NEWS

ရန်ကုန်နှင့်ပဲခူးတွင် ဆေးဝါးအမျိုးစား ၁၀၀၀ ခန့်ကို တိုက်ရိုက်ရောင်းချပေးနေဟုဆို

CoverLogo
224 Views

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကဦးဆောင်ပြီး ရန်ကုန်နှင့် ပဲခူးတို့ တွင် အရောင်းစင်တာ တွေ ဖွင့်လှစ်ပြီး ဆေးဝါးလိုအပ်နေတဲ့ ပြည်သူတွေထံ ဆေးကုမ္ပဏီ တွေ က တိုက်ရိုက်ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၇ ရက် က ပန်းဘဲတန်းမြို့နယ် မှာ ပထမ အရောင်းစင်တာ အဖြစ် ဆေးကုမ္ပဏီ ၇၀ ကျော် က စတင်ရောင်းချပေးခဲ့ပြီး ယနေ့အချိန်ထိ ရောင်းချပေးနေကာ ဒုတိယ အရောင်းစင်တာကို မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံဝင်း အတွင်းနဲ့တတိယအရောင်းစင်တာကို ပဲခူးမြို့ဥဿာသီရိဈေးအပေါ်ဆုံးထပ်တို့မှာ ဇူလိူင်၂၉မှ ဩဂုတ် ၃ရက်အထိ နံနက်၉နာရီ မှ ညနေ ၄နာရီ အထိ ရောင်းချပေးနေတယ်လို့သိရပါတယ်။

 ""အများပြည်သူဆေးဝါးလိုအပ်ချက်ပေါ်မူတည်ပြီး ဆေးဝါးအရောင်းစင်တာတွေ ထပ်မံတိုးချဲ့ဖို့နဲ့ အခြားသောတိုင်းဒေသကြီးနဲ့ပြည်နယ်တွေ မှာလည်း လိုအပ်ရင်လိုအပ်သလို ဆက်လက်ခင်းကျင်းပြသရောင်းချဖို့ ရှိပါတယ်"လို့  မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အနေနဲ့ ဆေးကုမ္ပဏီတွေအား  မိမိတို့ ဆေးသိုလှောင်ရုံ မှာရှိတဲ့ ဆေးဝါးတွေကို အများပြည်သူကျန်းမာရေး ရှေးရူပြီး ဆေးဝါးအားလုံးရောင်းချပေးဖို့ တိုက်တွန်းနှိုးဆော်ထားကာ ပြင်ပတွင် ဆေးဝါးပြတ်လပ်မှု ရှိခဲ့ပါက ဖွင့်လှစ်ထားတဲ့ ဆေးဝါးအရောင်းစင်တာတွေ မှာ သတ်မှတ်ထားတဲ့ အချိန် အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း ဆေးဝါးကုမ္ပဏီတွေက ဆေးဝါးအမျိုးစားပေါင်း ၁၀၀၀ ခန့်ကို ရောင်းချပေးလျက် ရှိတယ်လို့ သိရပါတယ်။

 


Related posts

Cover
တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို့ စစ်ကော်မရှင်ရဲ့ UEC ဖိတ်ခေါ်
Oct 01, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား
Sep 24, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025
Cover
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို
Sep 22, 2025
Cover
ဒိုက်ဦးနှင့် သာယာ၀တီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများ အရေပြားကူးစက်ရောဂါ ဆိုးရွားစွာခံစားနေရဟုဆို
Sep 17, 2025