NEWS

ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ

CoverLogo
757 Views
 
ရွှေဆိုင်တွေနဲ့ အွန်လိုင်းက တစ်ဆင့် ရွှေရောင်းဝယ်ခြင်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ရွှေဆိုင်နဲ့ပတ်သက်တဲ့ လုပ်ငန်းလိုင်စင် ၄ မျိုးကို ပြုလုပ်ထားရန်လိုအပ်ပြီး လိုင်စင်မရှိကြောင်းစစ်‌ ဆေးပေါ်ပေါက်ပါက အရေးယူတော့မှာဖြစ်ကြောင်း ဒီကနေ့မှာ ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်အသိပေးပါတယ်။
 
ရွှေလုပ်ငန်း လုပ်ကိုင်သူတွေဟာ ဓာတ်သတ္ထုရွှေ ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကထုတ်ပေးတဲ့လုပ်ငန်းလိုင်စင်၊ အဖိုးတန်သတ္ထုရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်နဲ့ ကုန်စည်ထုတ်သူ (သို့မဟုတ်)ဝန်ဆောင်မှု ဆောင်ရွက်သူများကိုထုတ်ပေးတဲ့ လုပ်ငန်းမှတ်ပုံတင် လက်မှတ် စတဲ့ လိုင်စင်အမျိုးအစား၄ခုကို လျှောက်ထားဖို့လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် အွန်လိုင်းမှ ရွှေရောင်းဝယ်သူများ အနေနဲ့ ငွေစုစာအုပ်နဲ့ရွှေရောင်းခြင်း၊ တာလီစနစ်နဲ့ရွှေရောင်းခြင်း၊ ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများမပြုလုပ်ဖို့လည်း အသိပေးထားပါတယ်။
 
လက်ရှိပြည်တွင်းဈေးကွက်မှာတော့ယခု ဇွန်လက စတင်ကာ ရွှေဈေး အမြင့်ဈေးနဲအတက်အကျ ဖြစ်နေရာ ပြင်ပရွှေပေါက်ဈေးနှုန်းမှာ ၇၉ သိန်းအထိ ဈေးအမြင့်ဆုံးနဲ့ ဈေးတက်နေတယ်လို့ဆိုပါတယ်။
 
" ရွှေဈေးက သိန်း၈၀ ပြည့်ဖို့ ၁သောင်းပဲလိုတော့တယ်။ ပြန်တက်ပြီးရင်လည်း ပြန်ကျဖို့ကအနည်းအကျဉ်းပဲဆိုတော့ ကြပ်တည်းတဲ့ကာလမှာ ရွှေစုတဲ့သူတွေလည်း နည်းသွားပါပြီ၊ ရွှေနဲ့ဒေါ်လာဈေးက ကုန်ဈေးနှုန်းအပေါ်သက်ရောက်မှု ဖြစ်မှာပဲ ပြည်သူတွေအနေနဲ့ စိုးရိမ်မိတာပါပဲ"လို့ ရန်ကုန်မြို့ကအိမ်ရှင်မတစ်ဦးက ပြောပါတယ်။
 
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA အနေနဲ့ အသင်းကသတ်မှတ်တဲ့ ဒီကနေ့ ရွှေစျေးကွက် အဖွင့်ဈေးနှုန်းကတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၈၂၀၀၀၀ ကျပ် ဖြစ်ပြီး ပြင်ပရွှေဈေး ယနေ့ဖြစ်ပေါ်နေတဲ့ ဈေးတွေကတော့ စနစ်ဟောင်းကို (၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး) အခေါက်ရွှေ တကျပ်သားရောင်းဈေး ၇၉၀၀၀၀၀ ကျပ်နဲ့ ဝယ်ဈေး ၇၈၆၀၀၀၀ ကျပ်ရှိနေပါတယ်။
 
၁၅ ပဲရည်တကျပ်သားကိုတော့ ရောင်းဈေး ၇၅၀၀၀၀၀ ကျပ်၊ ဝယ်ဈေး ၇၄၆၀၀၀၀ ကျပ်ရှိနေပြီးပြင်ပရွှေဈေးနှုန်း စနစ်သစ် (၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး) ကတော့ အခေါက်ရွှေ တကျပ်သား ရောင်းဈေး ၇၇၈၀၀၀၀ ကျပ်၊ ဝယ်ဈေး ၇၇၄၀၀၀၀ ကျပ် နဲ့၁၅ ပဲရည် တကျပ်သားကိုတော့ ရောင်းဈေး ၇၃၈၀၀၀၀ ကျပ်နဲ့ ဝယ်ဈေး ၇၃၄၀၀၀၀ ကျပ်ရှိနေကြောင်း သိရပါတယ်။
 
လတ်တလော ရွှေဈေးနှုန်းများ မတည်မငြိမ်ဖြစ်နေမှုအပေါ် ဈေးတည်ငြိမ်စေရန် ရွှေဆိုင်များအနေဖြင့်နေစဉ် ရွှေဆိုင် အားဖွင့်လှစ်ခြင်း သတ်မှတ် ဈေးနှုန်းဖြင့်ရောင်ချခြင်း ၊လိုအပ်တဲ့လိုင်စင်များလည်း လျှောက်ထားဆောင်ရွက်ပေးဖို့အသိပေးထားကာ သက်ဆိုင်ရာဌာနတွေက လာရောက်စစ်ဆေးပါက ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိလျင်ထိရောက်စွာအရေးယူမှာဖြစ်လို့ ပူးပေါင်းဆောင်ရွက် ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က ယနေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
 

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026