက်သူများ​နေ
Nov 15, 2024
Cover
တရုတ်ကန့်သတ်ချက်ကြောင့် ပြည်တွင်းကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာ
Nov 15, 2024
Cover
တနင်္သာရီတိုင်းမှာ တလအတွင်းပြည်သူ ၁၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး စစ်ရှောင်ပြည်သူ ၆ သောင်း ကျော်အထိ ရှိနေ
Nov 14, 2024
Cover
လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် EPC ဝန်ထမ်းအချို့ ငွေကြေးတောင်းခံပြီး ဓါတ်အားခ လျော့နည်းအောင် အကြံဖန်ပြုလုပ်တာ ပေါ်​ပေါက်လို့ တိမ်း​ရှောင်​နေရတယ်လို့ သတင်းထွက်နေ
Nov 13, 2024