NEWS

ရန်ကုန်-မန္တလေး အမြန်လမ်းတိုးဂိတ်မှာ ကား ၅ စီးဆင့်တိုက်မှုဖြစ်ပွား  အမျိုးသမီးတစ်ဦးသေဆုံး

CoverLogo
944 Views

ရန်ကုန်-မန္တလေး အမြန်လမ်း တိုးဂိတ်တွင် နိုဝင်ဘာ၃ရက် မနက်အစောပိုင်းမှာ ကားငါးစီးဆင့်တိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ရန်ကုန်-မန္တလေး အမြန်လမ်းကို မနက် ၄နာရီမှ စတင် အသုံးပြုခွင့်ပေးတာဖြစ်ပါတယ်။ 

တိုးဂိတ်ကို ဖြတ်သန်းမောင်းနှင်ခွင့်ရဖို့ ကားတန်းအရှည်ကြီး ဟာ မနက် ၄နာရီမတိုင်ခင် တန်းစီစောင့်တိုင်းနေချိန်မှာ ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ အနောက်ကနေ ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

"မနက်၄နာရီမှဖွင့်မဲ့ ရန်ကုန်အဝင် ဇီးရိုးမိုင်ဂိတ်မှာ စောင့်ပီးတန်းစီနေတဲ့ ကားတန်းကြီးကို အနောက်ကနေဝင်ကြုံးသွားတာ။ ကျနော့်ရှေ့တင်ဖြစ်သွားတာ။ အနောက်ကနေအရှိန်နဲ့ကြုံးတဲ့ ရွှေပွင့်ဖြူကား။ အရှိန်တော်တော်များတော့ ရှေ့ကတန်းစီထားတဲ့ လေးစီးဆင့်တိုက်ခံရပြီ ပေါင်း၅စီးဆင့် Accident ဖြစ်သွားတာ"လို့ ကားတိုက်မှုက မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ 

အရှိန်နဲ့ ကားငါးစီး ဆင့်တိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ အမျိုးသားနှစ်ဦးကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ 

Photo-MFSD

 


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026