NEWS

ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ မှ စပြီး အပိုင်း လိုက် ကျင်းပမည်ဟု စစ်ကော်မရှင် ကြေညာ

CoverLogo
462 Views
 
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်က စပြီး အပိုင်း လိုက်ကျင်းပမယ်လို့ စစ်ကော်မရှင် ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၈ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ ပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နဲ့ နည်းဥပဒေ ၁၆ (က) တို့အရ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပပြုလုပ်မှာဖြစ်ပြီး ဆက်လက်ကျင်းပမယ့် အပိုင်းလိုက် နေ့ရက်​တွေကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
 
ရွေးကောက်ပွဲ ပြုလုပ်မယ့် မဲဆန္ဒနယ်ကိုလည်း တစ်နိုင်ငံလုံးအ တိုင်း အတာဖြင့် ကြေညာထားပြီး စစ်တပ်က လက်လွှတ်ထားရတဲ့ မြို့နယ်တွေ ကိုပါ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပါတယ်။
 
ရွေးကောက်ပွဲတွင် မဲအများဆုံးရသူ အနိုင်ယူစနစ် ((FPTP) စနစ် နဲ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၃၃၀ခု၊ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နဲ့ အချိုးကျကိုယ်စားပြုPRစနစ် နှစ်မျိုး လုံးကျင်းပမယ့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မြေ၁၁၀ခု၊ MMP(Mixed-Member Proportional)ဖြင့် ကျင်းပမယ့် တိုင်းနဲ့ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေ ၃၆၄ ခုနဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ခု တို့ဖြင့် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026