NEWS

ရန်ကုန်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသရသည့် လူနာ ၃၀၀ ကျော်ရှိလာ

CoverLogo
648 Views

ရန်ကုန်တိုင်း အတွင်း မြို့နယ် အချို့မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားတဲ့ အတွက် မြို့နယ်အသီးသီးက ဆေးရုံ တွေ မှာ တက်ရောက်ကုသရတဲ့ လူနာ ၃၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရပါတယ်။ ဇူလိုင်လ (၁၀) ရက် မှာတင် ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် (၁၁၅)ဦး ထပ်တိုးခဲ့ပြီး ၎င်းလူနာထဲ မှပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၂၂ဦးရှိတယ်လို့  ထုတ်ပြန်ချက်အရသိရပါတယ်။

လက်တလောမှာ  သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တွေမှာ  ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေအများစု တွေ့ရှိနေရတာဖြစ်တယ်လို့  လူမှုကူညီရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွား တဲ့ သာကေတနဲ့ဒေါပုံ မြို့နယ် တွေ မှာ အစားသောက် ရောင်းတဲ့လမ်းဘေးဈေးဆိုင်တွေကို ဇူလိုင် ၆ ရက်ကနေ တစ်ပတ်တာ ပိတ်ခိုင်းခဲ့တာကနေ လက်ရှိမှာ ရက်အကန့်သက်မရှိ ပိတ်ခိုင်းထားတယ်လို့ ဒေသခံတွေထံ က သိရပါတယ်။

"အသုပ်ဆိုင် မုန့်ဟင်းခါး ဆိုင်တွေ လမ်းဘေးအစားသောက် ရောင်းတဲ့ ဆိုင်တွေ ဖွင့်လို့ မရသေးဘူး ကြားတယ် ၊ အခုလို စားဝတ်နေရေးကြပ်တည်းနေတဲ့ကာလမှာ  ရောဂါ ဖြစ်လို့ ဆေးကုသစရိတ်တွေကုန်ကျ  တာတမျိုး၊ ဆိုင်ဖွင့်မရလို့ စားဝတ်နေရေးအခက်ခဲ ဖြစ်တာကတမျိုးနဲ့ ပြည်သူတွေ မှာ အခက်ခဲ တွေ ကြီးပဲ  ကိုဗစ် ပထမလှိုင်းတုန်းက ရောဂါကြီး ဖြစ်နေပေမယ့် အစိုးရက အောက်ခြေ လက်လုပ်လက်စားတွေကို ထောက်ပံပေးခဲ့တော့ အနည်းကျဉ်း အဆင်ပြေကြတာပေါ့ အခုအခြေနေ က တော့ဘာမှမျှော်လင့်လို့မရပါဘူး ပြင်ပ အလှူရှင်တွေ လှူမှသာ ရချင်ရမယ် "လို့ ဒေါပုံမြို့နယ် မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား ပြီး ဆေးရုံတက်ကုသရတဲ့ လူနာတွေ ထဲ မှ သက်သာသဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိသူ ၂၁၇ ဦးရှိတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026