NEWS

ရန်ကုန်နှင့် အချို့ဒေသများတွင် မီးပျက်ချိန်များလာပြီး လျှပ်စစ်ဓါတ်အားရရှိမှုလျော့နည်းလာ

CoverLogo
365 Views

ဓာတ်အားလိုင်း ချို့ယွင်းနေ တဲ့ အတွက်   ယနေ့အထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ပို့လွှတ်နိုင်မှု (၄၀၀)မဂ္ဂါဝပ်ခန့် တစ် နေ့လျှင်  လျှပ်စစ်ပမာဏယူနစ်( ၉.၅)သန်းခန့်  လျော့နည်းရရှိနေတယ်လို့ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်၊ ည(၇)နာရီ(၅၄)မိနစ်အချိန်လောက်ကလည်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းကို 230kV    မန်စံ-ရွှေစာရံလိုင်း အမြဲတမ်းအပြစ် Permanent. fault)  ဖြစ်တဲ့ အတွက် တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။

ရန်ကုန်နဲ့ အလားတူပဲ အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း လျှပ်စစ်ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေ ကပြောဆိုထားပါတယ်။

ဓာတ်အားလိုင်း. ချို့ယွင်းနေတဲ့ အတွက်   ယနေ့အထိ နိုင်ငံ တော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များ မှ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ပို့လွှတ်နိုင်မှု. (၄၀၀)မဂ္ဂါဝပ်ခန့် တစ် နေ့လျှင်  လျှပ်စစ်ပမာဏယူနစ်( ၉.၅)သန်းခန့်  လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထား‌ တဲ့  ဓာတ်အားပမာဏထက် ၂၀ရာခိုင်နှုန်းနေ့စဉ်ယူနစ် (၅ဒသမ ၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့တဲ့ အတွက်  အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။

"မီးပျက်တာနွေတုန်းကလည်းနွေမို့လို့ မိုးတွင်းလိုကျပြန်တော့လဲ မျှော်လင့်လို့မရပြန်ဘူး။ မီးမမှန်တော့ နောက်ဆက်တွဲ အလုပ်တွေအကုန်လိုက်ပြီး နှောင့်နှေးကုန်တယ်။ အခြေအနေက တော်တော်ကို ဆိုးနေပြီ လျှပ်စစ်မီးတောင် သေချာမပေးနိုင်တော့ဘူး"လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တွေမှာလည်း သုံးစွဲ၀န်အားထက် လျော့ချပြီး  ဓာတ်အားဖြန့်ဖြူးနေရပါကြောင်း၊ အရေးပေါ်၀န်အား  ထိန်းညှိ‌မှုဆောင်ရွက်ရခြတာတွေ ကြောင့်.   မြို့နယ်အချို့ မှာ ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို့ စစ်ကော်မရှင်ရဲ့ UEC ဖိတ်ခေါ်
Oct 01, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား
Sep 24, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025
Cover
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို
Sep 22, 2025
Cover
ဒိုက်ဦးနှင့် သာယာ၀တီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများ အရေပြားကူးစက်ရောဂါ ဆိုးရွားစွာခံစားနေရဟုဆို
Sep 17, 2025