NEWS

ရေနံနဲ့ရေနံထွက်ပစ္စည်းတင်သွင်းမှုလျှော့ချရန် စစ် ကောင်စီပြောဆိုပြီးနောက် စက်သုံးဆီကျပ်နှစ်ထောင်ကျော်အထိ တစ်ရှိန်ထိုးမြင့်တက်လာ

CoverLogo
778 Views

ပြည်ပကနေ ရေနံနဲ့ရေနံထွက်ပစ္စည်း တင်သွင်းမှုတွေကို လျှော့ချဖို့အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောလာချိန်မှာပဲ ရေနံထွက်ပစ္စည်းထဲပါဝင်တဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ သြဂုတ်၁၂ရက်နေ့မှာ ကျပ်ငွေနှစ်ထောင်ကျော်အထိ တစ်ရှိန်ထိုးခုန်တက်လာတာပဲဖြစ်ပါတယ်။

"အရင်ရက်ကတော့ တစ်လီတာကို၁၈၀၀ကျော်ပဲရှိသေးတယ်။  ဒီနေ့ကျတော့တစ်လီတာကို ၂၂၀၀ကျော် ၂၃၀၀ကျော်အထိဖြစ်လာတယ်။ ငါးရာလောက်အထိကို ချက်ချင်းခုန်တက်လာတာပဲ။ ဒါတောင်အလွယ်တ ကူထည့်မရဘူး။ ကျွန်တော်တို့တက်စီသမားတွေဆိုတာ  အတော်လေးကိုခက်ခဲလာတာ။ အရင်ကဆိုအိမ်ကို အတော်လေးပေးနိုင်တယ်။ ခုကဗျာဆီဖိုးနဲ့အုန်နာကြေးရဖို့ကိုက အတော်လေးရှာနေရတယ်။ ပိုတာကအိမ်ကိုအရင်လိုမပေးနိုင်တော့  အိမ်ကလည်းအလောက်အငှမသုံးနိုင်တော့ဘူး။ ဈေးပြန်ကျလာဖို့ပဲမျှော်လင့်ရတာပါပဲ"လို့ အငှားတက်စီယာဉ်မောင်းတစ်ဦးကပြောပါတယ်။

ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရတာကြောင့်  ပြည်ပကနေတင်သွင်းမှုလျှော့ချသွားဖို့လိုအပ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဩဂုတ် ၈ ရက်၊ နေပြည်တော်မှာလုပ်တဲ့  ညှိနှိုင်းမှုအစည်းအဝေးမှာ ပြောဆိုခဲ့ပြီးနောက် ယခုလိုသိသိသာသာတစ်ရှိန်ထိုးမြင့်တက်လာတာပဲဖြစ်ပါတယ်။

အဆိုပါ သြဂုတ်လ ၈ ရက်နေ့က ၉၂ တစ်လီတာဟာ ၁,၈၂၀ ကျပ် ရှိခဲ့ရာက နေယနေ့သြဂုတ်၁၂ရက်နေ့မှာတော့ စက်သုံးဆီဈေး ဓါတ်ဆီ၊ဒီဇယ်ဈေးဟာ ရန်ကုန်ပေါက်ဈေး စက် သုံးဆီ ၉၂ အောက်တိန်းတစ်လီတာကို ကျပ် ၂,၂၄၅၊ ၉၅ အောက်တိန်းတစ်လီတာကို ကျပ် ၂,၃၁၀ ကျပ် နှင့် HSD 500ppm ၂၅၅၀ ကျပ် HSD50ppm ၂၆၂၅ ကျပ် HSD10ppm ၂၆၂၅ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။  

ဒါဟာ စက်သုံးဆီရည်ညွှန််းဈေးဖော်ပြချက်တွေအရ  ပြီးခဲ့တဲ့လေးရက်အတွင်းဆီဈေးနဲ့ယှဉ်လိုက်ရင် တစ်လီတာကို ကျပ်ငါးရာနီးပါးထိ တစ်ရှိန်ထိုးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။

"မနက်ကဆီ၀ယ်ဖို့အစောကြီးသွားပြီးတန်းစီရတယ်။ နောက်ကျမှဆိုရင် ဆီပြတ်သွားပြီမရတော့ဘူးဖြစ်မှာ  ဆိုးလို့။ ဆီကဒီနေ့ပဲကုန်တင် သင်္ဘော
နဲ့၀င်လာဖို့ရှိတယ်လိုကြားရတယ်။ ဒါပေမဲ့ဈေးကျဖို့ပဲမျှော်လင့်တယ်။ တက်နေရင်တော့ အကုန်ဈေးတွေတက်နေမှာပဲ။ ခုတောင်ဈေးထပ်တက်နေမယ်ဆိုရင် ကျောင်းဖယ်ရီခတွေပါ တိုးပြီးတောင်းရတော့မှာ မတတ်နိုင်ဘူး"ဟု ကျောင်းဖယ်ရီကားမောင်းနှင်သူ တစ်ဦးကဆိုပါတယ်။

ရန်ကုန်မှာဆို ဆီဆိုင်တချို့မှာ ၉၅ အောက်တိန်းဆီအမျိုးအစားပြတ်လပ်နေတယ်လို့ကြေညာပြီးအရောင်းရပ်ထားတာမြင်တွေ့ရပါတဲ့အပြင် နယ်မြို့ကြီးတွေမှာဆိုရင်လည်း  စက်သုံးဆီကို အကန့်အသတ်နဲ့ ရောင်းချတာတွေလည်း ရှိနေပါတယ်လို့ ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုပါတယ်။

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026