NEWS

ရန်ကုန် Job Fair မှာ အလုပ်သမားမှတ်ပုံတင် ၂၈၀ ကျော် ထုတ်ပေး

CoverLogo
157 Views
 
ရန်ကုန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) မှာ အလုပ်လာလျှောက်တဲ့ အလုပ်သမားတွေအတွက် အလုပ်သမားမှတ်ပုံတင် ၂၈၃ ခု ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ မြို့နယ်ခန်းမမှာ အောက်တိုဘာ ၂၄ ရက်က ကျင်းပ ပြုလုပ်ခဲ့တာပါ။
 
ပြပွဲမှာ အလုပ်လာရောက် လျှောက်ထားတဲ့သူတွေကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အလုပ်သမား မှတ်ပုံတင်တွေကို One Stop Service နဲ့ ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။
 
အလားတူ ရန်ကုန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) မှာ လုပ်ငန်းအမှာစာ ၁၃၅၂ ခု ရရှိခဲ့တယ်လို့ သိရ ပါတယ်။
 
ရန်ကုန်အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) မှာ ပြည်တွင်းပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေ၊ ကုမ္ပဏီတွေ နဲ့ စက်မှုဇုန်အလိုက် ပြခန်းတွေ ပါဝင်ပြသခဲ့ပါတယ်။
 
ပြည်တွင်း အလုပ်အကိုင် အေဂျင်စီ အနေနဲ့ ပြခန်း (၂၉) ခန်း၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် အနေနဲ့ ပြခန်း (၁၄) ခန်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ် အနေနဲ့ ပြခန်း (၁၁) ခန်း စုစုပေါင်း ပြခန်း (၅၅) ခန်းတို ပါဝင်ပြသခဲ့တယ်လို သိရပါတယ်။
ပြပွဲအခမ်းအနားကို အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ လုပ်ငန်းရှင်တွေနဲ့ အလုပ် အကိုင်ရှာဖွေနေသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025