NEWS

ရန်ကုန်တွင် ဘွဲ့ရသူ စာရင်းကောက်ယူနေ၍ ပြည်သူတွေစိုးရိမ်နေ

CoverLogo
272 Views
 
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ မြို့နယ် အချို့မှာ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက ဘွဲ့ရရှိထားသူ စာရင်းတွေ လိုက်လံ ကောက်ယူနေတယ်လို့ ပြည်သူတွေနဲ့ Rangoon Scout Network -RSNထံမှ သိရပါတယ်။
 
ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာထဲ မှာ ဆရာဝန်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ဥပဒေဘွဲ့၊ ရေကြောင်းဘွဲ့ စတဲ့ အသက်မွေးဝမ်းကြောင်းဘွဲ့တွေယူထားသူများရှိပါက စာရင်းလာပေးဖို့ အုပ်ချုပ်ရေးမှုးအဖွဲ့က အော်လံဖြင့် လိုက်အော်နေတယ်လို့RSNထံမှ သိရပါတယ်။
 
အလားတူ အရှေ့ဒဂုံမြို့နယ်၊ပုဇွန်တောင် မြို့နယ်၊မင်္ဂလာတောင်ညွန့်တို့မှာလည်း ဘွဲ့ရသူ စာရင်း လိုက်လံ ကောက်ယူ နေတယ်လို့ သိရပါတယ်။
 
"ဘာလုပ်ဖို့ လည်း တော့ သေချာမသိဘူး မင်္ဂလာတောင်ညွန့် ကန်တော်လေး ဘက်မှာလည်း ဘွဲ့ရစာရင်းတွေ လာပေးဖို့ အုပ်ချုပ်ရေး အဖွဲ့တွေက လိုက်အော်တယ် ရပ်ကွက်နေသူတွေ လည်း သူတို့ တစ်ခုခု လုပ်မှာစိုးရိမ်လို့ သွားမပေးကျတာ များတယ် "လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း လုပ်သားဦးရေ အများဆုံးရှိတဲ့ လှိုင်သာယာ မြို့နယ် အတွင်း က ရပ်ကွက်တိုင်းလိုလိုရှိ ရပ်ကျေးတွေဟာ တအိမ်တက်ဆင်း ကာ ဘွဲ့ရအရေအတွက်နဲ့ ဘွဲ့ရတဲ့ခုနှစ် စာရင်း တွေလိုက်ကောက်နေသလို ရရှိတဲ့ ဘွဲ့နဲ့ လက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်တွေပါ ထပ်မံတောင်းသွားတယ်လို့ HTY Scout အဖွဲ့ က အသိပေးထားပါတယ်။
 
"မနေ့ညက အဆောင်မှာ ဘွဲ့ရစာရင်း တွေ လာကောက်သွားတယ် ၂၀၁၅ခုနှစ်ကနေ ၂၀၂၅ခု နှစ် အတွင်း ရတဲ့ သူတွေကို အဓိက ထားကောက်တာ ယောက်ျားလေး ရော မိန်းကလေးရော ဘာလုပ်ဖို့ လည်း မေးတော့လည်း သေချာ ရေရာ မရှင်းပြဘူး""လို့လှိုင်သာယာမြို့နယ်မှ ပြည်သူတစ်ဦးကပြောပါတယ်။
 
အခုလို ဘွဲ့ရထားတဲ့ အမျိုးသား ၊အမျိုးသမီးတွေရဲ့ စာရင်းကောက်ယူနေတဲ့ အပေါ် ပြည်သူအများပြား စိုးရိမ် မှု တွေ ဖြစ်ပေါ်နေကျပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းမှာကို စိုးရိမ်ရတယ်လို့ ပြည်သူတွေကပြောပါတယ်။
 
"သူတို့ ဘာတွေ ကြံစည်နေတယ် မသိရဘူး သူတို့က ပြည်သူ အတွက် လုပ်တာမဟုတ်ဘူး ပြည်သူကို ဘယ်လို ဒုက္ခတွေပေးရမလဲ အမျိုးမျိုး လုပ်နေသူတွေ ရွေးကောက်ပွဲ အကြောင်းပြပြီး နေထိုင်သူစာရင်းတွေ ခဏခဏ လာကောက်တယ် အခု ထပ်ပြီး အတန်းပညာ ဘွဲ့ရ သူစာရင်းကောက် ပြန်ပြီ "လို့ ပြည်သူတစ်ဦးကပြောပါတယ်။
 
စစ်တပ်မှ အာဏာသိမ်း ပြီး နောက်ပိုင်း စစ်မှုထမ်းဥပဒေ ပြဌာန်း ကာ ပြည်တွင်းရှိ အသက်၁၈နှစ်မှ၃၅ နှစ် အတွင်းရှိ လူငယ်တွေကိုဥပဒေ အကြောင်းပြကာ စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ယူတာတွေ ငွေညှစ်တောင်းဆိုတာတွေ လူငယ်တွေ ကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးခြင်းတို့ကြောင့် ပြည်တွင်းမှာ လူငယ်အများစု မနေရဲတော့ဘဲ ပြည်ပ နိုင်ငံ တွေကို ရသလို ထွက်ခွာနေကျရပြီး လက်ရှိမှာ ဘွဲ့ရသူ စာရင်းတွေပါ လိုက်လံ ကောက်ယူနေတဲ့ အတွက် ပြည်သူတွေ စိုးရိမ်သောက ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026