NEWS

ရန်ကုန်တွင် ဝမ်းပျက် ဝမ်းလျောရောဂါများ ဖြစ်ပွားမှုများနေ

CoverLogo
482 Views

ရန်ကုန်တိုင်း အတွင်း အချို့မြိုနယ်တွေမှာ ဝမ်းပျက်၊ ဝမ်းလျောရောဂါ ဖြစ်ပွား မှု များနေတယ်လို လူမှုကူညီရေးအသင်းတွေထံကသိရပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေဖြစ်တဲ့ သာကေတ ပုဇွန်တောင် ဗိုလ်တထောင် မြို့နယ်တွေနဲ့ ဆက်ခြေဖုံးရပ်ကွက်အများစုမှာ ဝမ်းပျက်ဝမ်းလျောရောဂါ အဖြစ်များနေတယ်လို့ လူမူကူညီရေးအသင်းတွေထံကသိရ ပါတယ်။

သာကေတမြို့နယ် ရှိ ရပ်ကွက်အချို့မှာ  ဝမ်းပျက်၊ ဝမ်းလျောခြင်း များ  ဖြစ်ပွားလျက်ရှိရာ ကူးစက်သူဦးရေ များပြားလာ တဲ့ အတွက်ကျန်းမာရေးဦးစီးဌာနနဲ့  မြို့နယ် တာဝန်ရှိသူ  ဝင်ရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

"ဝမ်းရောဂါ တွေ အဖြစ်များလို မနေ့က ကျန်းမာရေးဌာနရယ် လူမှုကူညီရေးအသင်း တွေရယ် ရပ်ကွက်တွေ ထဲ လိုက် ကြည့်တယ်၊ ဇူလိုင်၆ရက်နေ့မှာ ရပ်ကွက်ထဲ ကလိုရင်းဆေးဖြန်းမယ်လို သိရတယ်။ မုန့်ဟင်းခါးဆိုင်တွေ အသုတ်ဆိုင်တွေ ကို ဇူလိူင် ၁၂ရက်အထိပိတ် ဖို့ ကိုလည်း ည က အသံချဲ့စက်နဲ့ ရပ်ကွက်တွေထဲ ပတ်ပြီး ကြေညာတယ်  ဒီမနက်တော့ ဘယ်ဆိုင်မှ မထွက်ဘူး"လို့ သာကေတမြို့မှာ နေသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် သာကေတမြိုနယ်လူမှုကူညီရေ့းအသင်း မှလည်း သာကေတမြိုနယ်အတွင်း ရပ်ကွက်အချိုတွင် ဝမ်းပျက်၊ဝမ်းလျောခြင်းများ ဖြစ်ပွားလျက်ရှိကာ  ကူးစက်သူဦးရေ များပြားလာတဲ့ အတွက် မိဘပြည်သူအနေ နဲ့  "မဖြစ်ခင်က ကြိုတင်ကာကွယ်" ကြရန်နဲ့  မိမိ လမ်း၊ မိမိ ပတ်ဝန်းကျင်တွေမှာ ဝမ်းပျက်ဝမ်းလျော လူနာများ တွေ့ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ (သိုမဟုတ်) သာကေတမြိုနယ်လူမှုကူညီရေးအဖွဲ ဖုန်းနံပါတ် 09-882513311 (၂၄နာရီ) သို့ဆက်သွယ်အကြောင်းကြားပေးဖို့  မေတ္တာရပ်ခံထားပါတယ်။

လက်ရှိမှာ  ရန်ကုန်အခြေစိုက် ပရဟိတအဖွဲများ၊ ကျန်းမာရေး ကူညီစောင့်ရှောက်နေတဲ့  စေတနာအဖွဲအစည်းတွေ က  ဝမ်းပျက်ဝမ်းလျောရောဂါနှင့်ပတ်သက်ပြီး ပြည်သူများ အထူးသတိပြုကြရေး နှိုးဆော်နေကြတယ်လို့သိရပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026